Monday, January 14, 2019

ရသေ့တောင်မှာ AA နဲ့ တပ်မတော် တိုက်ပွဲဖြစ်၊ ရွာသားနှစ်ဦး ဖမ်းဆီးခံရ

RFA
လွတ်လပ်တဲ့အာရှအသံ
2019.01.14
ရက္ခိုင့်တပ်မတော် AA တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်

 ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကြိမ်သာကျေးရွာအနီးမှာ ဒီနေ့ မနက် ၈ နာရီလောက်က ရက္ခိုင့်တပ် မတော်(AA)နဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကျေးရွာသားနှစ်ယောက်ကို တပ်မတော်က ဖမ်း ဆီးခေါ်ဆောင်သွားတယ်လို့ ကျေးရွာသားတစ်ဦးက RFA ကို ပြောပါတယ်။
 
တိုက်ပွဲဖြစ်ပွားချိန်မှာ ရွာသားတွေဟာ တောထဲမှာရှိတဲ့ စိုက်ခင်းအသီးသီးကနေ ရွာထဲကို ထွက်ပြေးခဲ့ကြပြီး အသက် ၆၀ ဝန်းကျင်ရှိတဲ့ ရွာသားနှစ်ဦးကို စိုက်ခင်းတဲကနေ ခေါ်ယူသွားတာဖြစ်တယ်လို့ ပြောပါတယ်။ မိသားစုဝင်တွေက သူတို့ရဲ့လက်ကိုင်ဖုန်းကို ဆက်သွယ်မေးမြန်းကြည့်ရာမှာ တပ်မတော်သားတစ်ဦးက သူတို့စစ်ဆေးစရာရှိတဲ့အတွက် ခေါ်ယူထားတာဖြစ်တဲ့အကြောင်း ပြန်လည်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး၊ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဒီနေ့ ညနေ ငါး နာရီခွဲမှာ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းပိတ်ထားတာကြောင့် မေးမြန်းနိုင်ခြင်းမရှိခဲ့ပါဘူး။

ဒီနေ့မနက်က တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာဟာ ကြိမ်သာကျေးရွာနဲ့ ခြေကျင် မိနစ် ၂၀ လောက်သာသွားရတဲ့ တောထဲမှာတိုက်ပွဲဖြစ်ပွားခဲ့တာလို့ ရွာသားတွေက ပြောပါတယ်။

ကြိမ်သာကျေးရွာအနီးဝန်းကျင်မှာ မနေ့က နေ့လယ်လောက်ကတည်းက တပ်မတော်က စစ်ကြောင်းလှုပ် ရှားမှု တွေကို တွေ့ရပြီးနောက် ဒီနေ့မနက်က တိုက်ပွဲဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ ဒီနေ့ ညနေ ၅ နာရီကျော် အချိန်လောက်မှာ ဘူးသီးတောင်မြို့နယ် ဥယျာဉ်သာကျေးရွာအနီးမှာ ပစ်ခတ်မှုတွေဖြစ်ပွားနေပြီး လက်နက် ကြီးတွေဟာ ကျေးရွာအနီးကို ကျရောက်ပေါက်ကွဲတာတွေ ရှိနေတယ်လို့ ရွာသားတွေကပြောပါတယ်။

ရွာထဲမှာရှိတဲ့ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေကို နီးစပ်ရာကျေးရွာတွေဆီကို ပို့ဆောင်ထားရတယ် လို့လည်း ရွာသားတစ်ဦးက ပြောပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */