" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, February 20, 2021

စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော် မတီ

စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ
General Strike Committee (GSC)
ကြေငြာချက်အမှတ် ၁/၂၀၂၁
နေ့စွဲ။ ။၂၀ ဖေဖော်ဝါရီ ၂၀၂၁၊


၁။ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းချိန်မှစတင်၍ မိမိတို့တိုင်းပြည်၏ ပြည်တွင်းစစ်မှာ ပိုမိုပြင်းထန်လာခဲ့ပြီး စီးပွါး ရေး၊ လူမှုရေး၊ ပညာရေးအစရှိသဖြင့် ဘက်စုံနိမ့်ကျခဲ့ရသည်။ ပြည်သူလူထု၏ အထွေထွေမကျေနပ်မှုများ ကြောင့် ၁၉၈၈ ခုနှစ်တွင် ရှစ်လေးလုံးအရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့ရသော်လည်း စစ်အာဏာသိမ်းမှုနှင့် သာ အဆုံးသပ်ခဲ့ပြီး စစ်အာဏာ ရှင်လက်အောက် ထပ်မံကျရောက်ခဲ့ရပြန်သည်။ ပြည်သူလူထုဆန့်ကျင်ကန့်ကွက် ခဲ့ သည့်ကြားမှပင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အဓမ္မအတည်ပြုခဲ့ပြီး ၂၀၁၀ ထွေ‌ထွေရွေးကောက်ပွဲကို ကျင်း ပကာ ဒီမိုကရေစီ အတုအယောင်ကို ပေးအပ်ခဲ့သည်။

၂။ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာရွေးကောက်ပွဲတွင် မဲမသမာမှုများရှိခဲ့သည်ဆိုသော အကြောင်းပြချက်ဖြင့် ၎င်းတို့ရေးဆွဲ ခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပင် မလိုက်နာတော့ပဲ ၁၊၂၊၂၀၂၁ ခုနှစ်တွင် စစ်တပ်သည် တ ရားဝင်အစိုးရထံမှ အာဏာ သိမ်းယူခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ေ အာင်ဆန်းစုကြည် အပါ အဝင် အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်အမတ်များ၊ ဝန်ထမ်းများ၊ အရပ်သားများ နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ အား ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

၃။ ထိုသို့ စစ်အာဏာသိမ်းသည့်နေ့တွင်ပင် ကျန်းမာရေးဝန်ထမ်းများမှ စတင်ကာ နိုင်ငံ့ဝန်ထမ်းများသည် အာ ဏာဖီဆန် ရေးလှုပ်ရှားမှု CDM (Civil Disobedience Movement) ကို ဖော်ဆောင်ခဲ့ကြသည်။ ၆၊ ၂၊ ၂၀၂၁ ရက်နေ့မှစတင်ကာ နိုင်ငံတဝှမ်းလုံးရှိ ပြည်သူအပေါင်းတို့သည်လည်း စစ်အာဏာသိမ်းစစ်အုပ်စုအား လမ်းပေါ် ထွက်၍ ဆန့်ကျင်ဆန္ဒပြ တိုက်ပွဲ ဝင်ခဲ့ကြသည်။

၄။ ယခုအခါ စစ်အာဏာရှင် ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုသည် အရှိန်အဟုန်ကောင်းနေပြီး ပိုမိုအား ကောင်း ရန် လိုအပ် နေသည်။ ထို့ကြောင့် နိုင်ငံတဝှမ်းလုံးရှိ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုများအား ဟန် ချက်ညီ ပူးပေါင်းလုပ် ဆောင်နိုင်ရန်အလို့ငှါ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုပေါ်ပေါက်ရေးဟူသော ဘုံတူညီချက်များကို အခြေခံ၍ ဤ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီအား ဖွဲ့စည်းလိုက်သည်။

၅။ ယခုအထွေထွေသပိတ်ကော်မတီသည် အောက်ပါ လုပ်ငန်းစဉ်များအား ဆောင်ရွက်မည်။
(က) ဒေသအလိုက် သပိတ်ကော်မတီများ ဖွဲ့စည်းရေး၊
(ခ) CDM လှုပ်ရှားမှုတွင် ပါဝင်သူများအားကူညီပံ့ပိုးရေး၊
(ဂ) စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုတိုက်ပွဲများအား စုပေါင်းဖော်ဆောင်နိုင်ရေး၊
(ဃ) တိုက်ပွဲအရှိန်အဟုန်အားထိန်းညှိရေး၊
(င) လူထုလှုပ်ရှားမှုများအား စုပေါင်းကိုယ်စားပြုရေး၊

၆။ အထွေထွေသပိတ်ကော်မတီသည် ၂၀၂၀ ရွေးကောက်ပွဲရလဒ်အား ပြည်သူလူထု၏ ဆန္ဒအဖြစ် တရားဝင်မှု (legitimacy) အရ အသိအမှတ်ပြုသည်။ စစ်အာဏာရှင်စနစ်ကို ဦးတည်တိုက်ဖျက်မည်။ စစ်အာဏာကို တရား ဝင် ခွင့်ပြုထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား အပြီးတိုင် ဖျက်သိမ်းနိုင်သည်အထိ ကြိုးစားမည်။ ဖက် ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးကို လိုလားသည်။ ဖမ်းဆီးခံခေါင်းဆောင်များ လွတ်မြောက်ရေး ကို အစဉ်တစိုက် တောင်းဆိုမည်။

ဤစစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအထွေထွေသပိတ်ကော်မတီ General Strike Committee - GSC အား အောက် ပါ အဖွဲ့အစည်းများဖြင့် စတင်ဖွဲ့စည်းလိုက်ပြီး ဆက်လက်ပူးပေါင်းပါဝင်ကြရန် နှိုးဆော်လိုက်ပါသည်။

၁။ ရွေဝါရောင်သံဃာကွန်ယက်
၂။ ဖက်ဒရယ်ဒီမိုကရေစီဖော်ဆောင်ရေး ပြည်သူ့ကော်မတီ၊
၃။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
၄။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
၅။ အမျိုးသားညီညွတ်ရေးကွန်ဂရက်ပါတီ
၆။ ဝိမုတ္တိအမျိုးသမီးအဖွဲ့
၇။ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်
၈။ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ
၉။ ဒဂုံတက္ကသိုလ်ကျောင်းသားညီညွတ်ရေးတပ်ဦး
၁၀။ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့်လူငယ်များအစည်းအရုံး
၁၁။ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး
၁၂။ ဆေးတက္ကသိုလ်ပေါင်းစုံ သပိတ်ကော်မတီ
၁၃။ အင်ဂျင်နီယာသပိတ်ကော်မတီ
၁၄။ ၈၈ ရိုဟင်ဂျာကျောင်းသားများအသင်း၊
၁၅။ ၈၈ ကရင်မျိုးဆက်ကျောင်းသားများ၏လူမှုဖွံ့ဖြိုးရေးအသင်း (88 Karen Generation Students Development Organization-88KGSDO)
၁၆။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊
၁၇။ မြန်မာနိုင်ငံစာရေးဆရာများသမဂ္ဂ
၁၈။ ရန်ကုန်ရှေ့နေများ သပိတ်ကော်မတီ
၁၉။ ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်
၂၀။ ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂများအဖွဲ့ချုပ်
၂၁။ လူ့ဘောင်သစ်လူငယ်
၂၂။ Future Nation Alliance ( FNA)
၂၃။မြန်မာမွတ်စလင်အင်အားစု
၂၄။Voice of minorities
၂၅။ PLAN

ဆက်သွယ်ရန်ပုဂ္ဂိုလ်များ -
၁။ ဦးစန္ဒာသီရိ - ရွှေဝါရောင်သံဃာ့ကွန်ယက် - 095301364
‌၂။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) – 09955170688
၃။ ဦးအောင်မိုးဇော် - လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) – 09779003188
၄။ ကိုဝေယံဖြိုးမိုး - ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ABFSU) - 09960198553
၅။ ကိုကျော်ကိုကို - ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး (SDUF) – 09451323782
၆။ ကိုကျော်ကျော် - ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (ABFTU) 09760592128
၇။ ဒေါက်တာကောင်းမြတ် - ဆေးတက္ကသိုလ်ပေါင်းစုံသပိတ်ကော်မတီ – 09451777777
၈။ ဒေါ်သိန်းသိန်းမြင့် - ရန်ကုန်ရှေ့နေအသင်း -095164580
၉။ ကိုညီညီအောင် - ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့်လူငယ်များအစည်းအရုံး
 (AASYC) - 09771833475
General Strike Committee - GSC




No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */