" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, June 14, 2018

( 14.06.2018 ) ရသေ့တောင်မြို့နယ် ၊ အောင်ဗ လချောင်းဝ ပင်လယ် ကမ်းစပ်၌ တွေ့ရှိ ရသော လှေစီး ဒုက္ခ သည် အချို့နှင့် တွေ့ ဆုံမေးမြန်း

ရသေ့တောင်မြို့နယ် ၊ အောင်ဗလချောင်းဝ ပင်လယ်ကမ်းစပ်၌ တွေ့ရှိရသော လှေစီးဒုက္ခသည် အချို့နှင့် တွေ့ဆုံမေးမြန်း



ဇွန် ၁၁ ရက် နံနက်ပိုင်းက ရသေ့တောင်မြို့နယ် အောင်ဗလချောင်းဝ သာစည်ကျေးရွာအနီး ပင်လယ်ကမ်း စပ်၌ ပျက်စီးနေသော စက်လှေတစ်စင်းနှင့် အမျိုးသား ၄၄ ဦး၊ အမျိုးသမီး ၆၀ စုစုပေါင်း ၁၀၄ ဦးတို့အား စိစစ်တွေ့ရှိခဲ့သဖြင့် တာဝန်ရှိသူများက ငါးခူရပြန်လည်လက်ခံရေးစခန်းသို့ ပို့ဆောင်ပေးခဲ့ပြီး လူဝင်မှုကြီး ကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက စိစစ်မှုများ ပြုလုပ်ခဲ့ကာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနက လူသားချင်း စာနာ ထောက်ထားမှုအကူအညီများ ပေးအပ်ခဲ့သည်။ အဆိုပါ လှေစီးဒုက္ခသည်များမှအချို့နှင့် တွေ့ဆုံ မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်-

ရှာဒရာဘီဘီ(မောင်တောမြို့နယ်)

ဘင်္ဂလားဒေ့ရှ်ဘက်မှာ အမေ့ရဲ့ညီမ အဒေါ်နဲ့ အမျိုးတွေရှိပါတယ်။ ဒါကြောင့် ဘင်္ဂလားဒေ့ရှ်ကို သွားတာပါ။ သူများတွေက မလေးရှား သွားချင်ကြတယ်။ အဒေါ်က ကျန်းမာရေးမကောင်းဘူး။ အဲဒါ ကြောင့် အမျိုးတွေေ ရာ အဒေါ်တွေပါရှိတဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ကို သွားတာပါ။ သွားပြီး ပြန်လာတာပါ။ ဒီဘက်မှာက ကျွန်မ အမေနဲ့ အဖေလည်းရှိပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံကိုပြန်လာတာဖြစ်ပါတယ်။

မာမောက်ရှော်ဖိတ်(ဘော်ဒေါ်ဆော့ရားရွာ
ကော့ဘဇားမြို့နယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံ)


ကျွန်တော်က မလေးရှားနိုင်ငံကို သွားမလို့ပါ။ မလေးရှားနိုင်ငံမှာ ကြုံရာအလုပ်လုပ်ဖို့ ရည်ရွယ်တာပါ။ အဲဒီ မှာ အလုပ်သွားလုပ်တဲ့သူ အများကြီးရှိပါတယ်။ သူတို့လို အလုပ် သွားလုပ်ချင်လို့ ပွဲစားနဲ့ ဆက်သွယ်ခဲ့ တာ ပါ။ လူတော်တော်များများကို အဲဒီပွဲစားက မလေးရှားဘက်မှာအလုပ်ရမယ်၊ အဆင်ပြေမယ်ဆိုပြီး စည်းရုံး ပါတယ်။ မလေးရှားဘက်ကိုသွားပြီး အလုပ်လုပ်ဖို့ ပိုက်ဆံပေးရပါတယ်။ မလေးရှားအရောက် အပြီးအစီး တာကာငွေ တစ်သိန်းရှစ်သောင်း ပေးရပါတယ်။ ပွဲစားက ပထမဆုံး လှေနဲ့သွားမယ်၊ ပြီးမှသင်္ဘောပေါ် တက်ပြီး မလေးရှားကို သွားမယ်ပြောပါတယ်။ အဲဒီလိုသွားဖို့ လုပ်ရင်း ဒီကို ရောက်လာတာပါ။ တော်တော် ဒုက္ခရောက်ခဲ့ပါတယ်။ အခု မြန်မာနိုင်ငံရောက်တော့ တော်တော်လေး အဆင်ပြေပါတယ်။ မလေးရှားကို သွားချင်တယ်။ ပြီးတော့ မလေးရှားငွေတန်ဖိုးက မြင့်တယ်။ ဒါကြောင့် မလေးရှားဘက်မှာ တစ်နေ့အ လုပ် လုပ်လို့ရတဲ့ ပိုက်ဆံက ဘင်္ဂလားဒေ့ရှ်မှာ အလုပ်လုပ်လို့ရတဲ့ ပိုက်ဆံထက် ပိုများတယ်။ အဲဒါကြောင့် အဲဒီ မှာပဲ အလုပ်လုပ်ချင်တာပါ။ မှောင်ခိုလမ်းနဲ့တော့ မသွားချင်တော့ဘူး။ အစိုးရ ကူညီထောက် ပံ့မှုနဲ့ပဲ သွား ချင်ပါ တယ်။ ကျွန်တော်တို့ ဒုက္ခရောက်ပြီး မြန်မာနိုင်ငံကို ရောက်လာတဲ့အချိန်မှာ မြန်မာနိုင်ငံ အစိုးရ ဘက် က ထောက်ပံ့ ပေးတယ်။ ကူညီပေးတယ်။ စောင့်ရှောက်ပေးပါတယ်။ အဲဒီအတွက် အင်မတန် ကျေးဇူး တင် ပါတယ်။

မီဇာနူရော်မော်မန်
(နေယာဖာရောကျေးရွာ
တက်နက်မြို့နယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ)


မလေးရှားနိုင်ငံကို သွားတာပါ။ မလေးရှားနိုင်ငံမှာ အလုပ်လုပ်ရင် ပိုက်ဆံ အများကြီးရပါတယ်။ ဘင်္ဂလား ဒေ့ရှ်နိုင်ငံမှာ အလုပ်လုပ်ရတာ ပင်ပန်းပါတယ်။ ကျွန်တော့်မိဘတွေက အသက်ကြီးပါပြီ။ ကျွန်တော်က မိဘ တွကို လုပ်ကိုင်ကျွေးမွေးချင်ပါတယ်။ မလေးရှားကပိုက်ဆံပိုရပြီး အလုပ်လုပ်ရ တာလည်း ဘင်္ဂလားဒေ့ရှ် မှာလောက် မပင်ပန်းဘူးလို့ ပြောကြပါတယ်။ ကျွန်တော်က ဘင်္ဂလားဒေ့ရှ်က ဘောလုံးသမားတစ်ယောက် ပါ။ ကျွန်တော်က သွားချင်တော့ ပွဲစားနဲ့ ချိတ်ဆက်ပါတယ်။ ပွဲစားကို တာကာငွေ တစ်သိန်းရှစ်သောင်း ပေး ရပါတယ်။ ဒီလိုနဲ့ စက်လှေနဲ့ သွားတော့ မုန်တိုင်းမိပါတယ်။ စက်လှေပျက်ပြီးတော့ မြန်မာနိုင်ငံကို ရောက် လာ တာပါ။ မြန်မာအစိုးရက ကောင်းကောင်းမွန်မွန်နဲ့ ကူညီထောက်ပံ့ စောင့်ရှောက်ပေးထားပါတယ်။ အ ဆင်ပြေရင်တော့ ဘင်္ဂလားဒေ့ရှ်ကို ပြန်ချင်ပါတယ်။

မိုဟာမက် ဇေလောက်အူဒိန်
(ဆော်ဖောရ်ရောန်ဒီးကျေးရွာ
ကော့ဘဇားမြို့နယ်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ)


မလေးရှားနိုင်ငံကို သွားရင်ပင်ပန်းမယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်ဘက်မှာ တစ်နေကုန် အလုပ်လုပ်လည်း ရတဲ့ပိုက်ဆံက မိသားစုအတွက် မလောက်ငပါဘူး။ ဒါကြောင့် စွန့်စားပြီး သွားတာပါ။ သွားရင်းနဲ့ ဒုက္ခရောက်ပြီး မြန်မာနိုင်ငံကိုရောက်လာတာပါ။ ဒီကိုရောက်လာ တော့ မြန်မာအစိုးရက ကူညီ ထောက်ပံ့ပေးပါတယ်။ မြန်မာနိုင်ငံရဲ့ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းနဲ့ အညီ ဒီစခန်းမှာနေဖို့လည်း ပြောပါ တယ်။ ကျွန်တော်တို့ နားလည်ပါတယ်။ အဲဒီလိုလည်း နေထိုင်မှာပါ။ မြန်မာအစိုးရရဲ့ အကူအညီနဲ့ ကိုယ့်နိုင် ငံဘင်္ဂလားဒေ့ရှ်နိုင်ငံကိုပဲ ပြန်သွားချင်ပါတယ်။

ဒီရှာ
(မြို့မ ကညင်တန်းကျေးရွာ
မောင်တောမြို့နယ်)


ကျန်းမာရေး မကောင်းလို့ ဘင်္ဂလားဒေ့ရှ်ဘက်ကို ဆေးကုဖို့သွားခဲ့တာပါ။ ဘင်္ဂလားဒေ့ရှ်ဘက်ကနေ ဆေး ကုပြီး ပြန်လာတယ်၊ ဘင်္ဂလားဒေ့ရှ်ကနေ ဒီဘက်ကို လာဖို့အတွက် လောင်းလှေစီးခ တာကာငွေ ငါးထောင် ပေးရပါတယ်။ ပြီးတော့ လောင်းလှေပေါ်မှာ လူတွေကများတယ်။ လှေထဲကို ရေတွေဝင် တော့ ကြောက်ပြီး ငိုကြတယ်။ ဒီလိုနဲ့မလေးရှားသွားမယ့် စက်လှေနဲ့တွေ့တယ်။ ဒါကြောင့် စက်လှေပေါ် တက်ကြတယ်၊ စက် လှေပေါ် တက်ပေမယ့် မလေးရှားသွားမယ့် စက်လှေမှန်းမသိဘူး။ စက်လှေပေါ် ရောက်ပြီး နောက်နေ့မနက် ကျတော့ စက်လှေက ပျက်သွားပြီး သုံးရက်လောက် မျောနေပါတယ်။ နောက် မြန်မာနိုင်ငံဘက် ရောက် လာ တာဖြစ်ပါတယ်။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */