ဦးဦးမှော်ဆရာ
28.11.2013
28.11.2013
ရခိုင်မှာ ရိုဟင်ဂျာ တွေကို အကြမ်းဖက် မီးရှို့သတ်ဖြတ် မှုတွေ စဖြစ်ပြီး တစ်နှစ်ကျော် လောက်ထိက နိုင်ငံ တကာ အဖွဲ့ အစည်း တွေနဲ့ စကား ပြောတဲ့ အခါ ရိုဟင်ဂျာ သမိုင်းကြောင်းနဲ့ ဒီပြဿနာ တွေကို ဘယ် သူ တွေက ဘယ်လို ဖန်တီး ခဲ့တယ် ဆိုတဲ့ ကိစ္စ တွေကို သူတို့ စိတ်ဝင် တစား နားထောင် ကြတယ်။ အဲ ဒီ နောက်ပိုင်း မှာတော့ တွေ့သမျှ အဖွဲ့ အစည်း တွေက သမိုင်း ကြောင်းတွေ၊ ဘယ်သူ တွေက ဘယ်လို လုပ်တာပါ ဆိုတာ တွေကို သိပ်စိတ်မဝင် စားတော့ဘဲ ဒီပြဿနာတွေ ပြေလည်အောင် နဲ့ နောင် ဒါမျိုးတွေ မဖြစ်အောင် ဘယ်လို လုပ်နိုင် မလဲ ဆိုတဲ့ မေးခွန်း ကိုပဲ စိတ်ဝင် တစား မေးတာ တွေ့ရတယ်။ ဒါကြောင့် ကျနော်လည်း ရိုဟင်ဂျာသမိုင်း ကြောင်းတွေ သိပ်မရေးဖြစ်တော့ဘဲ ဘယ်လို လမ်းကြောင်းနဲ့ sustainable solution ရှာရင် ရနိုင် မလဲ ဆိုတဲ့ အပိုင်းကို အာရုံ ပိုကျ မိတယ်။ ခုလည်း တကယ်တမ်း ကျနော့် ရေးလက် စ ဆောင်းပါးက တခြား အကြောင်း အရာပါ။ ဒါပေမဲ့ ဒီရက်ပိုင်း နည်းနည်း ဟော့ခဲ့တဲ့ သတင်း တချို့ကို ဖတ်ပြီးတော့ ရေးချင်စိတ် ဖြစ်လာလို့ ဒီဆောင်းပါး ရေးလိုက် ပါတယ်။
"ရိုဟင်ဂျာ" ဆိုတဲ့ လူမျိုး မရှိဘူးလို့ ငြင်းဆန် နေသူ များရဲ့ ဆိုလိုရင်းကို ကြည့်ရင် ဒီ `ရိုဟင်ဂျာ´ဆို သူ တွေက အင်္ဂလိပ် ခေတ်က လယ်ကူလီ လုပ်ဖို့ ရခိုင် ပြည်နယ် ဘက်ကို ဝင်လာပြီး ပြန်မသွား တော့ဘဲ အခြေချ နေထိုင် နေတဲ့ လူတွေပဲလို့ သံယောင် လိုက်ပြီး စွပ်စွဲ နေ တာပဲ တွေ့ရတယ်။ ဒီစွပ်စွဲချက် အရ ဆို ရင် ကူလီ မျိုးဆက် .. တနည်း ပြောရရင် အုပ်ချုပ် ရေးနဲ့ ဘာမှ မပက်သက်တဲ့ သာမာန် အုပ်ချုပ်ခံ လူတန်း စား သက်သက် ပေါ့ဗျာ။ ဒီတော့ အဲဒီ စွပ်စွဲချက် တွေက မှန်သလား၊ မမှန် ဘူးလား ဆိုတာ နည်း နည်း လောက် လေ့လာ ကြည့်ကြပါ။
၁၈၂၃ ခုနှစ်မှာ အိန္ဒိယကို အုပ်ချုပ် နေတဲ့ အင်္ဂလိပ်က မြန်မာ ဘုရင်နဲ့ စစ်ဖြစ်ခဲ့ပြီး ၁၈၂၆ မှာ ရန္တပို စာချုပ် ချုပ်ဆိုပြီး စစ်ပြေငြိမ်း ခဲ့တယ်။ ဒီစာချုပ် အရ ရခိုင်နဲ့ တနင်္သာရီ တိုင်းကို အင်္ဂလိပ် လက် ထိုးအပ် လိုက်ရ တယ်။ ရခိုင်မှာ အင်္ဂလိပ် အုပ်ချုပ်ရေး အဲဒီက စတယ်။ အဲဒီ အချိန်မှာ ဗြိတိသျှ အစိုးရက ကျေးရွာ အုပ်ချုပ် ရေးတွေကို နဂိုရှိနှင့် ပြီးတဲ့ ရွာသူကြီး တွေနဲ့ သူတို့ မျိုးဆက် တွေကို အစိုးရ အပေါ် သစ္စာခံ စေပြီး ဆက်လက် အုပ်ချုပ်စေ ခဲ့တယ်။ ဒီအကြောင်း တွေကို ရခိုင် ဒေသရဲ့ ဆပ်ကော်မရှင်နာ ချားလ်စ် ပါတန် က ၁၈၂၆ ဧပြီ (၂၆)ရက် နေ့စွဲနဲ့ ဗြိတိသျှ အစိုးရဆီ တင်ခဲ့တဲ့ အစီရင် ခံစာမှာ ပါ ပါတယ်။ အဲဒီ ရီပို့သ်မှာ ရခိုင် ဒေသရှိ ကျေးရွာ တွေနဲ့ ရွာသူကြီး တွေစာရင်းကို အသေးစိတ် ဖေါ်ပြထား တာတွေ့ ရတယ်။ ဒီစာရင်း တွေကို လေ့လာ ကြည့်ရင် ရိုဟင်ဂျာ မွတ်ဆလင် ရွာသူကြီး (၁၃) ဦးထိ ရှိတာတွေ့ ရပါတယ်။ ဗြိတိသျှ အစိုးရက ခုမှ ရောက်လာတဲ့ လယ်ကူလီ တွေကို ရွာသူကြီး ခန့်ခဲ့တယ် လို့ပြောတဲ့သူ ကတော့ ရူးနေလို့ ပဲဖြစ်မယ်။
နောက်ပြီး အဲဒီ ရီပို့သ်မှာ ရခိုင် ဒေသရဲ့ လူဦးရေကို ဖေါ်ပြ ထားတဲ့ အခါ မော့ဂ် ၆၀၀၀၀၊ မွတ်ဆလင် ၃၀၀၀၀၊ ဗမာ ၁၀၀၀၀၊ စုစုပေါင်း ၁၀၀၀၀၀ ခန့်လို့ ဖေါ်ပြ ထားပါတယ်။ ရိုဟင်ဂျာ လူမျိုး ဆိုတာလည်း မပါ သလို၊ ရခိုင် ဆိုတာလည်း လုံး၀ မပါ ပါဘူး။ ဒါကို လက်ရှိ မွေးတိုးနှုန်း ၂.၄% နဲ့ တွက်ကြည့်ရင် နောင် ၄၆ နှစ် အကြာ (၁၈၇၂) ခုနှစ်မှာ မွတ်ဆလင် လူဦးရေ (၈၉ ၃၁၄) ဦး ရှိလာပါ လိမ့်မယ်။
အောက်မှာ တွက်ပြ ထားပါတယ်။
S ( 1 + r ) ^ n ( r = birthrate )
၃၀၀၀၀ (၁ + ဝ.၀၂၄) ^ ၄၆ = ၈၉ ၃၁၃ . ၉၄
အောက်မှာ တွက်ပြ ထားပါတယ်။
S ( 1 + r ) ^ n ( r = birthrate )
၃၀၀၀၀ (၁ + ဝ.၀၂၄) ^ ၄၆ = ၈၉ ၃၁၃ . ၉၄
တကယ်လို့သာ စစ်တကောင်း ဘက်က ရိုဟင်ဂျာတွေ ရခိုင် ပြည်နယ် ထဲကို တံခါး မရှိ ဓါးမရှိ ဝင်လာ ခဲ့မယ် ဆိုရင် အဲဒီ (၁၈၇၂) ခုနှစ်မှာ သန်းခေါင် စာရင်းကောက် ကြည့်ရင် ခုတွက် ထားတဲ့ လူဦးရေထက် အဆ မတန် ပိုများ သွားမှာ ဖြစ်ပါတယ်။ ဒါဆို ဒီလို စွပ်စွဲ နေမှုတွေ မှန်၊ မမှန် ၁၈၇၂ ခုနှစ် သန်းခေါင် စာရင်းကို ပြန်ကြည့် ကြစို့။
ဒီစာရင်းကို ကြည့်ရင် အာရကန် နိစ် မွတ်ဆလင် ဆိုတာ ဒေသခံ တိုင်းရင်းသား တွေ ဖြစ်ကြောင်း၊အရေ အတွက် အားဖြင့် ၆၄၀၀၀ ရှိကြောင်း ဖေါ်ပြ ထားတာ တွေ့ရ ပါတယ်။ တကယ် ရှိရမဲ့ လူဦးရေထက် ပိုမ များတဲ့ အပြင် လူနှစ်သောင်းခွဲ လောက် လျော့နေ ပါသေးတယ်။ ခုခေတ် မွေးတိုးနှုန်း နဲ့ မတူလို့ ဆို ရင်တောင် အဲဒီ လောက် ကွာလိမ့်မှာ မဟုတ် ပါဘူး။ ဘာပဲ ဖြစ်ဖြစ် ၁၈၇၂ ခုနှစ် အထိ ပုံမှန် လူဦးရေ အ တိုင်းပဲ ရှိနေကြောင်း လက်ခံ နိုင်မယ်လို့ ယူဆ ပါတယ်။
ဒီသန်းခေါင် စာရင်းမှာ “(၁၈၂၉) ကနေ (၁၈၃၂) အတွင်း ရခိုင် ဒေသမှာ လူဦးရေ (၆၀.၈၆ %) ထိတိုး လာ ကြောင်း ဖေါ်ပြထား ပါတယ်။ ဘာကြောင့် ဒီလို တိုးလာ တာလဲ ဆိုတော့ ၁၇၈၄ ခုနှစ် ကနေ ၁၈၂၆ အထိ ရခိုင်ကို ဗမာ ဘုရင် ဘိုးတော် ဘုရား ဝင်သိမ်းတဲ့ စစ်ပွဲ တွေရယ်၊ ဗမာ နဲ့ အင်္ဂလိပ် ဖြစ်ခဲ့ တဲ့ စစ်ပွဲ တွေကြောင့် စစ်တကောင်း ဒေသ ဘက်ကို ထွက်ပြေး တိမ်းရှောင် နေခဲ့ သူတွေက တိုင်း ပြည် အေးချမ်း သွားတဲ့ အခါ နေရပ် ပြန်လာတဲ့ အတွက် ဖြစ်ပါတယ်” တဲ့..။
ဒီထိ ရှင်းသွားပြီ လို့ ထင်တယ်။
ဒီလောက်နဲ့ မကျေနပ် သေးရင် `ဂျိမ်းဘက်ဇ်တာ ရဲ့ အစီရင် ခံစာ (၁၉၄၁)´မှာ ဖေါ်ပြ ထားတာကို ကြည့် ပါ။
ဒီအစီရင် ခံစာ ထဲမှာတော့ “ဟိန္ဒူ တိုင်းကို အိန္ဒိယ လူမျိုး တွေလို့ ယူဆ သလိုမျိုး မွတ်ဆလင် တိုင်းကို အိန္ဒိယ လူမျိုးများ အဖြစ် ယူဆလို့ မရပါဘူး။ အာရကန်နိစ် မွတ်ဆလင် ဆိုတဲ့ မူလ ဒေသခံ တိုင်း ရင်း သား မွတ်ဆလင်တွေ အပြင်၊ `ကမန်´လို့ ခေါ်တဲ့ လူနည်းစု မွတ်ဆလင် တွေနဲ့ မော် လ မြိုင် ဒေ သဘက်မှ နှစ်ပရိ စ္ဆေဒ ရှည်ကြာစွာ အခြေဆိုက် နေထိုင် ခဲ့တဲ့ မွတ်ဆလင် တွေကိုတော့ အိန္ဒိယ မွတ် ဆလင် တွေအဖြစ် သတ်မှတ်လို့ မရ ပါဘူး” လို့ ဖေါ်ပြ ထားပါတယ်။ (မဆလခေတ် သမ္မတ ဦးနေဝင်းနဲ့ အနီးကပ် နေခွင့် ရခဲ့တဲ့ နိုင်ငံတော် ကောင်စီဝင် ရခိုင် အမျိုးသား ဦးလှထွန်းဖြူ တို့က အဆိုပါ `ဂျိမ်း ဘက်ဇ် တာရဲ့ အစီရင် ခံစာ( ၁၉၃၉)´ဟုဆိုသော အစီရင် ခံစာ အတု ဖန်တီးပြီး ဦးနေဝင်းဆီ တင် ပြ သွေးထိုး ခဲ့မှုကြောင့် နောင်အခါ နဂါးမင်း စစ်ဆင်ရေးတို့၊ (၁၉၈၂) နိုင်ငံသား ဥပဒေတို့ ပေါ်ပေါက် လာ ခဲ့ခြင်း ဖြစ်သည်။ (၁၉၃၉) ခုနှစ်ဟု ဖေါ်ပြ ထားသော အဆိုပါ အစီရင် ခံစာတွင် ၁၉၇၀ ခုနှစ်များ အထိ အကြောင်း အရာများ ပါနေခြင်း၊ မွတ်ဆလင် များအား ရခိုင်တို့ ခေါ်သည့် အတိုင်း `ကုလား´ ဟုသာ သုံးစွဲ ထားခြင်း၊ မူရင်း အစီရင် ခံစာမှာ (၁၉၄၁) ဖြစ်ခြင်း စသည့် မြောက်မြား စွာသော လွဲချော်မှု များကို ထောက် ရှု၍ 'အစီရင်ခံစာ အတု' ဟု ကျနော် ပြောခြင်း ဖြစ်သည်။ ဤကား စကားချပ်။)
တဆက်တည်း ဖေါ်ပြ လိုတာက ၁၉၄၈ နိုင်ငံသား ရွေးချယ်ရေး အက်ဥပဒေ ထွက်လာတဲ့ အခါ နိုင်ငံသား အဖြစ် လျောက်ထား နိုင်ကြောင်း ကြေငြာ ခဲ့သည့် အတွက် ဘူးသီးတောင် မြို့နယ်မှ ဦးအဗ်ဒူ ဇော်လီ ဆို သူက (၁၉၄၉) ဒီဇင်ဘာလ (၁၈)ရက်နေ့စွဲဖြင့် နိုင်ငံသား အဖြစ် လျောက်ထား ရာ နိုင်ငံသား ရွေး ချယ်ရေး အရာရှိ ဖြစ်သူ ဦးသာဇံ က (၁၉၄၉) ခုနှစ် ဒီဇင်ဘာလ (၃၁) ရက်နေ့စွဲဖြင့် “သင်သည် မြန် မာ နိုင်ငံ၏ တိုင်းရင်းသား မျိုးနွယ်စုဝင် လူမျိုးတစ်ဦး ဖြစ်သောကြောင့် နိုင်ငံသားအဖြစ် (ဤဥပဒေအ ရ) လျောက် ထား ရန် မလိုပါ။” လို့ အကြောင်း ပြန်ကြား ခဲ့သည်။ (ထိုအရာရှိ ဦးသာဇံ ဆိုသူမှာ ယခု လက် ရှိ ရန်ကုန်တိုင်း ရခိုင် တိုင်းရင်းသား ရေးရာဝန်ကြီး ဇော်အေးမောင် ၏ အဖိုးဟု သိရသည်။) ခု ကျနော် တင်ထားတဲ့ စာရွက်က မိတ္တူ ဖြစ်ပါတယ်။ ဦးခင်ရီ တို့ဆီ မှာလည်း ဒီစာရဲ့မိတ္တူ ရှိနေကြောင်း သိရတယ်။
တဆက်တည်း ဖေါ်ပြ လိုတာက ၁၉၄၈ နိုင်ငံသား ရွေးချယ်ရေး အက်ဥပဒေ ထွက်လာတဲ့ အခါ နိုင်ငံသား အဖြစ် လျောက်ထား နိုင်ကြောင်း ကြေငြာ ခဲ့သည့် အတွက် ဘူးသီးတောင် မြို့နယ်မှ ဦးအဗ်ဒူ ဇော်လီ ဆို သူက (၁၉၄၉) ဒီဇင်ဘာလ (၁၈)ရက်နေ့စွဲဖြင့် နိုင်ငံသား အဖြစ် လျောက်ထား ရာ နိုင်ငံသား ရွေး ချယ်ရေး အရာရှိ ဖြစ်သူ ဦးသာဇံ က (၁၉၄၉) ခုနှစ် ဒီဇင်ဘာလ (၃၁) ရက်နေ့စွဲဖြင့် “သင်သည် မြန် မာ နိုင်ငံ၏ တိုင်းရင်းသား မျိုးနွယ်စုဝင် လူမျိုးတစ်ဦး ဖြစ်သောကြောင့် နိုင်ငံသားအဖြစ် (ဤဥပဒေအ ရ) လျောက် ထား ရန် မလိုပါ။” လို့ အကြောင်း ပြန်ကြား ခဲ့သည်။ (ထိုအရာရှိ ဦးသာဇံ ဆိုသူမှာ ယခု လက် ရှိ ရန်ကုန်တိုင်း ရခိုင် တိုင်းရင်းသား ရေးရာဝန်ကြီး ဇော်အေးမောင် ၏ အဖိုးဟု သိရသည်။) ခု ကျနော် တင်ထားတဲ့ စာရွက်က မိတ္တူ ဖြစ်ပါတယ်။ ဦးခင်ရီ တို့ဆီ မှာလည်း ဒီစာရဲ့မိတ္တူ ရှိနေကြောင်း သိရတယ်။
၃၀၀၀၀ (၁+ဝ.၀၂၄) ^ ၁၈၇ = ၂ ၅၃၀ ၅၃၉. ၆၅ (နှစ်သန်း ငါးသိန်း သုံးသောင်းကျော်)
ပုံမှန် အတိုင်း ဆိုရင် လက်ရှိ အချိန်မှာ နှစ်သန်း ငါးသိန်းကျော် ရှိရ ပါမယ်။ ခုတကယ်ရှိ နေတာက အစိုးရ ခန့်မှန်းချက် အရ ဆယ့်တစ်သိန်း (၁၁ သိန်း) ပါ။ နောက်တစ် ချက်က အဲဒီ တုန်းက လူဦးရေ အားလုံးရဲ့ ၃ ပုံ ၁ ပုံခန့် ရှိခဲ့ သလို၊ ၂၀၁၀ ခုနှစ် အစိုးရ စာရင်း အရ ရခိုင် ပြည်နယ်မှာ ရိုဟင်ဂျာ ၂၉% ရှိပါတယ် တဲ့။ ရိုဟင်ဂျာ တွေ နေရပ် စွန့်ခွာ ထွက်ပြေး သွားတာလား၊ ခိုးဝင် လာတာလား ဦးနှောက် ရှိသူများ စဉ်း စား နိုင်ကြ မှာပါ။
စာကတော့ သိပ်ရှည် သွားပါပြီ။ နိဂုံးချုပ် ပါမယ်။ ခုထိ ကျနော် တင်ပြ ခဲ့တဲ့ အင်္ဂလိပ် ခေတ် သန်းခေါင် စာရင်းနဲ့ အစိုးရ အစီရင် ခံစာ များကို ကြည့်ရင် ရိုဟင်ဂျာ ဆိုတာ မပါ သလို၊ ရခိုင် ဆိုတာလည်း မပါ ပါ ဘူး။ (`ရိုဟင်ဂျာ လူမျိုး´ ဆိုတဲ့ အမည် ပါတဲ့ သမိုင်း မှတ်တမ်းတွေ အများကြီး ရှိပါတယ်။ ခုဆောင်း ပါးမှာ အင်္ဂလိပ် အစိုးရ မှတ်တမ်း တွေကိုသာ သီးသန့် တင်ပြ လိုတာပါ။) ဒီစာရင်း တွေထဲမှာ ပါတဲ့ `မော့ဂ်´တွေ ဆိုတာ ခုလက်ရှိ ရခိုင်တွေ မဟုတ်ပါဘူး ဆိုတဲ့ အသိဉာဏ် မဲ့တဲ့ ငြင်းဆိုချက် မျိုးလည်း ကျနော် မလုပ် ပါဘူး။ ဒါပေမဲ့ `မော့ဂ်´ ဆိုသူ များက သူတို့ကို `ရခိုင်´လို့ ခေါ်စေ ချင်တဲ့ အတွက် Identity အသစ် တစ် ခု ဖန်တီး ခဲ့သလို၊ `ရခိုင် မွတ်ဆလင် ´ လို့ မှတ်တမ်း ဝင်ခဲ့သူ များကလည်း သူတို့ရဲ့ Identity ကိုကိုယ် တိုင် သတ်မှတ်ခွင့် ရှိပါတယ် ဆိုတဲ့ အလွန် ရိုးရှင်းတဲ့ စကား တစ်ခွန်းဖြင့် ကျနော့် ဆောင်းပါးကို အဆုံး သတ် ပါတယ် ခင်ဗျာ။
No comments:
Post a Comment