" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, June 10, 2024

ရိုဟင်ဂျာအရေး ICJ ထပ်တိုးကြားဖြတ် အမိန့်တွေ ချပေးဖို့ရာ တောင်းဆိုမလား

BBC
Jun 8, 2024


ဒီတစ်ပတ် သတင်းမြင်ကွင်း အစီအစဥ်မှာတော့ ရိုဟင်ဂျာတွေ အပေါ် ကျူးလွန်ခဲ့တာတွေဟာ လူမျိုးတုန်း သတ် ဖြတ်မှု ဂျီနိုဆိုက် ကာကွယ်တားဆီးရေး ဆိုင်ရာ နိုင်ငံတကာ ပဋိညာဥ်ကို ချိုးဖောက်တဲ့ အထိ ဖြစ်ခဲ့တယ် ဆိုပြီး မြန်မာကို သဟေ့ဂ်မြို့ အခြေစိုက် အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ တရားစွဲထားတဲ့ ဂမ်ဘီယာနိုင်ငံရဲ့ ရှေ့ နေအဖွဲ့ကို ဦးဆောင်နေသူ မစ္စတာ အာဆလန် ဆူလေမန်နဲ့ ဘီဘီစီ မြန်မာပိုင်းတို့ရဲ့ သီးသန့် မေးမြန်းခန်းကို တင်ဆက် ပေးသွားမှာ ဖြစ်ပါတယ်။

မစ္စတာ ဆူလေမန်ဟာ ICJ အပါအဝင် နိုင်ငံတကာရုံးတော်တွေ ရှေ့မှောက် အချုပ်အခြာ အာဏာပိုင် နိုင်ငံတွေကြား ပေါ်ပေါက်တဲ့ အငြင်းပွားမှုတွေ၊ တရားစွဲဆိုမှုတွေမှာ အထူးကျွမ်းကျင်တဲ့ ဝါရင့် ရှေ့နေ တစ်ယောက် ဖြစ်ပြီး၊ ဝါရှင်တန် ဒီစီမြို့တော် အခြေစိုက် ဖိုလီဟော့ဂ် အယ်လ်အယ်လ်ပီ Foley Hoag LLP ရှေ့နေရုံးက ထိပ်တန်း ရှေ့နေတစ်ယောက် ဖြစ်ပါတယ်။

အခုတစ်ပတ် အစီအစဥ်မှာတော့ ဒီအမှုရဲ့ လတ်တလော တိုးတက် ပြောင်းလဲလာမှုတွေက ဘာလဲ ... ICJ ကနေ ရိုဟင်ဂျာဂျီနိုဆိုက် အမှုကိစ္စ အတွက် ဆုံးဖြတ်ချက် ချပေးဖို့ရာ အများပြည်သူကြားသိခွင့်ရှိတဲ့ ကြားနာပွဲ ပြုလုပ်လာတော့မလား စတာတွေနဲ့ အတူ ....

အခု အမှု ကိစ္စဟာ ရခိုင်မှာ လက်ရှိ ပေါ်ပေါ်နေတဲ့ မြေပြင် အခြေအနေတွေကို ထင်ဟပ်ရဲ့လား ... ဂျီနိုဆိုက် စွပ် စွဲမှု အတွက် မြေပြင် သက်သေ အထောက်အထားတွေ မပျောက်ပျက်အောင် ထိန်းသိမ်းရမယ် ဆိုတဲ့ ICJ ရဲ့ ကြားဖြတ် အစီအမံကို လေးစား လိုက်နာဖို့ရာ လက်ရှိ ပေါ်ပေါက် နေတဲ့ တိုက်ပွဲတွေကိုပါ ရပ်တန့်ပါဆိုတဲ့ ကြားဖြတ်မိန့် ထုတ်ပေးဖို့ ICJ ထံ တောင်းဆောင်လာဖွယ်ရှိလား ....

တခါ၊ အရေးကြီးဆုံးကတော့ ... ဂါဇာတောင်ပိုင်း ရာဖာမြို့မှာ ဆက်မတိုက်ခိုက်ဖို့ ICJ က အစ္စရေးကို ကြားဖြတ် အမိန့် ထုတ်ခဲ့ပေမယ့် အစ္စရေးက ဆက်လက် တိုက်ခိုက်ခဲ့တာကို ဥပမာထားပြီး ICJ ရဲ့ အမိန့်တွေကို တကယ် တမ်း သက်ဝင်လာအောင် ဘယ်လိုမျိုးတွေ လုပ်နိုင်လဲ စတဲ့ အချက်တွေကို ဒီတစ်ပတ် အသေးစိတ် ဆွေးနွေးသွားဖို့ ရှိပါတယ်။
  Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */