အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး (ICC)ရဲ့ရောမစာချုပ်(Rome Statute) အရမြေနဲ့ဆိုင်တဲ့ရာဇဝတ်မှုတွေကိုဖော်ပြထားတာတွေလည်းရှိပါတယ်။
<><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><>
လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှု(Crimes Against Humanity) အဖြစ်သတ်မှတ်နိုင်တဲ့အမှုတွေ
၁ - ICC ပဋိညာဉ်ပုဒ်မ ၇ (၁) (ဃ) [Article 7 (1) (d)]
အတင်းအဓမ္မနေရာရွေ့ပြောင်းမှု (Deportation or forcible transfer of population)အရ"နိုင်ငံတကာဥပဒေက ခွင့်ပြုထားတဲ့အကြောင်းပြချက်မရှိဘဲလူပုဂ္ဂိုလ်တွေကို သူတို့ တရားဝင်နေထို င်ရာဒေသက အတင်းအဓမ္မမောင်းထု တ်တာ သို့မဟုတ် တခြားနေရာသို့ ရွှေ့ ပြောင်းစေမှုဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်ပါတယ် ။
၂ - ICC ပဋိညာဉ် ပုဒ်မ ၇ (၁) (င) [Article 7 (1) (e)] ပြင်းထန်စွာ လွတ်လပ်ခွင့် ကန့်သတ်မှု/ဖမ်းဆီးချုပ်နှောင်မှု (Imprisonment or other severe deprivation of physical liberty)
နိုင်ငံတကာဥပဒေရဲ့အခြေခံစည်းမျဉ်းတွေကိုချိုးဖောက်ပြီး လူပုဂ္ဂိုလ်တဦးချင်းစီရဲ့သွားလာလှုပ်ရှားခွင့်နဲ့ရုပ်ပိုင်းဆိုင်ရာ လွတ်လပ်ခွင့်တွေကို ပြင်းပြင်း ထန်ထန်ပိတ်ပင်ကန့်သတ်တာ၊အကျဉ်း ချတာ သို့မဟုတ် တရားမဝင်ဖမ်းဆီးချုပ်နှောင်တာဟာလည်း လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုပါပဲ။ အဲဒီအချက်ထဲမှာ ဒီမြေဒီနေရာကလွှဲပြီး တခြားနေရာကို မသွားရဘူးဆိုတဲ့ပြင်းထန်တဲ့အစုလိုက် အပြုံလိုက်ပိတ်ပင်ချက်လည်း ပါပါတယ်။စစ်ရာဇဝတ်မှု(War Crimes)အဖြစ် သတ်မှတ်နိုင်တဲ့ပုဒ်မ တွေ ICC ပဋိညာဉ်ပုဒ်မ ၈ အောက်မှာ အတင်းအဓမ္မနေရာရွှေ့ပြောင်းမှုနဲ့သွားလာမှုကန့်သတ်တာတွေကို စစ်ပွဲကာလ(လက်နက်ကိုင်ပဋိပက္ခ)အတွင်း ကျူးလွန်ရင် စစ်ရာဇဝတ်မှုအဖြစ်သတ်မှတ်ထားပါတယ်။
၁ - ICC ပဋိညာဉ်ပုဒ်မ ၈ (၂) (က) (၇) [Article 8 (2) (a) (vii)]အရနိုင်ငံတကာလက်နက်ကိုင်ပဋိပက္ခများ (International Armed Conflicts)တွေထဲမှာ ဂျနီဗာကွန်ဗင်းရှင်း (Geneva Conventions) အရ အကာအကွယ်ပေးထားတဲ့ အရပ်သား သို့မဟုတ် ဖမ်းဆီးခံထားရသူတွေကို တရားမဝင်ပြည်နှင်ဒဏ်ပေးတာ၊နေရာရွှေ့ပြောင်းတာ သို့မဟုတ် တရားမဝင်ဥပဒေမဲ့ဖမ်းဆီးချုပ်နှောင်တာစတဲ့လုပ် ရပ်တွေဟာ စစ်ရာ ဇဝတ်မှုမြောက်ပါတယ်။
၂ - ICCပဋိညာဉ်ပုဒ်မ ၈ (၂) (ဘ) (၈) [Article 8 (2) (b) (viii)]အရ သိမ်းပိုက်ထားတဲ့နယ်မြေက ဒေသခံပြည်သူတွေကို တစိတ်တပိုင်းဖြစ်စေ၊အားလုံးဖြစ်စေ အတင်းအဓမ္မပြည်နှင်ဒဏ်ပေးတာသို့မဟုတ် နယ်မြေရွှေ့ပြောင်းစေတာဟာ စစ်ရာဇဝတ်မှုမြောက်ပါတယ်။
နိုင်ငံတွင်းလက်နက်ကိုင်ပဋိပက္ခတွေ(Non-International Armed Conflicts) တွေဖြစ်တဲ့ပြည်တွင်းစစ် သို့မဟုတ် အစိုးရတပ်နဲ့တိုင်းရင်းသား/တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့တွေကြား ဖြစ်ပွားတဲ့ပဋိပ က္ခတွေအတွင်း မြေနဲ့သက်ဆိုင်တဲ့စစ်ရာဇဝတ်မှုတွေရှိပါတယ်။
၃ - ICC ပဋိညာဉ်ပုဒ်မ ၈ (၂) (စ) (၈) [Article 8 (2) (e) (viii)]အရ ပြည်တွင်းစစ်ထဲမှာ ဘယ်အဖွဲ့ပဲဖြစ်ဖြစ်ပြည်သူ လူထုရဲ့လုံခြုံရေး သို့မဟုတ် မလွှဲမရှောင်သာတဲ့စစ်ရေးအရလိုအပ်ချက်ကြောင့်မဟုတ်ဘဲ၊ပဋိပက္ခနဲ့ဆက်နွှယ်ပြီး အရပ်သားပြည်သူတွေကို သူတို့ရဲ့ ဆန္ဒမပါဘဲ အတင်းအဓမ္မနေရာရွှေ့ပြောင်းခို င်းတာ(Ordering the displacement of the civilian population)ဟာ စစ်ရာဇဝတ်မှုမြောက်ပါတယ်။
ICC ပုဒ်မ(၇)နဲ့ပုဒ်မ(၈)ဘာကွာသလဲ။
ပုဒ်မ ၇ ဟာ(လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှု)ဖြစ်ပြီး စစ်ဖြစ်နေသည်ဖြစ်စေ၊ငြိမ်းချမ်းနေသည်ဖြစ်စေ အရပ်သားတွေကို စနစ်တကျနဲ့ကျ ယ်ကျယ်ပြန့်ပြန့် ပစ်မှတ်ထားပြုလုပ်ရင်အကျုံးဝင်ပါတယ်။
ပုဒ်မ ၈ ဟာ(စစ်ရာဇဝတ်မှု)ဖြစ်ပြီး လက်နက်ကိုင်ပဋိပက္ခ(စစ်ပွဲ)ဖြစ်ပွားနေတဲ့ အခြေအနေနဲ့တိုက်ရိုက်ဆက်နွှယ်ပြီး စစ်ဘက်ဆိုင်ရာစည်းမျဉ်းတွေ(ဥပမာ - ဂျီနီဗာကွန်ဗင့်ရှင်း)ကို ချိုးဖောက်ကာ ပြုလုပ်ရင် အကျုံးဝင်ပါတယ်။
အထက်ပါပုဒ်မတွေနဲ့ ICC က အရေးယူနိုင်ဖို့အတွက် သာမန်ရာဇဝတ်မှုအဆင့်မျိုး မဟုတ်ဘဲ အရပ် သားပြည်သူလူထုအပေါ် ရည်ရွယ်ချက်ရှိရှိ စနစ်တကျ သို့ မဟုတ် ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်မှု(Widespread or systematic attack)ရဲ့ အစိတ်အပိုင်းတခုအနေနဲ့ ကျူးလွန်ခဲ့တာဖြစ်ဖို့ လိုအပ်ပါတယ်။
ဥပမာ - နယ်မြေထိန်းချုပ်ထားသူတွေက နိုင်ငံရေးအကျိုးစီးပွားတွေအတွက် လူတွေကို နေရာဖယ်ပေးခိုင်းတာမျိုးဟာ ပြည်သူလူထုအပေါ် ရည်ရွယ်ချက်ရှိရှိကျူးလွန်မှုမြောက်ပါတယ်။