" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, May 31, 2022

ရိုဟင်ဂျာတွေ လူမျိုးတုံးသတ်ဖြတ်ခံရမှုစာအုပ် ထုတ်ဝေဖြန့် ချီတဲ့ လွင်ဦးစာအုပ်တိုက်ကိုစစ်ကောင်စီပိတ်သိမ်း

လူထုနွေဦး
မေ 31, 2022

စာအုပ်တိုက်ထုတ်ဝေခွင့်ကိုမေလ ၂၈ ရက်မှာ ရုတ်သိမ်းလိုက်ပြီး မီဒီယာအမျိုးအစားတစ်ခုခုကို အသုံးပြုတာ ဖြစ် စေ ၊ နည်းပညာတစ်ရပ်ရပ်ကို အသုံးပြုပြီးဖြစ်စေ ရေးသားထုတ်ဝေတာတွေ မထုတ်ဖို့ စစ်ကောင်စီကဆိုထား ပါ သေးတယ်။

ရိုဟင်ဂျာတွေလူမျိုးတုံးသတ်ဖြတ်ခံရတဲ့အကြောင်းစာအုပ်ကို တင်သွင်းထုတ်ဝေ ဖြန့်ချီရောင်းချတာကြောင့်လွင်ဦး စာပေကို ထုတ်ဝေခွင့်လိုင်စင်သိမ်းကာ စစ်ကောင်စီကစာအုပ်တိုက် ပိတ်သိမ်းလိုက်ပါတယ်။

Ronan Lee ရဲ့ MYANMAR’S ROHINGYA GENOCIDE စာအုပ်ကို လွင်ဦးစာပေ ဟာ တင်သွင်း၊ထုတ်ဝေ၊ဖြန့်ချီရောင်းချခဲ့ပြီးဒါဟာ ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းဥပဒေပါ စည်းကမ်းချက်ကို ချိုးဖောက်တယ်လို့ ဒီနေ့ထုတ် စစ်ကောင်စီရဲ့သတင်းစာမှာဖော်ပြထားပါတယ်။

စာအုပ်တိုက်ထုတ်ဝေခွင့်ကိုမေလ ၂၈ ရက်မှာ ရုတ်သိမ်းလိုက်ပြီး မီဒီယာအမျိုးအစားတစ်ခုခုကိုအသုံးပြု တာဖြစ် စေ ၊ နည်းပညာတစ်ရပ်ရပ်ကို အသုံးပြုပြီးဖြစ်စေ ရေးသားထုတ်ဝေတာတွေ မထုတ်ဖို့ စစ်ကောင်စီကဆိုထားပါ သေးတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */