" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, January 6, 2020

၂၀၂၀ မှာ မြန်မာ့ဂုဏ်သိက္ခာ ပြန်လည် မြှင့်တင်နိုင်မည် လား

MoeMaKa 
ဇင်လင်း -
(မိုးမခ) ဇန္နဝါရီ ၆၊ ၂၀၂၀
 ၂၀၁၉ ခုကုန်ဆုံး၍ ၂၀၂၀ ပြည်နှစ်၏ စာမျက်နှာအသစ် ဖွင့်လှစ်ခဲ့ပြီ။ မြန်မာ့ လွတ်လပ်ရေး ၇၂ နှစ်တိုင်ခဲ့ပြီ။ လက်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရသက်တမ်း လေးနှစ်ပြည့်တော့မည်။ ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပ ရန် ဆယ့်တစ်လခန့်သာ လိုတော့သည်။ ၂၀၁၉ ခုနှစ်သည် မြန်မာ နိုင်ငံအား ပြည်တွင်းစစ်၏ ဒဏ်ရာ ဒဏ်ချက် များဖြင့် အကျည်းတန်စွာ ချန်ထားရစ်သည်။ ၂၀၁၉ ခု တစ်နှစ်ပတ်လုံး ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွင်တပ် မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့၏ စစ်ပွဲများကြောင့် မြေစာပင် ရခိုင်ပြည်သူများ အတိ ဒုက္ခကြီးစွာရောက်ကြ ရ သည်။ ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA တို့၏ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းက တည်းက စတင်ခဲ့သော စစ် ရေး ပဋိပက္ခ သည် တနှစ်ကျော်လာခဲ့ပြီဖြစ်ရာ အချိန်နှင့်အမျှ စစ်ပွဲဧရိယာကျယ် ပြန့်လာနေပြီး၊ ငြိမ်းချမ်းရေးအ လားအလာလည်း မှုန်ဝါး သွားခဲ့ပြီဟု ဆိုနိုင်သည်။

မြန်မာနိုင်ငံတော်အစိုးနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများအကြား ချုပ်ဆိုသော တစ်နိုင်ငံလုံး ပစ် ခတ်တိုက် ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ်နိုင်ရန် ဆွေး နွေးညှိနှိုင်း အဖြေရှာ မည်ဟု ဆုံးဖြတ်ထားခဲ့သည်။ နိုင်ငံရေးပြဿနာကို စစ်ရေးဖြင့် မဖြေရှင်းဘဲ နိုင်ငံ ရေးနည်း အရ ဖြေရှင်းသည့် နိုင်ငံရေး ယဉ်ကျေးမှုသစ် ထူထောင်၍ လက်နက်ကိုင် ပဋိပက္ခ အဆုံးသတ်မည်၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို ဦးစွာ ဆောင်ရွက်ကြမည်ဟု သဘောတူခဲ့ကြသည်။ သို့သော် လက်ရှိအခြေအ နေတွင် ရက္ခိုင့်တပ်တော် AA နှင့် မြန်မာ့တပ်မ တော်တို့၏ စစ်ရေးထိပ်တိုက်တွေ့မှု များ ကြောင့် နိုင်ငံရေး ယဉ် ကျေးမှုသစ် အိပ်မက်ပျက်စီးတော့မည်ကဲ့သို့ ရှိသည်။

ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာ့တပ်မတော်တို့ ရခိုင်ပြည်နယ်အတွင်း ထိတွေ့ဖြစ်ပွားသည့် တိုက်ပွဲနယ် မြေ များမှာ ယခင်နှစ်ကထက် ကျယ်ပြန့်လာ ဖွယ်ရှိသည်ဟု AA က ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ကြေညာချက်ထုတ် ပြန်ခဲ့သည်။ ဒီဇင်ဘာလ (၁၂) ရက်နေ့မှ (၁၅)ရက်နေ့ အတွင်း တပ်မတော်ဘက်မှ တပ်မ (၆၆) အပါအဝင်အခြား တပ်ရင်းများ တပ် ဖွဲ့များဖြင့် ထပ်မံဖြည့်တင်းလာသောကြောင့် တိုက်ပွဲပြင်းထန်လာမည် ဟု AA က ဆို သည်။ ရခိုင်မြောက်ပိုင်းဒေသတွင် မြို့နယ် ၈ မြို့နယ်ခန့်တွင် တိုက်ပွဲများ ပြင်းထန်နေသည်ဟု သိရပြီး၊ စစ်ဘေးရှောင် (၁၀၀,၀၀၀) နီးပါးအထိ များပြားလာ ကြောင်း DMG သတင်းအရ သိရသည်။ စစ်ပွဲ၏ ဆိုးကျိုးအဖြစ် လက်နက် ကြီး၊ လက်နက်ငယ်များ ထိမှန်၍ အပြစ်မဲ့ အရပ်သားများ ဒဏ်ရာရရှိမှု အ ရေအတွက်လည်း တဖြည်းဖြည်း များ ပြားလာနေကြောင်း သတင်းများပေါ်ထွက်နေသည်။

၂၀၁၉ တွင် မြန်မာနိုင်ငံအတွက် အထိအနာဆုံးကိစ္စမှာ‘မောင်တောဒေသ အရေးကိစ္စ’ ဖြစ်သည်။ ယင်းပြ ဿနာ ကို လက်ရှိ အစိုးရအနေဖြင့် ၂၀၂၀ အထိ ဆက်လက် သယ်ဆောင်ရတော့မည်။ ရခိုင်ပြည်နယ် မြောက်ပိုင်း တွင် တပ်မတော်က ၂၀၁၇ ခုနှစ်အတွင်း နယ်မြေရှင်းလင်းရေး လုပ်ခဲ့စဉ် ဘင်္ဂါလီ (ရိုဟင်ဂျာ) တို့အပေါ် လူအစုလိုက် သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်ဟု ICJ ၌ စွပ်စွဲခံထားရသည်။ ရခိုင် အရေးကိစ္စကြောင့် မြန်မာ နိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက် တရပ် ကို ကုလသမဂ္ဂ အထွေထွေ ညီလာ ခံ တတိယကော်မတီက ၂၀၁၉ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ထောက်ခံမဲ ၁၄၀ ကန့်ကွက်မဲ ၉ မဲဖြင့် အတည်ပြု ခဲ့သည်။ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများ အနက် တရုတ်၊ ရုရှား၊ ကမ္ဘော ဒီးယား၊ လာအို၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ဘယ်လာရုစ် နှင့် ဇင်ဘာဘွေနိုင်ငံများက မြန်မာ နိုင်ငံဘက်မှ ရပ် တည် ကန့်ကွက်ကြခဲ့ပြီး စင်္ကာပူနိုင်ငံက ကြား နေခဲ့သည်။

အဆိုပါ ဆုံးဖြတ်ချက် ချမှတ်ရေးအတွက် အဆိုပြုရာတွင် ပါဝင်သော ကုလသမဂ္ဂဆိုင်ရာအမေရိကန်ပြည်ထောင် စု ကိုယ်စားလှယ်အဖွဲ့၏ တင်ပြချက်၌ ရခိုင်၊ ကချင် နှင့် ရှမ်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံတဝန်း ဆက်လက် ဖြစ်ပွားနေ သည့် လူ့အခွင့်အရေးချိုးဖေါက်မှု၊ မတရားနှိပ်စက်မှုများကို ပြစ်တင်ရှုတ်ချကြောင်း၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး ဆောင်ရွက်ချက်များကို ထောက်ခံကြောင်း ဖေါ်ပြထား သည်ဟု RFA သတင်း က ဆိုသည်။ ထို့ပြင် မြန်မာ အစိုးရအာဏာပိုင်များအား ဒီမိုကရေစီပြုပြင် ပြောင်းလဲမှု များကို ပိုမိုနက်ရှိုင်းစွာ ဆောင်ရွက်ရန်၊ တပ်မတော်ကို အရပ်သား အစိုးရ၏ ကွပ်ကဲမှုအောက်၌် ထားရှိရေး စူးစိုက်ဆောင်ရွက်ရန်၊ လူ့ အခွင့်အရေး ချိုးဖေါက်ခဲ့သူများအား အရေးယူ အပြစ် ပေးရန်၊ လွတ်လပ်စွာ သ တင်း ရယူခွင့်၊ ပြောဆိုခွင့်နှင့် ကိုးကွယ်မှု အပါအဝင် အခြေခံ လူ့အခွင့်အရေးများကို ကာကွယ် မြှင့်တင်ပေး ရန် နှင့် ရခိုပြည်နယ် ပဋိပက္ခနှင့် ပတ်သက်၍ ကိုဖီအာနန် ဦးဆောင်သော အကြံပေး ကော်မရှင်က ထောက် ခံ တင်ပြခဲ့သည့် အချက်များကို အ ကောင်အထည်ဖေါ်ရန် စသည့် အချက်များကို တောင်းဆိုထားသည်။ ထို့ပြင် ကုလသမဂ္ဂ အထွေထွေအတွင်း ရေး မှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ်စတင်း ဘာ့ဂနာ (Chistine Burgener) ၏ လူ့အ ခွင့်အရေး တိုးတက်အောင် ကြိုးပမ်းမှုနှင့် မြန်မာ့လူ့ဘောင် အသိုင်း အဝန်းနှင့် တွေ့ဆုံဆောင်ရွက်မှုများကိုလည်း ထောက်ခံအားပေးကြောင်း တတိယကော်မတီ၏ ဆုံးဖြတ် ချက် ၌ ဖေါ်ပြထားသည်။

ဒီဇင်ဘာ ၁၁ ရက်နေ့က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ နယ်သာလန် နိုင်ငံ သဟိဂ် (The Hague) မြို့ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ၌ ရခိုင်အရေးကိစ္စအတွက် စွဲဆိုချက်ကို ရင်ဆိုင်ဖြေ ရှင်းခဲ့ရသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မြန်မာစစ်တပ် က ၂၀၁၇ ခုနှစ်အတွင်း နယ်မြေရှင်း လင်းရေး လုပ် ဆောင်ခဲ့စဉ် ဘင်္ဂါလီ (ရိုဟင်ဂျာ)တို့အပေါ် လူအစုလိုက် သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများ ကျူး လွန်ခဲ့သည်ဟု စွပ် စွဲခံထားရသည်။ ဒေါ်အောင် ဆန်းစုကြည်က ICJ ၌ လျှောက်လဲချက်ပေးရာတွင် ရခိုင့် တပ်တော် AA သည် ရခိုင် ပြည်နယ် လွတ်လပ်ရေး သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေး ဆောင်ရွက်နေ ကြောင်း ထည့်သွင်းပြောဆိုခဲ့ သည်။ ထို့ကြောင့် ရခိုင်ပြည်နယ်တွင် စစ်ရေး ပဋိပက္ခများရှိနေသောကြောင့် လူ့အခွင့်အရေးချိုးဖေါက်မှုများ ရှိ နိုင်သည်ဟု နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောဆိုခဲ့ သည်။

အထူးသဖြင့် ရက္ခိုင့်တပ်တော် AA ၏ လုပ်ရပ်များကို သုံးသပ်ကြည်ပါက၊ နိုင်ငံရေးရည်မှန်းချက် အားနည်း သည် ကို တွေ့ရ သည်။ AA အဖွဲ့၏ ခေါင်းဆောင်များ အနေဖြင့် လွတ်လပ်ရေး၊ တရားမျှတရေးနှင့် တန်းတူညီမျှ အခွင့် အရေးရရှိနိုင်မည့် ပြည်ထောင်စုတစ်ခု တည်ထောင်လိုပါက ရန်လိုမှုများ လက်စားချေလိုမှုများ စစ်အင်အားသုံး အနိုင်ကျင့်လိုမှုများ မလုပ် သင့်ဟု ထင်သည်။ AA ၏ လတ်တလော လုပ်ရပ်အချို့မှာ မိမိ တို့လျှောက် လှမ်းသင့် သည့် နိုင်ငံရေးလမ်းကြောင်းပေါ်မှ သွေဖည်နေသည်ဟု သုံးသပ်မိသည်။ အရပ်သား များကို နိုင်ငံရေး အမြင်မတူ ရုံ ဖြင့် ဖမ်းဆီးနှိပ်စက်ရုံမက၊ သတ်ဖြတ်သည် အထိ လုပ်ခြင်းသည် အကြမ်းဖက် အဖွဲ့တို့ ကျင့်သုံးသည့် နည်းဖြစ် သဖြင့် နိုင်ငံရေးရည်မှန်းချက်ရှိသူများ ရှောင်ကြဉ်သင့် သည်။

အောက်တိုဘာလအတွင်းက ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်မှ သင်တက်ပြီးပြန်လာသော မီးသတ်တပ် ဖွဲ့ဝင် ၁၉ ဦးနှင့် အရပ်သား ၁၂ ဦးကို AA အဖွဲ့က ဖမ်းဆီးခဲ့သည်။ အရပ်သားများနှင့် မီးသတ်တပ်ဖွဲ့ဝင်များကိုပြန်လွှတ် ရာ၌ မီးသတ် တပ်ဖွဲ့ဝင် ၇ ဦးပျောက်ဆုံးနေသည်။ မီးသတ်တပ်ဖွဲ့ဝင်များအနက် မီး သတ် ဒုတိယ ဦးစီးမှူးတစ် ဦး ဖမ်းဆီးခံထားရစဉ် သေဆုံးသွားခဲ့သည်။ အောက်တိုဘာလအတွင်းမှာပင် စစ်တွေ-ဘူးသီးတောင်ပြေးဆွဲသည့် ရွှေနဒီအမြန်ရေယာဉ်ကို AA အဖွဲ့က စီးနင်း၍ တပ်မတော်သား ၁၄ ဦး၊ ရဲတပ် ဖွဲ့ဝင် ၂၉ ဦး၊ အစိုးရဝန်ထမ်းနှင့် အရပ်သား ၁၃ ဦး၊ စုစုပေါင်း ၅၈ ဦးကို ဖမ်းဆီးခဲ့သည်။

နိုဝင်ဘာလ အစောပိုင်းကလည်း အိန္ဒိယနိုင်ငံသား တစ်ဦး AA က ဖမ်းဆီးထား စဉ် အမောဖောက် သေဆုံးခဲ့သည်။ မိမိတို့ ဖမ်းဆီးထားစဉ် မိမိတို့လက်ဝယ် သေဆုံးပါက မိမိတို့မှာသာ တာဝန်ရှိကြောင်း AA အဖွဲ့အနေဖြင့်သိသင့် သည်။ ရခိုင် ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း AA က ဖမ်းဆီးထိန်းသိမ်းခဲ့သည့်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (ဘူးသီးတောင်)၊ ဥက္ကဋ္ဌ ဦးရဲသိန်း သေဆုံးမှုနှင့် ပတ်သတ်၍ စစ်ရေးအခြေအနေ တင်းမာမှုများကြောင့် ဖမ်း ဆီးထားသူများနှင့် သုံ့ပန်းများ၏ အသက်ကို အာမခံပေးနိုင်ခြင်းမရှိဟု AA ၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက ဧရာဝတီသတင်းသို့ ပြောခဲ့ သည်။ ဖမ်းဆီးထိန်း သိမ်းခံထား စဉ် သေဆုံးသွားသည့် ဦးရဲသိန်းအား လက်နက်ကြီးကျည် ထိမှန်စဉ် ကိုယ်အင်္ဂါ အစိတ် အပိုင်းများ ပြတ် တောက်သွားသဖြင့် AA မှ မြေမြှုပ်သဂြိုဟ် လိုက်ပြီး ဓါတ်ပုံများ ထုတ်ပြန်ရန် မရှိပါဟုလည်း သိရသည်။

ဘူးသီးတောင်မြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးရဲသိန်းကို ဖမ်းဆီးခဲ့ပြီးနောက် ၎င်းတို့ လက်ဝယ် သေဆုံးသွား ခဲ့သော် လည်း တပ်မတော်က ပစ်ခတ်သည့် လက်နက်ကြီးကြောင့်ဟု AA က ဖြေရှင်းချက်ထုတ်ပြန် ခဲ့သည်။ ဦးရဲသိန်းကို အစကတည်းက မဖမ်းဆီးသင့်ဘဲ ဖမ်းဆီးခဲ့သောကြောင့် သူသေဆုံးမှုအတွက် AA အဖွဲ့တွင် တာဝန်ရှိသည်။ လက်ရှိတွင် ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၁) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းအပါအဝင် ဖမ်းဆီးခံထားရသူများရှိနေဆဲ ဖြစ်သည်။

ချင်းပြည်နယ် အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ပြန်လွှတ်ပေးရန် ချင်းအရပ်ဖက် အဖွဲ့အစည်း ၄၃ ဖွဲ့ က နိုဝင်ဘာ ၁၁ ရက်တွင် ကြေညာချက်ထုတ်ပြန်တောင်းဆိုခဲ့သည်။ မည်သည့်အကြောင်း ပြချက်ဖြင့်ဖြစ် စေ အပြစ်မဲ့ ပြည်သူများအပေါ် အကြမ်းဖက်မှုများ ကျူးလွန်၍ မရကြောင်း၊ ကျူးလွန်ပါက အ ပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ ဥပဒေများအရ ရာဇဝတ်မှုမြောက်ကြောင်း၊ လူ့ အခွင့်အရေးချိုးဖောက် မှုများကို ကျူးလွန်ခြင်းသည် ချင်းပြည်သူများနှင့် AA အဖွဲ့တို့အကြား ဆက်ဆံ ရေး တင်းမာလာစေသည့် အပြင် AA အဖွဲ့ကို အကြမ်းဖက်အဖွဲ့ အဖြစ် ပြည်သူက မှတ်ယူသွားနိုင်ကြောင်းချင်းအဖွဲ့အစည်းများကထုတ်ပြန်ခဲ့သည် ဟု မြန်မာတိုင်းမ်သတင်း၌ ဖေါ်ပြခဲ့ သည်။

ထို့ပြင် AA အဖွဲ့သည် မြို့ရွာအနီးတဝိုက်တွင် တိုက်ပွဲများ ဖေါ်ဆောင်သဖြင့် အပြစ်မဲ့ အရပ်သူ အရပ်သားများ ကို ထိခိုက် အနာတရဖြစ်စေခဲ့သည်။ ၂၀၁၈ ဒီဇင်ဘာလ မှစတင်၍ တပ်မတော်နှင့် ရက္ခိုင့် တပ်တော် AA တို့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် အရပ်သား ၉၀ ခန့် သေဆုံးခဲ့၍ ၁၄၀ ကျော် ဒဏ်ရာရရှိခဲ့ သည့်အပြင်၊ ၁၅၀ ခန့်ဖမ်းဆီးချုပ်နှောင်ခံ နေရကြောင်း ကူညီ ကယ်ဆယ်ရေးအဖွဲ့အစည်းများက ခန့်မှန်း ထား သည်ဟု RFA သ တင်း က ဆိုသည်။

ယခုအချိန်၌ အရေးအကြီးဆုံးကိစ္စမှာ တပ်မတော်အနေဖြင့် အစိုးရ၏ စီမံလမ်းညွှန်မှုကို ခံယူရန်ဖြစ်သည်။ တပ်မ တော် သည် အစိုးရ၏ နိုင်ငံရေးဦးဆောင်မှုကိုခံယူ၍ ၎င်း၏ ပျောက်ဆုံးနေသည့် ဂုဏ်သိက္ခာကို ပြန် ရှာသင့်သည်။ အစိုးရနှင့် တပ်မတော်တို့အကြား ပျောက်ဆုံးနေသော ယုံကြည်မှုကို ပြန်ရှာရန်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် က ICJ ၌ ရခိုင်ကိစ္စ စွဲဆိုချက်ကို တာဝန်ယူ ရင်ဆိုင်ခဲ့သည်။ အောက္တိုဘာ  ၂၈ ရက်က ပြုလုပ်ခဲ့သော NCA ၄-နှစ် မြောက် အခမ်းအနား၌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြည်ထောင်စု၏ အနာဂတ်ကို လက်ရှိ စစ်ရေးပဋိ ပက္ခများက ခြိမ်းခြောက်နေခြင်းသည် အကြီးမားဆုံး ဆုံးရှုံးမှုဖြစ်သည်ဟု ထောက်ပြခဲ့သည်။ စစ်ပွဲများအတွင်း ဆင်းရဲဒုက္ခအများဆုံး ခံစားနေရသူများသည် တိုင်းရင်းသားမျိုးနွယ် စုများဖြစ်၍၊ စစ်ကြောင့် နေအိမ်၊ စည်းစိမ်၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဒေါ်လာဘီလီယံ နှင့်ချီ ဆုံးရှုံးခဲ့ရပြီး တန်ဖိုးမဖြတ်နိုင်သည့် လူ့အသက် ပေါင်း များစွာ သေကြေခဲ့ရသည်ဟု ဒေါ်အောင်ဆန်းစုကြည် က ဆိုသည်။

ဤအတောအတွင် ဒီဇင်ဘာ ၂၆ ရက်နေ့က တပ်မတော်သားများ လူ့အခွင့်အရေးချိုးဖောက်မှုများရှိပါကပြင်းထန် စွာ အရေးယူမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဂျပန်နိုင်ငံအာဏာရပါတီ ခေါင်းဆောင်ကို ပြောကြား ခဲ့ သည်ဟု ဂျပန် သံအမတ်ကြီးမစ္စတာ အိချီယို မာရုယာမက ပြောကြားကြောင်း 7Day Daily သတင်းက ဖေါ်ပြ သည်။ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံ အမတ်ကြီးက ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ ဂျပန်နိုင်ငံ၏ ရပ်တည် ချက်ကို ရန်ကုန်မြို့ နတ်မောက်လမ်းရှိ သူ၏နေအိမ်၌ ဒီဇင်ဘာ ၂၆ ရက်တွင် သတင်း ထောက်များအား ခေါ်ယူ ရှင်းလင်းစဉ် ထည့်သွင်း ပြောကြားခြင်းဖြစ်သည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၂၅ ရက်တွင် တပ်မတော်က လွတ်လပ် သော စုံစမ်းစစ်ဆေးရေး ကော်မရှင် (ICOE) နှင့် ပူးပေါင်း ဆောင်ရွက်နေပြီး ICOE အစီရင်ခံစာထွက်ရှိချိန်တွင် အစီရင်ခံစာ၌ ပြစ်မှုကျူးလွန်ရာတွင် တပ်မတော်သားများ ပါဝင်ပတ် သက်မှုရှိ ပါက ဥပဒေနှင့်အညီ ဆက်လက် စုံစမ်းစစ်ဆေး အရေးယူမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းကြေညာချက်ကို ဂျပန်အစိုးရက ကြိုဆိုကြောင်း၊ ကြေညာချက်အတိုင်း ဆောင်ရွက်ပေးရန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား ဂျပန်အာဏာရပါတီ ခေါင်းဆောင်က တောင်းဆိုခဲ့ကြောင်း သိရသည်။ ICOE ၏ အပြီးသတ် အစီရင်ခံစာကို လာမည့် ဇန်နဝါရီလလယ်တွင် နိုင်ငံတော်သမ္မတထံ တင်သွင်းမည်ဖြစ်သည်။ ယင်း အစီရင်ခံစာပါအတိုင်း အစိုးရနှင့် တပ်မတော် က လက်တွေ့ကျကျ ဆောင်ရွက်မှသာ နိုင်ငံတကာ၏ ယုံကြည်မှု ရရှိနိုင်မည်ဖြစ်ကြောင်း ဂျပန် သံအမတ်ကြီး က သုံးသပ်သည်။ မြန်မာနိုင်ငံနှင့် နိုင်ငံတကာ အကြား ယုံကြည် နိုင်သည့် ဆက်ဆံမှု မရှိပါက မြန်မာနိုင်ငံ၏ အနာဂတ် နိုင်ငံရေးတည်ငြိမ်မှု၊ စီးပွားရေး တည် ငြိမ် မှုတို့ကိုအပြည့် အဝ မျှော်လင့်၍မရကြောင်း ဂျပန်သံအမတ်ကြီး က ဆိုသည်။

၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးကိစ္စရပ်များတွင် တရုတ်နည်းတူ ဂျပန်နိုင်ငံကလည်း ထဲ ထဲ ဝင်ဝင် ပါဝင်ဆောင်ရွက်လာသည်ကို တွေ့ရသည်။ အထက်၌ ဖေါ်ပြခဲ့သည့် ဂျပန်သံအမတ်ကြီး၏ ပြောကြား ချက်ကို လေ့လာ ပါက တပ်မတော်ကို ဂုဏ်သိက္ခာရှိသော တပ်အဖြစ် နိုင်ငံတကာက မြင်လာ စ ရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား ဂျပန်နိုင်ငံက တိုက်တွန်းနှိုးဆော်ခဲ့ပုံရသည်။ အစိုးရနှင့် တပ်မတော်အကြား ကွာဟ ချက်များကိုလည်း မလွဲမသွေ ဂျပန်က စေ့စပ်ပေးဖွယ်ရှိသည်။ အစိုးရနှင့် တပ်မတော် တို့ကို နိုင်ငံတကာက သီး ခြားစီအဖြစ် ရှုမြင်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။

မြန်မာအစိုးရအနေဖြင့် ရိုဟင်ျဂာအပါအဝင် ရခိုင်၊ ကချင်နွင့် ရွမ်းပြည်နယ်ရွိ လူနည်းစုများအပေါ်မုန်းတီးမှု တိုက် ဖျက်ရန် အရေးပေါ်ဆောင်ရွက်ရန်လိုကြောင်း ကုလသမဂ္ဂ ညီလာခံ က ၂၀၁၉ ဒီဇင်ဘာ ၂၇ ရက်နေ့၌တိုက်တွန်း လိုက်သည်။ အထွေထွေညီလာခံ၏ ယင်းဆုံးဖြတ်ချက်အား ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ၁၉၃ နိုင်ငံအနက် ၁၃၄ နိုင်ငံက ထောက်ခံ၍ ကန့် ကွက်မဲ ၉ မဲ၊ ကြားနေမဲ ၂၈ မဲ ရွိသည်။ ထိုဆုံးဖြတ်ခြက်သည် ဥပဒေအရ အေရးမယူ နိုင်သော်လည်း နိုင်ငံတကာ ဆက်ဆံရေးအရ မြန်မာ့ပုံရိပ်ကို ထိခိုက်မှု ရှိလာနိုင် သည်။ ထို့ကြောင့် လူ့အခွင့် အေ ရး ချိုးဖေါက်မှုများကြောင့် ကျဆင်းခဲ့ ရေသာ မြန်မာ့ဂုဏ်သိက္ခာကို ပြန် လည်မြှင့်တင်ရန် တပ်မတော်အနေဖြင့် အရပ်သားအစိုးရ၏ လမ်းညှွန်မှုအောက်တွင် ရပ်တည်ခြင်း သည် သာ အေကာင်းဆုံးဖြစ်လိမ့်မည်ဟု သုံး သပ် မိသည်။။။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */