Monday, January 14, 2019

သရက်ပြင်ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ၁၅ ဦးကို တပ်မတော် ဖမ်းဆီး

RFA
လွတ်လပ်တဲ့အာရှအသံ 
2019.01.14
                                                                    အစိုးရတပ်မတော်သားတချို့ကို တွေ့ရစဉ် / Photo: RFA

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် သရက်ပြင်ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် လူ ၁၅ ဦးကို တပ်မ တော် က မနေ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ၁၅ ဦးကို တပ်မတော်ရဲ့ ညွှန်ကြားချက်နဲ့ ဘူးသီးတောင်မြို့က အမှတ်(၃) နယ် ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှာ ထိန်းသိမ်းထားပြီး ဘာအတွက်ဖမ်းဆီးခေါ်ဆောင်သွားတယ် ဆိုတာကို မသိရှိရ သေးကြောင်း ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောပါ တယ်။

ဘူးသီးတောင်မြို့နယ် သရက်ပြင် ကျေးရွာက အုပ်ချုပ်ရေးမှူး ဦးမောင်သန်းလိူင်နဲ့ မောင်ကျော်ဝင်း၊ ပြင် ချောင်းကျေးရွာက ၇ ဦး၊ ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာက ၂ ဦး၊ နေပူခံကျေးရွာက တစ်ဦးနဲ့ လမ်းသွားလမ်း လာ ၃ ဦး အပါအဝင် ၁၅ ဦးကို ဖမ်းဆီးထားတာလို့ ဦးထွန်းအောင်သိန်းက ပြောပါတယ်။

ဖမ်းဆီးခေါ်ဆောင်သွားခံရသူတွေထဲက ပြင်ချောင်းရွာက လူငယ် ၇ ဦးဟာ ကြာညိုပြင် ဘုန်းကြီးကျောင်းမှာ ကယ် ဆယ်ရေးပစ္စည်းတွေ ကူညီချပေးနေစဉ် ဖမ်းဆီးခံရသလို၊ ကျောက်တော်မြို့နယ် အပေါက်ဝရွာ သား နှစ်ဦးနဲ့ နေပူခံရွာသားတစ်ဦးဟာ နယ်မြေရဲစခန်းမှာ အကြောင်းကြားပြီး လှေနဲ့ စပါးအဝယ်လာစဉ်မှာ အ ဖမ်းခံရတာလို့ သိရပါတယ်။

အဲဒီ ၁၅ ဦးကို ဖမ်းဆီးထားတာနဲ့ပတ်သက်လို့ ကြာညိုပြင်ဆရာတော်နဲ့အတူ အမှတ်(၃)နယ်ခြားစောင့် ရဲ တပ်ဖွဲ့ခွဲမှာ သွားရောက်မေးမြန်းတဲ့အခါ ဖမ်းခံထားရသူတွေနဲ့ တေ့ွခွင့်မပေးဘူးလို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်ကျော်ဇံ က ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်တွေကြား တိုက်ပွဲတွေဖြစ်ပွားပြီး ဘူးသီးတောင် နဲ့ ရသေ့တောင်မြို့နယ်တွေမှာ တပ်မတော်က ဖမ်းဆီးခေါ်ဆောင်ထားတာ ၁၈ ဦးရှိပြီလို့ ဒေသခံတွေက ပြော ကြပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */