Friday, September 25, 2026

Today's Top News (Quick Search ) September 2026

Click on the daily news to read more 

NEWS TODAY ( Today Top News )

25.09.2026

Thursday, September 24, 2026

ယနေ့ ထိပ်တန်း သတင်းများ၂၀၂၆ စက်တင်ဘာလ

သတင်းများကို ကလစ်နှိပ်ခြင်းဖြင့်အပြည့်အစုံ ဖတ်ရှုနိုင်ပါသည်။  ယနေ့ထိပ်တန်းသတင်းများ

24.09.2026 

ဘီဘီစီ

မဇ္စျိမ

ဧရာဝတီ

နိရဉ္စရာ 

ဒီဗွီဘီ 

ခေတ်သစ်မီဒီယာ

 Myanmar Now

Saturday, September 5, 2026

ရိုဟင်ဂျာနှင့် မြန်မာ့နွေဦးတော်လှန်ရေး

ဧရာဝတီ
ရိုမေယုအစ္စလာမ်
4 September 2026
သူ့အတွေး သူ့အမြင်

 

၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားရှိ ဒုက္ခသည်စခန်းတခုတွင် စစ်တပ်၏ ဖြိုခွင်းမှုအပြီး မြန်မာနိုင်ငံမှ အစုလိုက်အပြုံလိုက် ထွက်ပြေးခဲ့ရသည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ပြုလုပ်သော စုဝေးပွဲ၌ ရိုဟင်ဂျာ ဒုက္ခသည်များ ပါဝင်နေစဉ် / AFP

၂၀၂၆ ခုနှစ် ဇူလိုင်လ၏ နောက်ဆုံးသီးတင်းပတ်ကုန်တွင် မြန်မာစစ်အုပ်စု၏ နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံက နေရပ်ပြန်ပို့ရန် ပေးပို့ထားသည့် လူဦးရေ ၈၂၈,၈၂၄ ဦးအနက် ၃၀၈,၇၉၇ ဦးကို ရခိုင်ပြည်နယ်တွင် နေထိုင်ခဲ့သူများဖြစ်ကြောင်း အတည်ပြုခဲ့ပြီး၊ ၁၁၃,၅၀၇ ဦးကို စိစစ်၍မရဘဲ၊ ၄,၂၄၁ ဦးကို အကြမ်းဖက်သမားများအဖြစ် သတ်မှတ်ထားကြောင်း ဇယားကွက်တခု၏ တိကျသေချာမှုမျိုးဖြင့် ထုတ်ပြန်ခဲ့သည်။ ထိုမတိုင်မီ သီတင်းပတ်အနည်းငယ်ကလည်း အကြမ်းဖက်မှုနှင့် ဖိနှိပ်မှုများမှ ထွက်ပြေးလာသည့် ရိုဟင်ဂျာ အများစုပါဝင်သော လှေနှစ်စင်းသည် မြန်မာ့ကမ်းလွန်တွင် ပျောက်ဆုံးသွားခဲ့ပြီး စီးနင်းလိုက်ပါသူ ၅၀၀ ကျော် သေဆုံးသွားပြီဟု ကုလသမဂ္ဂ အေဂျင်စီများက ယူဆထားသည်။ 

Monday, August 31, 2026

ရခိုင်နှင့်မဂို နောက်ဆုံးတိုက်ပွဲ

ရခိုင်နှင့် မဂို နောက်ဆုံးတိုက်ပွဲ

ဘာသာပြန်သူ - နေထွန်းနီ

မင်းစောမွန်နန်းတက်ခြင်းသည် ရခိုင်ပြည်၏ အရေးကြီးသောအဖြစ်အပျက်များနှင့် ဆက်နွယ်လျက်ရှိသော သမိုင်းကာလအသစ်တစ်ခုကို ရှေ့ပြေးလက္ခဏာအဖြစ် ဖော်ပြသည်။ သူသည် သူ၏မြို့တော်နေရာကို ပြောင်းလဲပြီး လေးမြို့မြစ်ကမ်းတွင် မြောက်ဦးမြို့တော်ကို တည်ဆောက်သည်။ မြောက်ဦးမြို့တော်အား ရှေးရှေးတုန်းက အရှေ့ဗေနိစ်ဟု ခေါ်ဝေါ်သမုတ်ခဲ့ပြီး မျက်မှောက်ခေတ် ဘန်ကောက်မြို့တော်နှင့် နှိုင်းယှဉ်ခဲ့သည်။ မြို့တော်သည် ပင်လယ်မှ သောင်ခုံများခြားနားနေသော ပင်လယ်ရေပိုင်မြို့တော်ဖြစ်ပြီး ဒီရေရောက်မြစ်များမှတစ်ဆင့် တူးမြောင်းများဖြင့် ပင်လယ်နှင့် ဆက်သွယ်သည်။ ၎င်းပြင် မြောက်ဦးမြို့တော်သည် ထုံးတမ်းစဉ်လာပုံစံဖြစ်သော ပုဂံ၊ အင်းဝနှင့် မြောက်မြားစွာသော အာရှတိုက်ရှိ မြို့တော်ဟောင်းများ၏ ပုံစံကိုယူထားသည်။ ထို့ပြင် မြို့တော်၏ ပိုမို အရေးပါမှု ပေါ်လွင်ထင်ရှားစေသည်မှာ အေဒီ ၁၆၃၀ ခုနှစ်က ဘုန်းကြီးမနုရစ်ဦးဆောင်သော ပေါ်တူဂီခရစ်ယာန် သာသနာပြုအဖွဲ့ မြောက်ဦးမြို့တော်သို့ အလည်အပတ် လာရောက်ပြီး ထုထည်သော လူဦးရေ ၁၆၀၀၀ ရှိသော မြို့တော်အား မှတ်တမ်းတင်ခဲ့ခြင်းဖြစ်သည်။¹⁶ အရေးပါမှု မတူခြား၍ မြောက်ဦးမြို့တော် အထူးခမ်းနားသိုက်မြိုက်ခြင်းမှာ အေဒီ ၁၄၃၀ ခုနှစ်မှ ၁၇၈၄ ခုနှစ်အတွင်း ရခိုင်ဘုရင်များက အနုပညာစာပေနှင့် အစစအရာရာ တိုးတက်မှုအတွက် အရေးပါအရာရောက်လောက်အောင် လုပ်ဆောင်ခဲ့သည့်အတွက်ဖြစ်သည်။ ဤအချိန်ကာလကို ရခိုင်သမိုင်း၏ ရွှေခေတ်ဟု တင်စားခေါ်ဝေါ်ကြသည်။

ဘုရင်မင်းစောမွန်သည် အေဒီ ၁၄၃၃ ခုနှစ်...

  • 15 Harvey, G.E., History of Burma London, 1925, p.39

  • 16 Quoted by Harvey, Ge., ibid.

ရခိုင်နှင့်မဂို နောက်ဆုံးတိုက်ပွဲ

ယနေ့ ထိပ်တန်း သတင်းများ၂၀၂၆ ဩဂုတ်လ

သတင်းများကို ကလစ်နှိပ်ခြင်းဖြင့်အပြည့်အစုံ ဖတ်ရှုနိုင်ပါသည်။  ယနေ့ထိပ်တန်းသတင်းများ

31.08.2026 

ဘီဘီစီ

မဇ္စျိမ

ဧရာဝတီ

နိရဉ္စရာ 

ဒီဗွီဘီ 

ခေတ်သစ်မီဒီယာ

 Myanmar Now

Today's Top News (Quick Search ) August 2026

Click on the daily news to read more 

NEWS TODAY ( Today Top News )

31.08.2026

Saturday, August 29, 2026

နတလရွာများ

နတလရြာမ်ား by mayunadi

၁၉၉၄ ခုနှစ် အာဖရိကတိုက် ရဝမ်ဒါ နိုင်ငံက သတ်ဖြတ်ပွဲ

၁၉၉၄ ခုနှစ် အာဖရိကတိုက် ရဝမ်ဒါ နိုင်ငံက သတ်ဖြတ်ပွဲ by mayunadi

နစက တပ်စခန်းများ

နစက တပ္စခန္းမ်ား by mayunadi

ရခိုင်နှင့် ရိုဟင်ဂျာ စကား၌ တူညီသော ဝေါဟာရများ

  

စဉ်

ရခိုင်

ရိုဟင်ဂျာ

ဗမာ

၁

ဂါရီ

ဂါရီး

ကား

၂

မာလာခွံ

မာလာ

အုန်းမှုတ်ခွံ

၃

ပုလိပ်

ပုလိပ်ချ်

ရဲသား

၄

ဘာဘာ

ဘာဘာ

ဖေဖေ

၅

အမင်

အမာ

အမေ

၆

ဂတ်

ဂွရာသ်

ရဲစခန်း

၇

ပျာတာ

ပျာတာ

ရုံးအကူ

၈

ဒါရဝန်

ဒါရဝန်

အစောင့်

၉

နာလာကြောင်း

နာလား

‌‌‌‌‌‌ေမြာင်း

၁၀

တပွာ

ပွာဘာ

တဆယ့်သား

၁၁

ဂေါ်ယံသီး

ဂေါ်ယံမ်

မာလကာသီး

၁၂

အယမ်းသီး

အယမ်းသီး

ဒညင်းသီး

၁၃

 ပန်းတူ

 ပန်းတုခ်

ဆေးတံ

၁၄

ဗာရတီ

ဗာလတီ

ရေဆွဲပုံး

၁၅

ဆာလာအိတ်

ဆာလာ

ဂုန်နီအိတ်

၁၆

ရီအုန်းပင်

အုန်းဂါစ်(အုမ်ဖာတာ)

ဓနိပင်

၁၇

အာကာ

အာကာ (အာဆာန်)

ကောင်းကင်

၁၈

ဆောင်းဒူ

ဆောင်းဒူခ်

သေတ္တာကြီး

၁၉

ဟင်းဇား

ဟဒါး

ပန်းကန်လုံး

၂၀

ဖေးချာ

ဖွေချား

ပိုက်ဆံ

၂၁

အံဒမာရီ

အံလ်မာရီ

ဗီရို

၂၂

တဆွန်

ဆွန်

ကွပ်ပျစ်

၂၃

ကတုတ်

ဟံတုတ်

ကတုတ်ကျင်း

၂၄

ကရေယာ

ကရေယာ

အငှား

၂၅

ကလိစာ

ကလိစာ

သည်းအူ

၂၆

ကဝိ

ကဗီ

ပညာရှိစာဆို

၂၇

ကာဏာ

ကာဏာ

မျက်ကန်း

၂၈

ကာနီ

ကာနီ

ဧက

၂၉

ကာရီ

ကာရီ

ကန်သင်း

၃၀

ကာလာ

ကာလာ

အမည်းရောင်

၃၁

ကာသရီ

ကာဆရီ

ရုံးခန်း

၃၂

ကီကီရီ့ကီ

ကူကူရုကူ

ကြက်ဖတွန်သံ

၃၃

ကေတ

ကေတ

စောင်းထား

၃၄

ကင်စီပါရာ

ကင်စီ

စွပ်ကျယ်

၃၅

ကင်း

ကာင်း

ကင်း

၃၆

ကောက်ဆွ

ကောက်ဆွ

ကောက်ဆွ

၃၇

ကတ်ဖါ

ကတ်ပွား

သူတစ်ပါးထံမှီခိုသူ

၃၈

သပုန်

ဆာပုန်း

ဆပ်ပြာ

၃၉

မုန့်တီ

မုန့်တီ

မုန့်တီ

၄၀

ရွာစား

ရွာစား

ရွာစား

 

Ref: ရခိုင်ဝေါဟာရအဘိဓါန်
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */