" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, May 15, 2019

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု UNOCHA Ms. Ursula Mueller အဖွဲ့နှင့်ကမ္ဘာ့ဘဏ်မှ Senior Economist နှင့်အဖွဲ့တို့အား သီးခြားစီတွေ့ဆုံ

မြန်မာ့အလင်း
စစ်တွေ မေ ၁၃

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး လက် ထောက် အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေး ဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူးချုပ်နှင့် ကမ္ဘာ့ဘဏ်မှ Senior Economist နှင့်အဖွဲ့တို့အား သီးခြားစီတွေ့ဆုံ
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ညှိနှိုင်းရေးရုံးမှ လက်ထောက်အတွင်းရေး မှူးချုပ်နှင့် အရေးပေါ် ကယ်ဆယ် ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူးချုပ်Ms. Ursula Muellerနှင့်အဖွဲ့အား ယနေ့ နံနက် ၈ နာရီခွဲတွင် စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ဧည့်ခန်းမ၌ လက်ခံတွေ့ ဆုံသည်။
တွေ့ဆုံစဉ် တိုက်ပွဲရှောင်စခန်းများတွင် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများ မှ အထောက်အပံ့ အကူအ ညီပေးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ကုလသမဂ္ဂ၏ လူသားချင်း စာနာမှုဆိုင်ရာ တုံ့ပြန်ရေးအစီအစဉ် ဆောင် ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ် များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အလားတူ မွန်းလွဲ ၁ နာရီတွင် ကမ္ဘာ့ဘဏ်မှ Senior Economist Mr. Dr. Mauro Testaverde နှင့်အဖွဲ့အားလက် ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၊ ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်းဆိုင်ရာများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ သတင်းစဉ်

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */