AAMIJ News
Posted on August 25, 2025
ဒီကနေ့ဟာ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုရဲ့ (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။
ရိုဟင်ဂျာမျိုးတုံးသတ်ဖြတ်မှု အထိမ်းအမှတ်နေ့အဖြစ် ဘင်္ဂလားဒေရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ဆန္ဒပြတောင်းဆိုတာတွေလုပ်ဆောင်ခဲ့ကြပါတယ်။
၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့က စတင်ခဲ့တဲ့ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုကြီးဟာကမ္ဘာတစ်ဝန်းရှိ ရိုဟင်ဂျာများနဲ့ ၎င်းတို့ကို ထောက်ခံသူများအတွက် ဝမ်းနည်းဖွယ်အမှတ်ရမှုများ ရှိနေဆဲဖြစ်ပါတယ်။
“တရားမျှတမှု နောက်ကျခြင်းသည် တရားမျှတမှုကို ငြင်းပယ်ခြင်းပင်” ဆိုတဲ့အတိုင်း၊ အခုတိုင် တရားမျှတမှု မရရှိသေးပေမယ့် ဒီဖြစ်ရပ်ကို ကျွန်ုပ်တို့ မည်သည့်အခါမျှ မေ့လျော့မှာ မဟုတ်။ ကမ္ဘာ့အသိုင်းအဝိုင်းအနေနဲ့ ရိုဟင်ဂျာများအတွက် တရားမျှတမှုနဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရရှိဖို့ ဆက်လက် တောင်းဆိုနေပါမယ်လို့ ဒုက္ခသည်စခန်းအတွင်းမှ ရိုဟင်ဂျာလူငယ်အမျိုးသားတစ်ဦးက AAMIJကို ပြောပါတယ်။
Link : Here
No comments:
Post a Comment