ဧရာဝတီ
စက်တင်ဘာ ၄၊ ၂၀၂၅
စစ်တပ်ကို တိုက်ခိုက်နေပြီး လက်ရှိရခိုင်ပြည်နယ်မြို့နယ်အများစုကို ထိန်းချုပ်ထားသော AA သည် ရိုဟင်ဂျာများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ မုဒိမ်းမှုနှင့် တခြားလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ညှဉ်းပန်းနှိပ်စက်မှုအပါအဝင် ရက်စက်ကြမ်းကြုတ်သော လှုပ်ရှားမှုများကို ဦးဆောင်ခဲ့ကြောင်း ၎င်းတို့က စွပ်စွဲထားသည်။
သြဂုတ်လ ၂၉ ရက်ထုတ်ပြန်သည့် ကုလသမဂ္ဂ အစီရင်ခံစာအရ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ထန်းရှောက်ခံရွာတွင် ရိုဟင်ဂျာ အရပ်သားများအပေါ် AA က ရက်စက်ကြမ်းကြုတ်သည့် ရာဇ၀တ်မှု အများအပြား ကျုးလွန်ခဲ့ပြီး ဒေသခံအများအပြား အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း ဆိုထားသည်။
အဆိုပါထန်းရှောက်ခံအမှုနှင့် ပတ်သက်၍ AA ဘက်က ငြင်းဆိုထားပြီး သေဆုံးသူများမှာ စစ်တပ်ဘက်မှ လေ့ကျင့်ပေးထားသော ရိုဟင်ဂျာစစ်မှုထမ်းများနှင့် စစ်သားများ၏ ရုပ်အလောင်းများ ဖြစ်ကြောင်း စစ်သုံ့ပန်းဖြစ်သူ စကခ ၁၅မှ ဒု -စကခမှူး ဗိုလ်မှူးကြီး ကောင်းမြတ်က မီဒီယာများသို့ ဖြေကြားထားသည်။
ရိုဟင်ဂျာများ ဆယ်စုနှစ်နှင့်ချီကာ ကြုံနေရသည့်လူမျိုးတုန်းသတ်ဖြတ်မှု၊ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်သော ရာဇဝတ်မှုများ၌ AA သည် တစိတ်တပိုင်းပါဝင်နေကြောင်း BROUK က ပြောသည်။
“ရိုဟင်ဂျာတွေအနေနဲ့- ကျနော်တို့က ရခိုင်နဲ့ မြန်မာနိုင်ငံမှာ လူမျိုးရေး၊ ဘာသာရေး အဖွဲ့အစည်းအားလုံးနဲ့ ပေါင်းစည်းပြီး ကျနော်တို့ရဲ့ ဘုံရန်သူဖြစ်တဲ့ မြန်မာစစ်တပ်ကို ဆန့်ကျင်ဖို့ လိုလားပါတယ်။ အဲဒီအစား မြန်မာစစ်တပ်က ကျနော်တို့ကို လုပ်ခဲ့တဲ့ အလားတူ ကြောက်စရာကောင်းတဲ့ ရာဇ၀တ်မှုတွေကို ရင်ဆိုင်နေရတယ်” ဟု BROUK ဥက္ကဋ္ဌ ဦးထွန်းခင်က ပြောသည်။
အာဂျင်တီးနား တရားစီရင်ရေးသည် ကမ္ဘာပေါ်ရှိ ရိုဟင်ဂျာများအပေါ် တရားစီရင်ရေးနှင့်ပတ်သက်၍ လက်ခံရာတွင် သတ္တိရှိပြီး ကျင့်ဝတ်ဆိုင်ရာ ရှင်းလင်းပြတ်သားမှု ရှိကြောင်း၊ လက်ရှိ စုံစမ်းစစ်ဆေးနေသော ရိုဟင်ဂျာ လူမျိုးတုံး သတ်ဖြတ်မှုအပေါ် AA ၏ ပြင်းထန်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများအား လျစ်လျူရှုမထားရန် တရားရုံးကို တောင်းဆိုကြောင်း ဦးထွန်းခင်က ပြောသည်။
အာဂျင်တီးနားသည် နိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အပိုဒ် ၁၁၈ အရ နိုင်ငံပြင်ပ၌ ဖြစ်ပေါ်ခဲ့သော ရာဇဝတ်မှုများအပေါ် တရားစီရင် နိုင်သော Universal Jurisdiction ဟုခေါ်သည့် အပြည်ပြည်ဆိုင်ရာတရားစီရင်ပိုင်ခွင့်ကို ကျင့်သုံးနေသော နိုင်ငံဖြစ်သည်။
ယခုနှစ်ဆန်းပိုင်းတွင် အာဂျင်တီးနားတရားရုံးက မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေ၊ အရာရှိများကိုလည်း ဖမ်းဝရမ်းထုတ်ထားသည်။

No comments:
Post a Comment