Monday, January 28, 2019

တိုက်ပွဲဖြစ်ခဲ့တဲ့ ရသေ့တောင်မှာ ရွှေငွေလက်ဝတ် ရတနာတွေ ပျောက်ဆုံးခဲ့တယ်လို့ ရွာသားတွေ တိုင်ကြား

BBC
၂၈ ဇန်နဝါရီ ၂၀၁၉
ဇန်နဝါရီလ ၂၇ ရက်နေ့က ရသေ့တောင်မြို့နယ်၊ သမီးလှရွာသစ်အနီးမှာ တိုက်ပွဲအပြီး လုံခြုံရေးတပ်ဖွဲ့ဝင် တွေက ရွာသားတွေကို စာသင်ကျောင်းမှာစုထားပြီး တစ်အိမ်တက်ဆင်း ရှာဖွေမှုတွေ ပြုလုပ်ခဲ့ရာမှာ နေအိမ် ၆၄ အိမ်က ရွှေတွေအပြင် ငွေကြေးတချို့ ပျောက်ဆုံးခဲ့တယ်လို့ အဲ့ဒီကျေးရွာသားတွေက ပြောပါတယ်။
ရွာသားတစ်ဦးဖြစ်တဲ့ ဦးသန်းမောင်ထွန်းက လုံခြုံရေးတပ်ဖွဲ့ဝင်တွေ သူ့အိမ်ပေါ်တက်ရှာစဉ်မှာ ရွှေ ၆ ကျပ် သား နဲ့ ပိုက်ဆံ ၂ သိန်း ပါသွားတယ်လို့ ပြောပါတယ်။

 ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ကတော့ ဒီကိစ္စကိ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အထိ တိုင်ကြားသွားမယ်လို့ ပြောပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ခံ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ 'ဒီကိစ္စနဲ့ ပတ်သက်ပြီး တိုင်ကြားလာမယ်ဆိုရင်တော့ တပ်မတော် လုပ်ထုံးလုပ်နည်းနဲ့အညီ စီစစ်သွားမယ်' လို့ ဘီဘီစီကို ပြောပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */