" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, July 23, 2018

( 17.07.2018 ) မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်ဖက်ညှိနှိုင်း၍ လှည့်ကင်းများဆောင်ရွက်




မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်ဖက်ညှိနှိုင်း၍ လှည့်ကင်းများဆောင်ရွက်


ဇူလိုင် ၁၇၊ ၂၀၁၈

မြန်မာနိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များနှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ လုံခြုံရေး တပ်ဖွဲ့ဝင် များသည် မိမိတို့နိုင်ငံအသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုးလမ်းအတိုင်း နှစ်နိုင်ငံနှစ်ဘက်ညှိနှိုင်း၍ မြေပြင် လှည့်ကင်းဆောင်ရွက်ခြင်း နှင့် နတ်မြစ်အတွင်း ရေကြောင်းကင်းလှည့်ခြင်းတို့ကို ဆောင်ရွက် လျက်ရှိသည်။




နှစ်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဇူလိုင် ၁ ရက်၊ နံနက် ၈ နာရီ မှ ၁၂ နာရီ ၁၅ မိနစ်အထိ နယ်ခြားမှတ် တိုင် ၅၄ မှ ၅၅ အထိလည်းကောင်း၊ ဇူလိုင် ၈ ရက် ၊ နံနက် ၉ နာရီ မှ ၁၂ နာရီအထိ နယ်ခြားမှတ်တိုင် ၄၂ မှ ၄၃ အထိ လည်းကောင်း၊ ဇူလိုင် ၉ ရက် ၊ နံနက် ၁၀ နာရီ ၄၅ မှ ၁၁ နာရီ ၃၀ မိနစ်အထိ နယ်ခြားမှတ်တိုင် ၄၃ မှ ၄၄ အထိ လည်းကောင်း၊ ဇူလိုင် ၁၂ ရက်၊ နံနက် ၈ နာရီ ၁၀ မိနစ်မှ ၁၀ နာရီ ၃၅ မိနစ်အထိ နယ်ခြား မှတ် တိုင် ၄၆ မှ ၄၇ အထိလည်းကောင်း၊ နံနက် ၉ နာရီခွဲ မှ ၁၀ နာရီ ၁၀ မိနစ်အထိ နယ်ခြားမှတ်တိုင် ၃၁ မှ ၃၄ အထိလည်းကောင်း၊ ဇူလိုင် ၁၅ ရက်၊ နံနက် ၁၁ နာရီ မှ ၁၁ နာရီ ၁၀ မိနစ်အထိ နယ်ခြားမှတ်တိုင် ၃၄ မှ ၃၆ အထိ လည်းကောင်း၊ နံနက် ၁၀ နာရီ ၁၅ မှ ၁၁ နာရီခွဲအထိ နယ်ခြားမှတ်တိုင် ၄၇ မှ ၄၈ အထိ လည်းကောင်း ၊ ဇူလိုင် ၁၆ ရက်၊ နံနက် ၉ နာရီ ၂၀ မိနစ်မှ ၁၁ နာရီအထိ နယ်ခြားမှတ်တိုင် ၄၈ မှ ၄၉ အထိ လည်းကောင်း မြေပြင်လှည့်ကင်း ဆောင်ရွက် ခဲ့ကြသည်။


ထို့ပြင် နှစ်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နတ်မြစ်အတွင်း ရေကြောင်း ကင်းလှည့်ခြင်းကို ဇူလိုင် ၈ ရက်၊ နံနက် ၁၀ နာရီ ၁၀ မိနစ်တွင် (၁) ကြိမ်၊ ဇူလိုင် ၁၂ ရက်၊ နံနက် ၁၀ နာရီတွင် (၁) ကြိမ်၊ ဆောင်ရွက်ခဲ့သည်။

ကုန်းမြေနယ်နိမိတ်တွင် နှစ်ဖက်ညှိနှိုင်းချက်အရ Coordinated Patrol ကို ၂၀၁၈ ခုနှစ် ၊ ဖေဖော်ဝါရီ တွင် ၁၄ ကြိမ်၊ မတ်လတွင် ၇ ကြိမ် ၊ မေလတွင် ၁၆ ကြိမ်၊ ဇွန်လတွင် ၁၈ ကြိမ် ၊ ဇူလိုင်လတွင် (၈) ကြိမ် စုစုပေါင်း (၆၃) ကြိမ် နှင့် ရေကြောင်းကင်းလှည့်ခြင်းကိုလည်း နတ်မြစ်ကြောင်းအတိုင်း စုစုပေါင်း (၁၀) ကြိမ် ဆောင် ရွက်ခဲ့ကြောင်း သိရှိရသည်။


No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */