" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, March 24, 2018

ကုလလူ့ အခွင့် အရေးကောင်စီ မြန်မာ အပေါ် ဆုံးဖြတ် ချက်ချ

VOA
ဗွီအိုအေမြန်မာပိုင်း
24-03-2018

၃၇ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ အစည်းအဝေး

ရခိုင်ပြည်နယ်မှာ ဆိုးရွားတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ခဲ့တဲ့အပေါ် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက အပြင်းအထန် ပြစ်တင်ရှုတ်ချလိုက်ပြီး လူ့အခွင့်အရေး အထူးကိုယ်စားလှယ်နဲ့ အပြည့် အဝ ပူးပေါင်းဆောင်ရွက်ဖို့ တောင်းဆိုလိုက်ပါတယ်။ မတ်လ ၂၃ ရက်နေ့က ဂျီနီဗာမြို့၊ လူ့အခွင့် အရေးကောင်စီမှာလုပ်တဲ့ ၃၇ ကြိမ်မြောက် အစည်းအဝေး မှာချမှတ်လိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ် ချက်ထဲမှာ အဲဒီလို ထည့်သွင်း ဖော်ပြလိုက်တာပါ။


“ခြိမ်းခြောက်နှောက်ယှက်တာတွေ၊ လက်တုံ့ပြန်အရေးယူတာတွေ မရှိဘဲ အထူးစုံစမ်းစစ်ဆေးသူနဲ့ အကန့် အ သတ်မဲ့ ပူးပေါင်းဆောင်ရွက်ရေး သေချာအောင်လုပ်ဆောင်ဖို့ မြန်မာအစိုးရကို ဒီဆုံးဖြတ်ချက်က ထပ်ပြီးတောင်း ဆို ထားပါတယ်။ အပြည့်အဝတာဝန်ခံမှုရှိစေရေး ပထမအဆင့်အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက် ခံရသူတွေကို ထုတ်ဖော် ပြောဆို ခွင့်ပြုရပါမယ်၊ သူတို့ရဲ့ ပြောဆိုချက်တွေကို စနစ်တကျ စုဆောင်းရယူ၊ မှတ်တမ်းတင်၊ စုံစမ်းစစ်ဆေး၊ အထောက်အထားပြုစုပြီး စုပေါင်းထားရပါမယ်။ ဒါမှသာ ရာဇဝတ်ကြောင်း ဆိုင်ရာ နောက်ထပ် လုပ် ဆောင်မှုတွေအတွက် အခြေခံအကြောင်းအချက်တွေ အဖြစ် အသုံးပြုနိုင်မှာဖြစ် ပါတယ်။” လို့ ဥရောပသမဂ္ဂ EU ကိုယ်စား ဆုံးဖြတ်ချက်မူကြမ်းကို တင်သွင်းတဲ့ ဂျီနီဗာအခြေစိုက် ကုလသ မဂ္ဂဆိုင်ရာ ဘူလ်ဂေးရီးယားနိုင်ငံ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Ms. Deyana Kostadinova က ပြောသွား ပါတယ်။

မြန်မာနိုင်ငံဘက်က တုံ့ပြန် ပြောဆိုတာမှာတော့ မြန်မာအစိုးရရဲ့ လုပ်ဆောင်ချက်တွေကို အသိအမှတ်ပြု ကြိုဆိုကြောင်း ဆုံးဖြတ်ချက်မူကြမ်းရဲ့ စာပိုဒ်တချို့မှာ ဖော်ပြထားတာ တွေ့ရပေမဲ့ မြန်မာနိုင်ငံအရေးကို လုံခြုံရေးကောင်စီရဲ့ လုပ်ပိုင်ခွင့်၊ အဲဒီက နေ နိုင်ငံတကာရာဇဝတ်တရားခုံရုံး ICC အထိတင်ဖို့ ဖော်ပြထား တာဟာ မြန်မာ နိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်မှုကို ခြိမ်းခြောက်ချက်တခုဖြစ်တာကြောင့် လက်မခံနိုင် တဲ့အကြောင်း ဂျီနီဗာအခြေစိုက် ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဦးထင်လင်းက ပြောပါတယ်။

“ပိုပြီးအရေးကြီးတာကတော့ တနိုင်ငံချင်းစီအတွက် ချမှတ်တဲ့ ဘယ်လိုဆုံးဖြတ်ချက်မျိုးကိုမဆို မြန်မာနိုင်ငံက ကန့်ကွက်ပါတယ်။ ဒီနောက်ခံအခြေအနေအရ ဆုံးဖြတ်ချက်အမှတ် L.43 ကို မြန်မာနိုင်ငံအနေနဲ့ လက်မ ခံနိုင်ပါဘူး။ ဒီဆုံးဖြတ် ချက်မူကြမ်းကို ကျနော်တို့အနေနဲ့ အခိုင်အမာ ပယ်ချပါတယ်။”

ပါမောက္ခ Yanghee-Lee ကို မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးစုံစမ်းစစ်ဆေးသူအဖြစ် ခန့်ထားတာကိုလည်း နောက်ထပ်တနှစ် သက်တမ်းတိုးလိုက်ပါတယ်။

ဆုံးဖြတ်ချက်မူကြမ်းကို အဖွဲ့ဝင် ၃၂ နိုင်ငံက ထောက်ခံပြီး တရုတ်၊ ဖိလစ်ပိုင်၊ ကျူးဘား၊ ဗင်နီဇွဲလားနဲ့ ဘူရွန် ဒီနိုင်ငံတွေက ကန့်ကွက်မဲပေးပါတယ်။ ဂျပန်၊ နီပေါလ်နဲ့ တောင်အာဖရိကအပါအဝင် ၁၀ နိုင်ငံကတော့ မဲ မပေး ကြားနေခဲ့ကြပါတယ်။
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */