" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, January 28, 2019

ရခိုင်စုံစမ်းရေး ကော်မရှင် ဥက္ကဌ မြန်မာနိုင်ငံ ရောက်ရှိ

                                                                     ရခိုင်စုံစမ်းရေး ကော်မရှင်ဥက္ကဌ မြန်မာနိုင်ငံရောက်ရှိ (MOI)

ရခိုင်အရေး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌ ဖိလစ်ပိုင် ထိပ်တန်း သံတမန်ဟောင်း ရိုဆာရီ ယို မယ်နာလို မြန်မာနိုင်ငံကို တနင်္ဂနွေနေ့က ဆိုက်ရောက်လာပါတယ်။စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင် ဖြစ်တဲ့ ဂျပန် သံတမန်ဟောင်း ကင်ဇိုအိုရှီးမားလည်း မနက်ဖြန် တနလာၤနေ့မှာ မြန်မာနိုင်ငံကို ဆိုက်ရောက်လာဖို့ ရှိကြောင်း အစိုးရက သတင်းထုတ်ပါတယ်။

သူတို့ လာရောက်ရတဲ့ အကြောင်းရင်းကိုတော့ မြန်မာ အစိုးရက ထုတ်ပြန်မထားပါဘူး။ ရိုဟင်ဂျာ သိန်းနဲ့ချီထွက ပြေးရတဲ့ ပဋိပက္ခအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့ မြန်မာ အစိုးရ က ဖွဲ့စည်းခဲ့တဲ့ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်က တွေ့ရှိချက်တွေကိုတော့ ထုတ်ပြန်ခြင်း မရှိ သေးပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ ခရီးစဉ် အပြီး လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ ကော်မရှင် အနေနဲ့ သက်သေ အ ထောက်အထားတွေ စုစည်းနေတဲ့ အကြောင်းနဲ့ စွပ်စွဲချက်တွေက ခိုင်မာတဲ့ အထောက်အထား မပြနိုင်သေးဘူးလို့ ပြောဆိုခဲ့တာပါ။

 ရခိုင်ပြည်နယ်ထဲကနေ ရိုဟင်ဂျာ သိန်းနဲ့ချီပြီး ဘင်္ဂလားဒေရှ့်ဘက် ထွက်ပြေးရတဲ့ ကိစ္စမှာ မြန်မာ လုံခြုံရေး တပ်ဖွဲ့တွေဘက်က အင်အားအလွန်အကျွံသုံး နှိမ်နင်းခဲ့တယ်လို့ ကုလသမဂ္ဂ အချက်အလက်ရှာ အဖွဲ့က ပြောဆိုထားပြီး ရိုဟင်ဂျာတွေ အပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ အတွက် မြန်မာ စစ်တပ် အကြီးအကဲ အပါအဝင် စစ်ခေါင်းဆောင် တချို့ကို တရားစွဲဆိုဖို့ တိုက်တွန်းထား တာပါ။

 မြန်မာ အစိုးရဘက်ကတော့ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို လက်သင့်မခံသလို ကုလသမဂ္ဂရဲ့ စုံစမ်းစစ် ရေးချက်တွေဟာလည်း တဖက်စောင်းနင်း နိုင်တယ်လို့ ပြောဆိုထားတာပါ။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */