RFA
လွတ်လပ်တဲ့အာရှအသံ
2013.11.15
မြန်မာနိုင်ငံကိုရောက်နေတဲ့ အိုအိုင်စီ ခေါ် အစ္စလာမစ်နိုင်ငံများ ပူးပေါင်းရေးအဖွဲ့ဟာ ဒီကနေ့ မနက်က ရခိုင် ပြည်နယ်ကို သွားရောက်ခဲ့ပါတယ်၊ OIC အဖွဲ့ရဲ့ နေ့ချင်းပြန်ခရီးစဉ်အတွင်း သက်ဆိုင်ရာပြည်နယ် အစိုးရအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့သလို မောင်တောနဲ့ စစ်တွေမြို့နယ်က သက်ကယ်ပြင ်ဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာခဲ့တယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောခွင့်ရသူ ဦးဝင်းမြိုင်က ပြောပါတယ်။
