" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, January 28, 2019

မြန်မာစစ်တပ် ချိုးဖောက်မှုများ AA မှတ်တမ်း ပြုစုနေ

ရခိုင်ပြည်နယ်မှာ မြန်မာ စစ်တပ်ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် မှတ်တမ်းကောက် ယူစုဆောင်း aနပြီး ဧပြီလအတွင်း ICCနိုင်ငံတာရာဇဝတ်ခုံးရုံးကို ပေးပို့မှာ ဖြစ်တယ်လို့ ရက္ခိုင့်တပ်မတော် AA ပြောခွင့်ရ က ဗွီအိုအေကိုပြောပါတယ်။

ကိုယ်တိုင်လက်နက်ကိုင်အဖွဲ့ဖြစ်နေတာကြောင့် ICC ကသတ်မှတ်ချက်တွေနဲ့ အညီအချက်အလက်တွေကို အခြားနည်းလမ်းနဲ့ ပေးပို့မှာလို့ဆိုပါတယ်။ ICC အဖွဲ့ဝင်နိုင်ငံမဟုတ်တဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အခုလို တိုင်ကြားမှုက ထိရောက်မှုရှိပါ့မလား။  AA ပြောခွင့်ရ ခိုင်သူခကို မအင်ကြင်းနိုင်ကဆက်သွယ်မေးမြန်း ရာ မှာ သူက အခုလိုစပြောပါတယ်။

ခိုင်သူခ။ ။ ကျနော်တို့ကတော့ အဲလိုမျိုးတော့ စီစဉ်ထားတယ် ။ ဒီဧပြီလအတွင်းကနေပြီးတော့ ကျနော်တို့ ပို့ပေးသွားဖို့အတွက် စီစဉ်ထားတယ်။ အဲဒီမှာ မြန်မာစစ်တပ်ရဲ့ ချိုးဖောက်မှုမျိုးစုံပေါ့နော်။ သူတို့ မတရား သတ်ဖြတ်တာတွေ နောက်ပြီးတော့ အခုလိုမျိုး ဓါးပြတိုက်တဲ့ ဟာတွေ နောက်ပြီးတော့ ရွာသားတွေကို သူ တို့ နှိတ်စက်ညှင်းပမ်းနေတာတွေ ဒီ သူတို့ ချိုးဖောက်မှုအားလုံးပေ့ါနော်။ ဒါတွေကို စုပြီးတော့မှ ကျနော်တို့ နိုင်ငံတကာ စစ်ခုံရုံးအထိ ကျနော်တို့ ဧပြီလအတွင်းမှာ ပို့ဖို့ စီစဉ်ထားတယ်ခင်ဗျ။

မအင်ကြင်းနိုင်။ ။ နိုင်ငံတကာ စစ်ခုံရုံးဆိုတာက Criminal court လား ဘယ်ကို တင်မှာလည်းရှင့်။

ခိုင်သူခ။ ။ ICC ကို ကျနော်တို့ ပို့ပေးသွားဖို့ ရှိတယ် ကျနော်တို့ ရနိုင်သမျှ အချက်အလက်တွေတော့ အကုန် လုံး စုဆောင်းနေတာရှိတယ် အခုလုပ်တဲ့ စစ်ဆင်ရေးတွေအတွင်းမှာ သူတို့ကနေပြီးတော့ ဘယ်လောက် ကျူးလွန်ထားသလဲဆိုတာကို ကျနော်တို့ အချက်အလက်တွေအပြည့်အစုံ အဲဒါကို ကျနော်တို့ စုဆောင်ပြီး တော့ ပို့ဖို့လုပ်နေတာ။

မအင်ကြင်းနိုင်။ ။ ICC ကို တင်တဲ့နေရာမှာ ဘယ်လိုပုံစံမျိုးနဲ့ တင်မလဲရှင့်။

ခိုင်သူခ။ ။ ဖြစ်နိုင်ခြေနည်းလမ်းတွေအားလုံးပေ့ါဗျာ အထူးသဖြင့်ကတော့ ICC မှာ မြန်မာစစ်တပ်ခေါင်း ဆောင်တွေကို ICC ကို တင်နိုင်အောင်ကြိုးစားနေတဲ့ အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေကို ကျနော်တို့ ချိတ် ဆက်ပြီးတော့ လုပ်ဆောင်သွားဖို့ ရှိပါတယ်။

မအင်ကြင်းနိုင်။ ။တဖက်မှာတော့ မြန်မာနိုင်ငံက ICC မှာ လက်မှတ်မရေးထိုးထားဘူးပေါ့နော်။ အခု ဒီ ရိုဟင်ဂျာကိစ္စမှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို မောင်းထုတ်ခဲ့တယ်ဆိုတဲ့ အမှုနဲ့ ICC က စတင်ပြီးတော့ ကိုင်တွယ်စုံစမ်းနေတာပေါ့နော်။ အခုတကယ်လို့ AA အနေနဲ့ တင်မယ်ဆိုရင်ရော ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိစ္စကျတော့ ICC က တကယ်ပဲ ကိုင်တွယ်နိုင်ပါ့မလား ဘယ်လို မျှော် လင့်ထားသလဲရှင့်။

ခိုင်သူခ။ ။ အခုပြောနေတာကတော့ မြန်မာစစ်တပ်ကနေပြီးတော့မှ ဒီ လက်မှတ်မထိုးထားတဲ့အတွက် ICC မှာ အရေးယူလို့မရဘူးဆိုတဲ့ဟာပြောနေတယ် ဒါပေမယ့်လို့ အဲဒီမှာတခုရှိတာက ကုလသမဂ္ဂလုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက်နဲ့ ဆိုရင်တော့ ဒါရနိုင်ခြေအများကြီးရှိတယ် အဲဒါကြောင့်မို့လို့ ကျနော်တို့ ပို့ပေးမယ့် အချက်အလက်တွေက ICC အပြင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာအစိုးရကို အရေးယူဖို့အတွက် ကြိုးပမ်းနေတဲ့ အဖွဲ့အစည်းတွေလူပုဂ္ဂိုလ်တွေနဲ့ ချိတ်ဆက်ပြီးတော့မှ လုပ်ဆောင်သွားဖို့ရှိတယ်။

အခုကတော့ အရင်ကလိုမဟုတ်ဘူး။ အရင်တုန်းကတော့ စစ်တပ်ကိုပဲ ဦးတပ်လုပ်နေကြတာ။ အခုရခိုင်မှာ ဖြစ်နေတဲ့ ဖြစ်စဉ်က အမုန်းနဲ့ တိုက်နေတဲ့ တိုက်ပွဲဖြစ်တယ်။ အဲဒါကြောင့်မို့လို့ ရခိုင်စစ်ပွဲမှာ ထွက်လာတဲ့ စစ်ရာဇဝတ်မှုအားလုံးကို အဓိကတာဝန်ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်အတိုင်ပင်ခံရော၊ သူတို့ လည်း အခုဖြစ်တဲ့ ဒီဥစ္စာမှာ စစ်ရာဇဝတ်မှုတွေမှာတာဝန်ရှိတယ် အဲဒါကြောင့်မို့လို့ အခုတင်ပြမှာက အစိုးရ ကိုရော စစ်တပ်ကိုရော အထူးသဖြင့်တော့ အစိုးရ ။ ကျနော်တို့ နိုင်ငံတကာကနေပြီးတော့ မြန်မာအစိုးရကို အရေးယူနိုင်အောင် ကျနော်တို့ တင်ပြသွားဖို့ ရှိပါတယ်။

မအင်ကြင်းနိုင်။ ။ အခု AA ကိုယ်တိုင်က လက်နက်ကိုင်တပ်ဖွဲ့ဖြစ်နေတော့ ကိုယ့်ဘက်ကရော လူ့အခွင့် အရေးချိုးဖောက်မှုတွေ ၊ ကျူးလွန်မှုတွေ ရှိမယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်မလာနိုင်ဘူးလားရှင့်။ အဲဒါမျိုးဆို ရင်ရော AA ဘက်က ဘယ်လိုဖြေရှင်းနိုင်မလဲ။

ခိုင်သူခ။ ။ ကျနော်တို့ကတော့ မရှိဘူးဗျ။ ကျနော်တို့မရှိဘူးဆိုတာက ကျနော်တို့ အဖွဲ့အစည်းနဲ့ ပတ်သက်လို့ ကျနော်တို့ အာမခံရဲတယ်။ ကျနော်တို့မှာက အဲလိုမျိုးကနေပြီးတော့ ပြည်သူကို ကာကွယ်ရမယ်ဆိုတဲ့ဟာ ကျနော်တို့ အပြည့်အ၀ ခံယူပြီးတော့မှ ကျနော်တို့လုပ်နေတာ အဲဒါကြောင့်မို့လို့ ပြည်သူတွေ ထိခိုက်နစ်နာ မယ့်ကိစ္စတွေ ကျနော်တို့ လုံးဝမလုပ်ဘူး ဆိုတော့ ကျနော်တို့ဘက်ကတော့ ကျနော်တို့ဟာ ကျနော်တို့ ယုံ ကြည်တယ်။ ဆိုတော့ ကျနော်တို့က အဲလိုမျိုးတွေ လုံးဝမလုပ်ထားဘူး။ အဲဒါကြောင့်မို့လို့ မြန်မာစစ် တပ်ရဲ့ ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ကျနော်တို့ကနေ အားလုံးကို အချက်အလက်တွေ စုဆောင်းပြီးတော့မှ ကျနော်တို့လုပ်ထားတယ် ခိုင်လုံတဲ့ သက်သေအထောက်အထားတွေ ကျနေ်ာတို့ စုနေတာခင်ဗျ။”

 
 Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */