မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်ဖက်ညှိနှိုင်း၍ လှည့်ကင်းများဆောင်ရွက်
ဇူလိုင် ၂ ၊ ၂၀၁၈
မြန်မာနိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များနှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ လုံခြုံရေး တပ်ဖွဲ့ဝင်များ သည် မိမိတို့နိုင်ငံအသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုးလမ်းအတိုင်း နှစ်နိုင်ငံ နှစ်ဘက် ညှိနှိုင်း ၍ မြေပြင် လှည့်ကင်းဆောင်ရွက်ခြင်း နှင့် နတ်မြစ်အတွင်း ရေကြောင်းကင်းလှည့်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။
နှစ်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဇွန်လ ၂၄ ရက်နေ့ နံနက် ၉ နာရီ မှ မွန်းလွဲ ၁၂ နာရီ၁၀မိနစ်အထိ နယ်ခြားမှတ်တိုင် ၃၉ မှ ၄၀ အထိလည်းကောင်း၊ နံနက် ၉ နာရီ ၁၀ မိနစ် မှ မွန်းလွဲ ၁၂ နာရီ ၅ မိနစ်အထိ နယ်ခြားမှတ်တိုင် ၄၈ မှ ၄၉ အထိလည်းကောင်း၊ ဇွန်လ ၂၅ ရက် နံနက် ၉နာရီမိနစ်၄၀ မှ ၁၀ နာရီခွဲ အထိ နယ်ခြားမှတ်တိုင် ၄၉ မှ ၅၀ အထိ လည်းကောင်း၊ ဇွန်လ ၂၆ ရက် နံနက် ၈ နာရီ မှ မွန်းတည့် ၁၂ နာရီ အထိ နယ်ခြားမှတ်တိုင် ၄၀ မှ ၄၁ အထိ လည်းကောင်း၊ နံနက် ၉ နာရီ ၁၀မိနစ်မှ နံနက် ၁၁ နာရီ မိနစ် ၄၀ အထိ နယ်ခြားမှတ်တိုင် ၅၀ မှ ၅၁ အထိ လည်းကောင်း၊ဇွန်လ ၂၇ရက်နေ့ နံနက် ၁၀နာရီ မိနစ် ၄၀ မှ မွန်းတည့် ၁၂ နာရီ အထိ နယ်ခြားမှတ်တိုင် ၅၁ မှ ၅၁-၅ အထိလည်းကောင်း၊ ဇွန်လ ၃၀ ရက် နံနက်၈ နာရီ မှ မွန်းတည့် ၁ နာရီ၁၅ မိနစ် အထိ နယ်ခြားမှတ်တိုင် ၄၂-၁-၂ မှ ၄၂ အထိ လည်းကောင်း၊နံနက် ၇ နာရီ ၄၅ မိနစ်မှ မွန်းလွဲ ၁နာရီခွဲအထိ နယ်ခြားမှတ်တိုင် ၅၃ မှ ၅၄ အထိ လည်းကောင်း မြေပြင်လှည့်ကင်း ဆောင်ရွက်ခဲ့ကြသည်။
ထို့ပြင် နှစ်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နတ်မြစ်အတွင်း ရေကြောင်း ကင်းလှည့်ခြင်းကို ဇွန် ၂၂ ရက်၊ နံနက် ၉ နာရီ ၄၅ မိနစ်တွင် (၁) ကြိမ်၊ ဇွန် ၂၇ ရက် နံနက် ၁၀ နာရီမိနစ်၂၀ တွင် (၁) ကြိမ် နှင့် ဇွန် ၃၀ ရက် နံနက် ၁၀ နာရီခွဲတွင် (၁) ကြိမ် ဆောင်ရွက်ခဲ့သည်။
ကုန်းမြေနယ်နိမိတ်တွင် နှစ်ဖက်ညှိနှိုင်းချက်အရ Coordinated Patrol ကို ၂၀၁၈ ခုနှစ် ၊ ဖေဖော်ဝါရီ တွင် ၁၄ ကြိမ်၊ မတ်လတွင် ၇ ကြိမ် ၊ မေလတွင် ၁၆ ကြိမ်၊ ဇွန်လတွင် ၁၈ ကြိမ် စုစုပေါင်း (၅၅) ကြိမ် နှင့် ရေကြောင်း ကင်းလှည့်ခြင်းကိုလည်း နတ်မြစ်ကြောင်း အတိုင်း စုစုပေါင်း (၈) ကြိမ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

Link : Here

No comments:
Post a Comment