" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, March 8, 2023

 ရိုဟင်ဂျာစခန်းမီးလောင်မှု ဘင်္ဂလားဒေ့ရှ်အစိုးရ စုံစမ်းစစ် ဆေးနေ

RFA
ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.03.08

မတ်လ ၅ ရက်နေ့က မီးလောင်သွားသည့် ဘာလုခါလီ ရိုဟင်ဂျာဒုက္ခသည်စခန်း။ UNHCR in Bangladesh


ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင်က ဘာလုခါလီ ရိုဟင်ဂျာဒုက္ခသည်စခန်း မီးလောင်မှုမှာ ပျောက်ဆုံးနေတဲ့ လူနှစ်ရာလောက်ကို ပြန်တွေ့သွားပြီဖြစ်ပြီး၊ မီးလောင်မှုနဲ့ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရက စုံစမ်းရေးကော်မ ရှင်ဖွဲ့ပြီး စစ်ဆေးနေတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက ပြောပါတယ်။

"မီးလောင်တော့ ပြေးရင်းလွှားရင်းနဲ့ တကွဲတပြားနဲ့ ဟိုစခန်း၊ ဒီစခန်းတွေ ရောက်သွားကြတာ၊ လူနှစ်ရာလောက်ရှိ တယ်။ အခုတော့ သက်ဆိုင်ရာစခန်းတာဝန်ရှိသူတွေဆီအကြောင်းကြား ချိတ်ဆက်ပြီးတော့ မိသားစုတွေ ပြန်တွေ့ သွားကြပါပြီ"… လို့ မီးဘေးသင့်ရိုဟင်ဂျာဒုက္ခသည်တွေကို ကူညီနေတဲ့ ကုတုပါလောင် ဒုက္ခသည်စခန်းက ကို အောင်မြိုင်က ပြောပါတယ်။

မတ်လ ၅ ရက်နေ့ ညနေပိုင်းက ဘာလုခါလီဒုက္ခသည်စခန်းမှာ မီးလောင်ခဲ့လို့ အိမ်ခြေသုံးထောင်လောက် မီး လောင် ကျွမ်းခဲ့ပါတယ်။ မီးဘေးသင့်ဒုက္ခသည် တစ်သောင်းခြောက်ထောင်နီးပါးရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေ စိုက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) က မတ်လ ၇ ရက်နေ့က သတင်းထုတ်ပြန် ထားပါတယ်။

ဒီမီးဟာ ရှို့မီးဖြစ်တယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရက ကော့ဇ်ဘဇားခရိုင် အုပ်ချုပ် ရေး မှူး အပါအဝင် ရဲတပ်ဖွဲ့၊ ထောက်လှမ်းရေးတာဝန်ရှိသူနဲ့ စုံစမ်းရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းထားပြီး ဒီကော်မ ရှင်က ထုတ်ပြန်မယ့်အဖြေကို စောင့်ဆိုင်းနေကြတယ်လို့လည်း ပြောပါတယ်။

နိုင်ငံတကာ ရွှေ့ပြောင်းအခြေချနေထိုင်သူများအဖွဲ့ (IOM) က ရွက်ဖျင်တဲနဲ့ ဝါးလုံးတွေ အကူအညီပေးထားပြီး တခြားဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေကလည်း မီးဘေးသင့်ဒုက္ခသည်တွေကို အစားအသောက်တွေ ကူညီ ပေးနေတယ်လို့ ပြောပါတယ်။

လက်ရှိမှာ မီးဘေးသင့်ဒုက္ခသည်တွေအနေနဲ့ မီးဖိုချောင်သုံးပစ္စည်း၊ စားနပ်ရိက္ခာ၊ အဝတ်အစားတွေ လိုအပ်နေသ လို တဲအိမ်တွေပြန်ဆောက်ဖို့လည်း လိုအပ်တယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

UNHCR ရဲ့ စာရင်းဇယားတွေအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည် စုစုပေါင်း ကိုးသိန်းကျော် ရှိနေပါတယ်။ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */