" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, May 24, 2012

2-သမတ အကြံပေး ကိုကိုလှိုင် ဖြုတ်ဦးနှောက်က ထွက်လာ တဲ့ အကြံ




သမတရဲ့ နိုင်ငံရေးအကြံပေးအဖွဲ ့ ခေါင်းဆောင် ကိို ကိုလှိုင် အကြောင်း စပြီးပြောပြဖို့ ဖေါ်ပြဖို့ လို ပါပြီ။ ဒီ နိုင် ငံရေးအကြံ ပေးအဖွဲ့ ခေါင်းဆောင် ကို ကို လှိုင်ကို မြန်မာ့ရုပ်မြင်သံကြား MRTV 4 ကြည့် ဖူး သူတွေ ကတော့ မြင်တွေ့ မှာပါ။ နိုင်ငံတ ကာ ရေး ရာတွေကို မစားရဝခမန်း လျှာအရိုး မရှိတဲ့ အ တိုင်း ပြောနေ သူတဦးဆိုတာကို။


တကယ်တော့ ကိုကိုလှိုင်ဟာ ဒီ နအဖလက် ပါးစေ အကြီးစားတဦးပါ။ စာရေးဆရာ လိုလို နိုင်ငံတ ကာရေး ရာ သုတေသီ လိုလိုနဲ့ နအဖပြန် ကြားရေး ဝန် ကြီး ကျော်ဆန်း ရဲ့သတင်းနဲ ့စာနယ်ဇင်းလုပ်ငန်းမှာ အကြံပေး အရာရှိအဖြစ် လုပ်နေခဲ့သူပါ။ ၁၉၇၆ ခုနှစ် က ပြင်ဦးလွင် DSA စစ်တက္ကသိုလ်ဆင်းဖြစ်ပြီး ကက ကြည်း မှာ တာဝန်ယူခဲ့ကာ ၂၀၀၄ ခုနှစ်အထိ စစ် ဦး စီး (ပထမတန်း) သုတေသနအဆင့်နဲ့ နအဖ သန်းရွှေတို့အတွက် အကြီးစားလက်ပါးစေ ဖြစ်ခဲ့သူပါ။ ဒီလို နအဖပြန်ကြားရေး ဝန်ကြီး ကျော်ဆန်း လက်အောက် မှာ သတင်းနဲ့ စာ နယ်ဇင်းလုပ်ငန်း အကြံပေး အရာ ရှိ ဖြစ်နေခဲ့ချိန်မှာ နအဖတို့ရဲ့ဝါဒဖြန့် ချိရေးခြေ လှမ်း တခုဖြစ်တဲ့ နိုင်ငံရေး သတင်းဂျာနယ် ဆိုပြီး Northern Star Journal ကို စတင် ထုတ်ခဲ့ တဲ့သူတွေ ထဲက တ ဦးပါ။ ကိုကိုလှိုင် တို့ဟာ ဒီ Northern Star ဂျာနယ်ကနေ ကလောင်အမည်ခွဲတွေ အမျိုးမျိုးနဲ့ သူရဲဘောကြောင်စွာ ဆောင်းပါးတွေကို အမည်ရင်းတွေ မဖေါ်ရဲဘဲ ရေး သားခဲ့ကြပါတယ်။

ကိုကိုလှိုင်ဟာ ဖော်လံဖားလုပ်ပြီး နအဖသန်းရွှေရဲ့အတု အယောင်အမျိုးသားညီလာ ခံအောင်မြင်ရေး အတွက် ကလောင်နာမည် အမျိုးမျိုးနဲ့ ဆောင်းပါးတွေရေးခဲ့တယ်။ အာဏာရှင် သန်းရွှေ အ လိုကျ ဆောင်း ပါးတွေ ရေးသားဖေါ်ပြခဲ့တယ်။ သိန်းစိန် အခုသမတဖြစ်လာတဲ့ နောက်ခံ ပါတီကြံ့ဖွတ်က စိမ်း လဲ့ရွှေပြည်နဲ့ နွယ်သာ ကီဂျာနယ်စာစောင်တွေကို ထုတ် နေချိန်မှာ တဘက်ကလည်း ကိုကိုလှိုင်တို့က ဒီ Northen Star ဂျာနယ် ကို ထုတ်ခဲ့ကြပါတယ်။ နအဖလက်ပါးစေ အကြီး စား ကိုကိုလှိုင် တို့ဟာ မြန် မာ ပြည် သူလူထုခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်ကို တိုက်ခိုက်ဝေဖန် တဲ့ဆောင်းပါးတွေ ကို ရေး သား ခဲ့ကြတယ်။

နအဖလက်ပါးစေအကြီးစား ကိုကိုလှိုင်ရဲ့ကလောင်အမည် ခွဲတွေထဲမှာတော့စည် သူအောင်၊ကိုကိုလှိုင် (မြင်းမူ) နဲ့ လှိုင် အောင် ဆိုတဲ့အမည်တွေက အများဆုံး အမည်ခံရေး သားပါတယ်။ မြန်မာပြည်မှာ နာဂစ် မုန်တိုင်းဝင် တိုက်ပြီးမုန်တိုင်းဒဏ်သင့်ဒေသတွေက မြန်မာပြည်သူပြည်သားတွေ သေ လုမြောပါး ဘေးဒုက္ခြ ကုံနေ စဉ်အတွင်း မှာ နအဖရဲ့ဝါဒဖြန့်ချိရေးသတင်းစာထဲမှာပါလာတဲ့ ဆောင်းပါးတ ပုဒ်ကြောင့်ဖတ် ရသူ သိ ရသူ တိုင်း ဒေါသ အမျက် ထွက်ခဲ့ရတဲ့အဖြစ်အပျက်တခုကို ပြန်လည်ဖေါ်ပြလိုက်ရ ပါတယ်။

၂၀၀၈ ခုနှစ်၊ မေလ (၂၉) ရက်နေ ့ထုတ် နအဖရဲ့ကြေးမုံသတင်းစာ စာမျက်နှာ (၈) မှာ “နှစ်အကူးမှာတော့ ပုရစ်ဖူးတို့ ဝေကြပေလိမ့်မည်”ဆိုတဲ့ ဆောင်းပါးပါ။ ဒီဆောင်းပါးထဲမှာ နာဂစ်မုန်တိုင်းကြောင့် သစ်ပင်တွေ ပြိုလဲရှင်းသွားတာကြောင့် ရွှေတိဂုံဘုရားကြီး အထက်ပစ္စယံအနားထိကို အိမ်ဝရံတာကနေ လှမ်းဖူးမြော်ခွင့် ရတာ မို့နာဂစ် မုန်တိုင်းကြီးကို ကျေးဇူးတင်ရတယ်ဆိုပြီး အစချီကာ ရေးသားခဲ့ပါတယ်။ ကြောက် မက် ဖွယ် နာဂစ် မုန်တိုင်းတိုက်ခိုက်မှုကို သိန်းပေါင်းမြောက်မြား စွာသော မြန်မာပြည် သူတွေ သေကြေ ပျက်စီး ဒုက္ခရောက် နေချိန်မှာ ဒီလိုရေးသားမှုဟာ အင်မတန် မသင့်လျော်လွန်းလှ တာကို အားမရသေးဘဲ၊ နအဖသန်းရွှေတို့ရဲ့ နာဂစ်မုန်တိုင်း ခုတုံးလုပ် ဒေါ်လာငွေ တောင်းရမ်းကောင်းဖို့အတွက် အလိမ် အညာ ဟန်ပြလုပ်ရပ်တွေကို ချီးမွန်းရေးသားပြထားပြီး၊ ဆောင်းပါးနောက်ဆုံးမှာ နိုင်ငံတကာက နာဂစ်မုန်တိုင်း အလှူ ပစ္စည်းတွေ အစား အသောက်တွေထက် ချောင်းမြောင်းထဲမှာ ငါးရှာစား၊ ဖားရှာ စားဖို့ ကို ပြော ဆိုရေး သား ထားတာကတော့ အလွန်ကို မိုက်ရိုင်းစော်ကားလိုက်ခြင်းပဲ ဖြစ်ပါတယ်။

မြန်မာပြည် သူပြည်သားမုန်တိုင်းဘေး ဒုက္ခသည်တွေကို နိုင်ငံတကာပြည်သူများကကိုယ်ချင်း စာ ပြီး စေတ နာ ထက်သန် စွာနဲ့ ပေးပို့လှူဒါန်းကြတာ ကိုကိုယ်ကိုတိုင်လည်း မကူညီသူများ ကူညီတာ လည်းနှောင့် ယှက် ကြတဲ့သန်းရွှေတို့ အာဏာရူးတွေဘက် ကို ဖော်လံဖားပြီး ရေးသား တာထက်ပိုပြီး ဒုက္ခရောက်နေ ကြသူ မြန် မာပြည် သူပြည်သားတွေ ကိုကို်ယ်ချင်းစာ တရား ခေါင်းပါးစွာ နဲ့ဒီဆောင်းပါရေး သားသူ “လှိုင်အောင်” ဆိုသူက တော့ အခု သိန်းစိန်ရဲ့ နိုင်ငံရေးအကြံပေးအဖွဲ့ ခေါင်း ဆောင် “ကိုကိုလှိုင်” ပဲ ဖြစ်ပါ တယ်ဆိုတာ အများပြည်သူ သိရအောင် ဖေါ်ပြလိုက်ရပါတယ်။

ဒီလိုဆောင်းပါးရေး သားပြီး မြန်မာပြည် သူပြည်သားတွေကိုစော်ကားခဲ့ သူလှိုင်အောင်အမည်ခံ လူယုတ်မာ ကိုကိုလှိုင် ရဲ့ ဆောင်းပါးကို အပြည့်အစုံ ပြန်လည်ဖေါ်ပြ လိုက်ပါတယ်။ဆောင်း ပါးရှင် လှိုင်အောင် က “လူပေါင်း သန်းနှင့်ချီတဲ့ မြစ်ဝကျွန်းပေါ်မှာရှိတဲ့နာဂစ် လေဘေးဒုက္ခသည်တွေဟာ” နိုင်ငံတကာ အကူ အ ညီ မလို ဘူး၊ဖားရိုက် စားပြီးနေလို့ရတယ်” …. ဒါ့ အပြင်“ရွှေတိဂုံဘုရား စိန်ဖူးတော်ကို မြင်ရလို့၊ လူ ၁သိန်း ခွဲကျော်သေဆုံး၊ (၂.၅) သန်း အိုးမဲ့အိမ်မဲ့ ဖြစ်စေ ခဲ့တဲ့ လူသတ် နာဂစ်မုန်တိုင်းကို် ကျေးဇူးတင်ပါတယ် ဆိုတဲ့အကြောင်း” ဦးနှောက်မရှိ၊ လူသားမဆန်တဲ့ အောက်တန်းကျကျ ရေးသားထားတာကို ဖတ်ရသူတိုင်း သိရသူတိုင်းက ဒီဆောင်းပါးရှင် ကို ဘယ်သူဘယ်ဝါဆိုတာ မသိခဲ့ကြပါဘူး။ ဆောင်းပါးရှင်ကို ကြိုးနဲ့ တုတ် ပြီး မုန်တိုင်းဒဏ်ခံ ခဲ့ရတဲ့ ဧရာဝတီမြစ်ဝကျွန်း ပေါ်ဒေသက ချောင်းမြောင်းတွေထဲ သွားပစ်ချပြီး သေဆုံးသွားရတဲ့ ပြည်သူတွေ အလောင်းတွေကြားထဲ နှစ်သတ်ပြီး သူ့ကို ငါးစာ ဖားစာ လုပ်ပစ် ချင်လောက် တဲ့ထိ အများပြည်သူတွေ ဒေါသ ထွက်ကြရပါတယ်။

ငါးရှာစား ဖားရှာစားဆိုပြီး ပြောခဲ့တဲ့ လှိုင်အောင် ကတော့ အာဏာရူး သန်းရွှေ တို့ရဲ့လက်ပါးစေအကြီးစား ယခု သိန်းစိန် ရဲ့ နိုင်ငံရေးအကြံပေးခေါင်းဆောင်လုပ်နေတဲ့ ကိုကိုလှိုင် ဖြစ်တယ်ဆိုတာ ပြည်သူအများ သိကြပြီမို့ ဒီ လူယုတ်မာ ကိုကို လှိုင် ကို ငါးစာ ဖားစာကျွေးဖို့ ဆောင်ရွက်ကြဖို့ပဲ လိုပါတော့တယ်။

ယခုလည်း မြန်မာပြည်သူပြည်သားတွေမီးမလာလို့အမှောင်ထဲမှာ နေ့စဉ် နေထိုင်နေရတဲ့ဘဝ၊ ရေမရှိလို့ ရေ ငတ်ဒဏ်ကို ခံစားနေကြရတဲ့ ဘဝတွေကို ကိုယ်ချင်းမစာသူတွေထဲမှာ ကိုကိုလှိုင် လည်း ထိပ်ဆုံးထဲက တယောက်ဖြစ်နေပြန်ပါပြီမို့ ကိုကိုလှိုင်ကို ပြည်သူ့ပေးတဲ့ အပြစ်ဒဏ်ခံစေဖို့သာ ရှိပါတော့တယ်။

ဒီ လူယုတ်မာ ကိုကိုလှိုင် ကသမတအကြံပေးတက် လုပ်နေပြီးလျှပ်စစ်မီးမလာ လို့ဆန္ဒပြကြ တဲ့ ပြည် သူတွေကို အကြံ ပေးတဲ့ စကားတဲ့ “ဂျပန်မှာ Nuclear Facility တွေ ပြတ်သွားတယ်။ အဲ့ဒါ နဲ့ ကြောက် လန့်ပြီး Nuclear Plant တွေ အကုန် ပိတ်တယ်။ အခု စက်ရုံ ၄၀ မှာ နှစ်ခုပဲ ကျန်တယ်။ ဒါပေမယ့်ဂျပန်မှာ မီးမပျက်ဘူး။ ဘာ ကြောင့်လဲဆိုတော့ပြည်သူက ခြိုးခြံချွေတာတယ်။ အဲ့ဒီတော့ စေတနာ နဲ့ ပြောချင်တာက ကျနော်တို့ကလည်း ဖယောင်းတိုင်တွေကို ကိုယ့်အိမ်မှာ ကိုယ် ထွန်းပြီး မီးလေး ပိတ်ထားလိုက်ကြပါ။ အားလုံးအဆင်ပြေ သွား ပါလိမ့် မယ်။” လို့ ပြောသွားပါတယ်။ ဒီနေ့ နိုင်ငံတော် သမတ အကြံပေးအဖွဲ့ရုံး ခန်း တွင် ပြုလုပ်တဲ့ သတင်း စာရှင်း လင်းပွဲမှာ ပြောသွားတာပါ။

လျှပ်စစ်မီးထုတ်လုပ်တယ်ဆိုတာ ရေလာမှာ ဖြစ်တာလားဆိုတာနဲ့၊ အခုမှ လျှပ်စစ်မီးက မလာတာလား၊ အခုမလာ တဲ့ ရေ ကြောင့် မြန်မာပြည်ကြီး လျှပ်စစ်မီး မရတာလားဆိုတာတွေကို မေးမြန်းလိုပါတယ်။

ပြည်သူအပေါ်မှာ စာနာတရား လုံးဝမရှိတဲ့ ကိုကိုလှိုင် ရဲ့ ဖြုတ်ဦးနှောက်က ထွက်လာတဲ့ အကြံ၊ ပြည် သူ ့မျက်နှာ ကို ငဲ့ ညှာကြည့်ဖေါ်မရတဲ့ ကိုကိုလှိုင် ရဲ့ ပါးစပ်ကထွက်ဆိုရဲတဲ့စကားတွေကို လက်ခံကြ တဲ့ သူတွေ အကြံပေး တဲ့သူရော အကြံ ယူတဲ့ရော အတူတူနဲ့အနူနူကြီးပဲလို့ ယဉ်ယဉ်ကျေးကျေး ပဲ ပြော လိုက် ရပါတယ်။

နစ်နေမန်း

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */