" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, October 23, 2022

ရပ်ကွက်က တိုင်ကြားသဖြင့် နေရပ်ပြောင်းရွှေ့လာသည့် ရိုဟင်ဂျာ ၁၀၀ ကျော် ရန်ကုန်တွင် ဖမ်းဆီးခံရ

လူငယ့်ခေတ်
အောက်တိုဘာ ၂၂

ရန်ကုန်တိုင်း ၊ ဒဂုံမြိုသစ်အရှေ့ပိုင်း၊ အမှတ် ၁၀ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် တည်းခိုနေသည့် ရိုဟင်ဂျာအမျိုးသမီးနှင့် ကလေးငယ်များ အပါအဝင် ၁၂၁ ဦးကို အောက်တိုဘာ၂၀ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီက လာရောက်ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးစဥ် သေနတ်ဖြင့် ပစ်ခတ်သံများကြားရကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက
လူငယ့်ခေတ် သတင်းဌာနကိုပြောသည်။

“ ၂၀ ရက် ညပိုင်းက စစ်ကားတွေနဲ့ အိမ်တစ်အိမ်ကိုဝင်ဖမ်းတာ။ သေနတ်သံတွေလည်းကြားရတယ်။ ခြိမ်း ခြောက်တာလား၊ တည့်တည့်ပစ်တာလားဆိုတာတော့ ကျွန် တော်တို့ မသိဘူး။ ၂၁ ရက် နေ့လယ်ပိုင်းလောက်က စစ်တပ်က ဝါဒဖြန့်ချိတဲ့ မီဒီယာတွေမှာတက်လာမှ ရိုဟင်ဂျာတွေအဖမ်းခံရတယ်ဆိုတာ သိတာ” ဟု ၎င်းကဆိုသည်။                                                                   စစ်ကောင်စီ သတင်းဌာနများက ဖြန့်ချိသည့် သတင်းများတွင် ရခိုင် ပြည်နယ်ဒေသခံ ရိုဟင်ဂျာအမျိုးသား ၇၈ ဦး၊ ရိုဟင်ဂျာအမျိုးသမီး ၃၉ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ဓာတ်ပုံများနှင့်တကွ ရေးသားဖော်ပြထားသည်။

ထို့အပြင် မြန်မာ (၄)ဦးနှင့် မော်တော်ယာဉ် (၂)စီးတို့ကိုပါဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“ ရိုဟင်ဂျာတွေကို “ခိုးဝင်ဘင်္ဂါလီ” ဆိုပြီး ဝါဒဖြန့်ခဲ့တာအရမ်းများတော့ ရိုဟင်ဂျာနဲ့ပတ်သက်ပြီး အဲဒီလိုဝါဒဖြန့်တဲ့အတိုင်း ထင်နေတဲ့သူတွေရှိနေတုန်းပဲ။ အဲဒီလိုထင်နေသူတွေကရိုဟင်ဂျာတွေကို အန္တရာယ် လို့ မြင်ကြပြီး စစ်ကောင်စီဆီ အကြောင်းကြားကြတယ်။ စစ်ကောင်စီက မသိခဲ့ရင်တောင် အဲလိုအကြောင်းကြားတာကြောင့် ဖမ်းဆီးခံကြရတယ်” ဟု ရိုဟင်ဂျာအရေးလုပ်ဆောင်နေသည့် ရိုနေဆန်းလွင်က လူငယ့်ခေတ်သို့ ပြောသည်။

ပြည်သူများအနေဖြင့် ဒုက္ခရောက်နေသူများကို ကူညီပေးရန်လိုအပ်ကြောင်း လမ်းခရီးတစ်လျှောက် လူကုန်ကူးသူများ၏ ပေးသမျှ ဒုက္ခကိုခံစားခဲ့ရသလို ၊လုံခြုံသည့်နေရာတွင်ပုန်းအောင်းနေချိန်တွင်လည်း တွေ့မြင်သူများမှ တိုင် ကြားလျှင်အဖမ်းခံရကြောင်းလည်း ရိုနေဆန်းလွင် ကပြောသည်။

" စစ်ကောင်စီကတော့ ဖမ်းမယ်၊ ထောင်ချမယ်။ ကျွန်တော်တို့ တောင်းဆိုရင်လည်း လက်ခံမှာမဟုတ်ဘူး။ ကျွန် တော်တို့အနေနဲ့ ပြည်သူတွေကို ဖမ်းခံရအောင် တိုင်တာထက် လူသားချင်းစာနာပြီး ကူညီပေးပါလို့ မေတ္တာရပ်ခံပါတယ်” ဟု ရိုနေဆန်းလွင် ကပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဝန်ကြီးဌာန ရိုဟင်ဂျာရေးရာအ ကြံပေး ဦးအောင်ကျော် မိုးကိုမေးမြန်းခဲ့ရာ “အဖမ်းခံရတယ်ဆိုတာ ဟုတ်တယ်။ ထုံစံအတိုင်း သူတို့(စစ်ကောင် စီ)က ထောင်ချမှာပေါ့ " ဟု ပြန်လည်ဖြေကြားခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝ်ရီ ၉ ရက် က မလေးရှားသို့ သွားရောက်ရန် ကြိုးစားသည့် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ (၄၈) ယောက်ကို ကျောက်တန်းမြို့နယ်တွင် ဖမ်းဆီးခဲ့သည်။

ထို့နောက် ရွှေပြည်သာမြို့နယ်တွင် ဖမ်းဆီးခံထားရသည့် ရိုဟင်ဂျာ ၆၂ ယောက်ကိုလည်း အကြမ်းဖက်စစ်ကောင်စီက အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၂) နှစ်စီ ချမှတ်ခဲ့သည်။

ထို့အပြင် ဧပြီလအတွင်းက ထန်းတပင်မြို့နယ်တွင် ဖမ်းဆီးရမိခဲ့သည့် အသက်(၁၈)နှစ်မပြည့်သေးသည့် ရိုဟင်ဂျာကလေး (၄၁) ဦးကို မြောက် ပိုင်းခရိုင်တရားရုံးက ဇွန် လ (၁၁) ရက်တွင် ထောင်ဒဏ်(၆)လစီအမိန့်ချမှတ် ခဲ့ ကြောင်းသိရသည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */