ထားဝယ်ခရိုင် လောင်းလုံဘုတ်ကျွန်းအနီးက ပင် လယ်ပြင်မှာ လှေနဲ့ထွက်ပြေးလခဲ့တဲ့ မွတ်စလင်တွေ ၂၀၁၈၊ နိုဝင်ဘာလ ၃ဝ ရက်နေ့က စစ်တွေ မြို့ကို ပြန်လည်ရောက်ရှိလာစဉ်
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ကနေ မလေးရှားနိုင်ငံဘက်ကို ထွက်ခွာဖို့ပြင်ဆင်နေတဲ့ မွတ်စလင် ၁၈ ဦးနဲ့ လူပွဲစားနှစ်ဦးကို စစ်တွေမြို့နယ်ရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးလိုက်ပါတယ်။
စစ်တွေမြို့နယ် ဘာဆာရာအနောက်ဘက် ပင်လယ်ကမ်းခြေအနီးက ခရမ်းခင်းထဲမှာ လူစုထားစဉ် ည ၈ နာရီလောက်မှာ ဖမ်းဆီးလိုက်တာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ရဲအရာရှိတစ်ဦးက RFA ကို ဒီနေ့ညနေက ပြောပါတယ်။
မနေ့က ဖမ်းဆီးလိုက်တဲ့သူတွေထဲမှာ အသက် ၁၇၊ ၁၈ နဲ့ ၂၀ ကျော်ဝန်းကျင် အမျိုးသမီးငယ် ၁၆ ဦးနဲ့ အမျိုး သား ၄ ဦးပါဝင်တယ်လို့ သိရပါတယ်။
ပွဲစားလို့ယူဆရတဲ့ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးကို သွေးဆောင်ဖြားယောင်းမှု ရာဇသတ်ကြီး ပုဒ်မ -၃၆၇ နဲ့ စစ်တွေမြို့မရဲစခန်းမှာ အမှုဖွင့်ထားပြီး ကျန် ၁၈ ဦးကိုတော့ ဘယ်လိုအရေးယူမလဲဆိုတာကို အ ထက်ညွှန်ကြား ချက်ကို စောင့်ဆိုင်းနေတယ်လို့ အဲဒီရဲအရာရှိက ပြောပါတယ်။
လက်ရှိမှာတော့ သူတို့အားလုံးကို စစ်တွေမြို့မရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
မနေ့က ဖမ်းဆီးလိုက်တဲ့သူတွေကို စစ်ဆေးမေးမြန်းချက်အရ အမျိုးသမီးငယ်တွေဟာ မလေးရှားနိုင်ငံမှာ ရှိနေ တဲ့ အမျိုးသားတွေနဲ့ အိမ်ထောင်ပြုဖို့အပြင် အလုပ်လုပ်ဖို့ အဓိကသွားရောက်ကြတာဖြစ်တယ်လို့ ဆိုပါတယ်။
သူတို့တွေဟာ စစ်တွေမြို့နယ် ဘာဆာရာ၊ အုန်းတောချေ၊ အုန်းတောကြီး၊ သဲချောင်း စတဲ့ကျေးရွာတွေမှာ နေ ထိုင်သူတွေဖြစ်ပါတယ်။
စစ်တွေမြို့နယ်က အမည်မဖော်လိုတဲ့ မွတ်စလင်တစ်ဦးကတော့ မလေးရှားနဲ့ အိမ်နီးချင်းနိုင်ငံတွေကို မနေ့က သွားရောက်ဖို့စီစဉ်တဲ့သူတွေဟာ လူဦးရေ ၆၀ ကျော်ရှိပြီး သူတို့ကို ရဲကလာရောက်ဖမ်းဆီးရာမှာ အများစုက လူစုထားတဲ့နေရာကနေ ထွက်ပြေးတိမ်းရှောင်သွားကြတယ်လို့ပြောပါတယ်။
သူတို့ဟာ စစ်တွေမြို့နယ်အတွင်းမှာ အလုပ်အကိုင်ရှားပါးမှုနဲ့ စားဝတ်နေရေးအခက်အခဲတွေအပြင် လွတ်လပ်စွာသွားရောက်ခွင့်တွေ မရကြတာကြောင့် လှေနဲ့ထွက်ပြေးဖို့ ကြိုးစားကြတာဖြစ်တယ်လို့ ပြောပါတယ်။
မနေ့က ဖမ်းဆီးရမိသူတွေရဲ့ပြောဆိုချက်အရ သူတို့ဟာ မလေးရှားနိုင်ငံကိုသွားဖို့အတွက် လူပွဲစားတွေကို လူတစ်ဦးစီကို ငွေကျပ် ၁၅ သိန်းစီပေးပြီး သွားရောက်ကြတာဖြစ်တယ်လို့ ရဲအရာရှိက ပြောပါတယ်။
Link : Here

No comments:
Post a Comment