" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, November 8, 2017

( 08.11.2017 ) ရခိုင်ပြည်နယ် အခြေအနေနှင့် ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေးကောင် စီ ဥက္ကဋ္ဌ၏ ထုတ်ပြန်ချက် အပေါ် မြန်မာ အမြဲတမ်း ကိုယ်စား လှယ်က မိန့်ခွန်းပြန် လည်ပြောကြား

ရခိုင်ပြည်နယ် အခြေအနေနှင့် ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင် စီဥက္ကဋ္ဌ၏ထုတ်ပြန်ချက်အပေါ် မြန်မာအမြဲတမ်း ကိုယ်စားလှယ်က မိန့်ခွန်းပြန်လည်ပြောကြား

နေပြည်တော် နိုဝင်ဘာ ၇



ရခိုင်ပြည်နယ်အခြေအနေနှင့်ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီဥက္ကဋ္ဌ၏ ထုတ်ပြန်ချက် (Statement by the President of the Security Council-PRST) တစ်ရပ်ထုတ်ပြန်ရန် လုံခြုံရေးကောင် စီတွင် တံခါးဖွင့် အ စည်းအဝေးတစ်ရပ်ကို နိုဝင်ဘာ ၆ ရက် မွန်းလွဲ ၃ နာရီတွင် နယူးယောက်မြို့၊ ကုလသ မဂ္ဂဌာနချုပ်၌ ကျင်း ပသည်။ ရခိုင်ပြည်နယ်နှင့် စပ်လျဉ်း၍ လုံခြုံရေးကောင်စီ၌ ဆုံးဖြတ်ချက် တစ်ရပ်ကိုချ မှတ်ရန် ကြိုးပမ်း ခဲ့သော်လည်း သဘောတူညီမှုမရခဲ့သဖြင့် ဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်ကို အတည်ပြုချမှတ် ခဲ့ခြင်း ဖြစ်သည်။

အဆိုပါအစည်းအဝေးတွင် ယင်းထုတ်ပြန်ချက်နှင့်ပတ်သက်၍ နယူးယောက်မြို့၊ မြန်မာ အမြဲတမ်းကိုယ်စား လှယ် ဦးဟောက်ဒိုဆွမ်းက သဘောထားရပ်တည်ချက် မိန့်ခွန်းတစ်ရပ်ကို ပြောကြားခဲ့သည်။

ထိုသို့ပြောကြားရာတွင် အောက်ပါအချက်များကို ထည့်သွင်းဖော်ပြခဲ့သည်-

- မြန်မာနိုင်ငံ၏ အခြေအနေနှင့်ပတ်သက်၍ ဏျွှ ချမှတ်ခဲ့ခြင်းအပေါ် များစွာ စိုးရိမ်မကင်းဖြစ်မိပါကြောင်း၊

- ထိုထုတ်ပြန်ချက်သည် ရခိုင်ပြည်နယ်အတွင်း စိန်ခေါ်မှုများအား ဖြေရှင်းရေးအတွက် မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်ချက်များကို အပြည့်အဝ အသိအမှတ်ပြုနိုင်ခဲ့ခြင်း မရှိခဲ့ကြောင်း၊

- ယင်းထုတ်ပြန်ချက်တွင် လူမျိုးစုအမည်နှင့် ပတ်သက်၍ အငြင်းပွား ဖွယ်ရာ အသုံးအနှုန်းအား ဖော်ပြ ထားခြင်း သည် ပြဿနာဖြေရှင်းရန် အထောက်အကူပြုစေမည် မဟုတ်သဖြင့် ပြင်းထန်စွာ ငြင်းပယ်ပါ ကြောင်း၊

- ယင်းထုတ်ပြန်ချက်သည် ပြဿနာကိစ္စရပ် ဖြေရှင်းရေးအတွက် မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုများကို အထောက်အကူ ဖြစ်စေ မည် မဟုတ်သည့်အပြင် မတူညီသော ဘာသာရေးအသိုက်အဝန်းများ အကြား ကွဲပြား၊ တင်းမာမှုများကို ပိုမို မြင့်မားစေမည်ဖြစ်ပြီး မြန်မာနိုင်ငံအပေါ် မလိုလားအပ်သော နိုင်ငံရေး ဖိအား များကိုလည်း တိုးပွားစေပါကြောင်း၊

- ယင်းထုတ်ပြန်ချက်ပါ အချက်အချို့သည် ကုလသမဂ္ဂနှင့် အခြားသော အဖွဲ့အစည်းများ၏ လုပ်ငန်းတာ ဝန်များကိုလည်း ထိခိုက်စေပါကြောင်း၊ ဤကိစ္စရပ်ကိုပင် ကုလသမဂ္ဂအထွေထွေညီလာခံ၏ တတိယကော် မတီနှင့် လူ့အခွင့်အရေးကောင်စီတို့၌လည်း ထည့်သွင်းဆွေးနွေးလျက် ရှိ ကြောင်း၊ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအဖွဲ့ဝင်များ အပါအဝင် ကိုယ်စားလှယ်များမှ ကုလသမဂ္ဂအဖွဲ့အစည်းများ၏ လုပ်ငန်း တာဝန် များထပ်နေမှုနှင့် ဘဏ္ဍာငွေ အလွန်အကျွံသုံးစွဲမှုတို့ကို ရှောင်ရှား ကြရန် ထောက်ပြပြောကြားနေ ချိန်မျိုးတွင် ဤကိစ္စအား ထပ်ခါတလဲ ဆွေးနွေးရန် မလိုအပ်ပါကြောင်း၊

- မြန်မာအစိုးရသည် အိမ်နီးချင်းကောင်းစိတ်ဓာတ်ဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း၊ ပြီးခဲ့သည့်လအတွင်း ဝန်ကြီးအဆင့် ခရီးစဉ်များ အပြန်အလှန် သွားရောက်ခဲ့ကြပြီး၊ အောက် တိုဘာ ၂၄ ရက်တွင် နယ်စပ်ဆက်ဆံရေးရုံးများ ထူထောင် ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာနှင့် လုံခြုံ ရေးဆွေးနွေးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ(၂)ရပ်ကို လက်မှတ်ရေးထိုး နိုင် ခဲ့ကြောင်း၊

- မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသူများနှင့် နေရပ်စွန့်ခွာ ထွက်ပြေးသူများအား မိမိတို့ဆန္ဒအလျောက် လုံခြုံ ဘေးကင်းစွာဖြင့် သိက္ခာရှိရှိ နေရပ်သို့ပြန်လာနိုင်ရေးနှင့် ပြန်လည်ပို့ ဆောင်နိုင် ရေးတို့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်အတူ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊

- ထိုထုတ်ပြန်ချက်တွင် ၂ဝ၁၇ ခုနှစ်၊ သြဂုတ် ၂၅ ရက်က ဖြစ်ပွား ခဲ့သည့် တိုက်ခိုက်မှုများအား အကြမ်းဖက် လုပ် ရပ်အဖြစ် ဖော်ပြခြင်း မရှိမှုအပေါ် စိတ်ပျက်မိပါကြောင်း၊

- မိမိတို့အနေဖြင့် မည်သည့်ပုံစံဖြင့် ကျူးလွန်သည့် အကြမ်းဖက်မှု မျိုးကိုမျှ လက်ခံနိုင်မည်မဟုတ်ကြောင်း၊

- မြန်မာနိုင်ငံအနေဖြင့် ယင်းထုတ်ပြန်ချက်ပါ အချက်အချို့ကို ကန့်ကွက် လင့်ကစား ရခိုင်ပြည်နယ် ကိစ္စရပ် တွင် ရေရှည်တည်တံ့မည့် ဖြေရှင်း မှုရရှိရေးအတွက် သန္နိဋ္ဌာန်ချမှတ်ကာ ဆောင်ရွက်လျက်ရှိပါ ကြောင်း၊

- ရခိုင်ပြည်နယ်တွင် နေထိုင် သူအား လုံးအတွက် ရေရှည်တည် တံ့မည့် ငြိမ်း ချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုရ ရှိစေရန် ကုလသမဂ္ဂနှင့် အခြား စိတ်ဝင်စား aသာ အဖွဲ့အစည်းများ အပါအဝင် နိုင်ငံတကာအသိုက် အဝန်းနှင့် လက် တွဲဆောင်ရွက်သွားရန်လည်း သန္နိဋ္ဌာန် ချမှတ်ထား ပါကြောင်း။

ထို့အပြင် အမြဲတမ်းကိုယ်စားလှယ်က ရခိုင်ပြည်နယ်အရေးကိစ္စ ဖြေရှင်းရေးနှ င့် ပတ်သက်၍ မြန်မာနိုင်ငံ၏ ကြိုးပမ်း aဆာင်ရွက်ချက်များကိုလည်း ထည့်သွင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */