မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတပ်ရင်းမှူးအဆင့် တွေ့ဆုံဆွေးနွေး
ဧပြီ ၁၃၊ ၂၀၁၈
မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတပ်ရင်းမှူးအဆင့် တွေ့ဆုံဆွေးနွေးပွဲကို ဧပြီလ ၁၃ ရက် နံနက် ၁၁ နာရီမှ ၁၁ နာရီ မိနစ် ၅၀ အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနာ့်ဖ်မြို့ Teknaf Land Port House စခန်း၌ ကျင်းပပြု လုပ်ခဲ့သည်။
တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံနယ်စပ်တွင် တရားမဝင်ဝင်ရောက်မှုကိစ္စ၊ အောက်ခြေအဆင့် သတင်း
ဖလှယ်ရေးအတွက် တာဝန်ရှိသူများ၏ ဖုန်းနံပတ်များ အပြန်အလှန် ပေးပို့ ထားရေးကိစ္စ၊ နှစ်နိုင်ငံမူးယစ် ဆေး ဝါးအန္တရာယ် ပူးပေါင်းတားဆီးဆောင်ရွက်မည့်ကိစ္စ၊ မောင်တောမြို့နယ် ကျောက်ပန္တုရဲကင်းစခန်း၏ အနောက်ဖက် ၂ မိုင်ခန့်အကွာ ပင်လယ်ကမ်းခြေတွင် စက်လှေမျောပါသဖြင့် ကယ်ဆယ်ထိန်းသိမ်း ထား ရှိသော ငါးဖမ်းစက်လှေမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅ ဦး ပြန်လည်လွှဲပြောင်း လက်ခံနိုင်ရေးကိစ္စ၊ နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းအနီး နေရပ်စွန့်ခွာ မူဆလင်များနှင့် ပတ်သက်သော ကိစ္စရပ်များ၊ တရားမဝင် မှောင်ခိုစက်
လှေ များ အား ပူးပေါင်းဖမ်းဆီးနိုင်ရေးနှင့် ARSA အကြမ်းဖက်အဖွဲ့လှုပ်ရှားမှုနှင့် ပတ်သက်သောကိစ္စ ရပ်များကို ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံနယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ၁၁ ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ၁၀ ဦးတို့ တက်ရောက်ခဲ့ကြသည်။

No comments:
Post a Comment