တောင်ပြိုလက်ဝဲမြို့ ပြန်လည်လက်ခံရေး စခန်းသို့ နေရပ်စွန့်ခွာ မိသားစုဝင်ငါးဦး ပြန်လည် ဝင်ရောက်
တောင်ပြိုလက်ဝဲ ဧပြီ ၁၄
မောင်တောဒေသ အကြမ်းဖက် ဖြစ်စဉ်ကြောင့် နေရပ်စွန့်ခွာ သွားခဲ့ကြ သည့် မိသားစုဝင်များ အနက် အစ္စ လာမ် ဘာသာဝင် အဲဖ်တာအာလွမ်ပါ မိသားစုဝင် ငါးဦးတို့သည် ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် တောင် ပြို လက်ဝဲမြို့ ပြန်လည်လက်ခံရေးစခန်းသို့ ပြန်လည်ဝင်ရောက်လာကြသည်။
အဆိုပါ ပြန်လည်ဝင်ရောက်လာသော မိသားစုဝင် ငါးဦးအား ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနက ၁၉၈၂ ခုနှစ် တွင် ပြဌာန်းခဲ့သော နိုင်ငံသားဖြစ်မှု ဥပဒေနှင့်အညီ စစ်ဆေးခြင်း၊ နိုင်ငံအတွင်း အမှန်တကယ် နေထိုင်ခဲ့ခြင်း ရှိ၊ မရှိ စိစစ်ခြင်း နှင့် လူဝင်မှုကြီး ကြပ်ရေးနှင့် မှတ်ပုံတင်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေး ခဲ့ပြီး သတ်မှတ်ချက်နှင့်ညီသော မိသားစုဝင်များအား NV(National Verification) ကတ်ပြားများကို နေ့ချင်းပြီး ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ ပြန်လည်ဝင်ရောက်လာသော မိသားစုဝင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန ပြည်နယ် ကျန်းမာရေးဦးစီးဌာနက မိသားစုဝင်တစ်ဦးချင်းတို့ကို ကျန်းမာရေးစစ်ဆေးပေးခဲ့ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဆန်၊ ခြင်ထာင်၊ စောင်၊ တီရှပ်၊ ကျားဝတ်/ မဝတ် လုံချည်များနှင့် မီးဖိုချောင်သုံး ပစ္စည်းများကို ထောက်ပံ့ပေးခဲ့ကာ နေရပ်သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရ သည်။
ပြန်လည် ဝင်ရောက်လာသူ ငါးဦးအား ပြန်လည် လက်ခံရေးနှင့် NV ကတ် ပြုလုပ်ပေးရေး ဆောင်ရွက်ရာ သို့ မောင်တောခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူးဦးရဲထူး၊ မောင်တော မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်၊ တောင်ပြိုလက်ဝဲမြို့ အုပ်ချုပ်ရေးမှူး၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲမှူးကြီး ဥက္ကာကို၊ လူဝင်မှုကြီးကြပ်ရေးနှင့် မှတ်ပုံတင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကိုကိုသော်၊ ဒုတိယ ညွှန် ကြား ရေးမှူး ဦးအောင်ဝင်းဦးနှင့် ဌာနဆိုင်ရာဝန်ထမ်းများက လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
ယခုပြန်လည်ဝင်ရောက်လာသည့်မိသားစုဝင် ငါးဦးအား မောင်တောမြို့ပေါ် ရှိ ၎င်းတို့၏ ဆွေမျိုးများ အိမ်၌ ယာယီနေရာချထား ပို့ဆောင်ပေး ခဲ့ကြောင်းနှင့် ဖြစ်စဉ်ကြောင့် နေရပ်စွန့်ခွာစဉ် ကြုံတွေ့ခဲ့ရသည့် အခက် အခဲများ၊ အခြားမိသားစုဝင်များ၏ အခြေအနေမှန်ကို တွေဆုံမေးမြန်းပြီး ပြန်လည်လက်ခံရေး လုပ်ငန်းစဉ် အတွက် အထောက် အကူပြုနိုင်မည့် အချက်များကို ဆက်လက် စုံစမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

No comments:
Post a Comment