မတ်လ ၁၆ ၂၀၂၅ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် Antonio Guterresက ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ထောက်ပံ့မှုတွေကို မလျှော့ချဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို ပြင်းပြင်းထန်ထန် တောင်းဆိုလိုက်ပါတယ်။
မစ္စတာ Guterres ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း Cox's Bazar မှာရှိတဲ့ ဒုက္ခသည်စခန်းတွေဆီ သောကြာနေ့က သွားရောက်ခဲ့ပါတယ်။ အဲဒီဒေသဟာ အိမ်နီးချင်း မြန်မာနိုင်ငံမှာ ဖိနှိပ်မှုတွေကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ မွတ်စလင် တစ်သန်းလောက် နေထိုင်တဲ့ နေရာဖြစ်ပါတယ်။
ပြင်းထန်တဲ့ အာဟာရချို့တဲ့မှုအတွက် အရေးပေါ်ကုသဖို့ လိုအပ်နေတဲ့ ဒုက္ခသည်စခန်းတွေမှာရှိတဲ့ ကလေးအရေ အတွက် တိုးလာနေကြောင်း ကုလသမဂ္ဂက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ အဓိကအားဖြင့် ဥရောပနိုင်ငံအများအပြားဟာလူသားချင်းစာနာထောက်ထားမှုအကူ အညီတွေကို သိသိသာသာဖြတ်တောက်မယ်လို့ မကြာခင်က ကြေညာထားခဲ့ကြောင်း မစ္စတာ Guterres က ပြောကြားခဲ့ပါတယ်။ အဲဒီလှုပ်ဆောင်မှုတွေကြောင့် ရိုဟင်ဂျာ ဒုက္ခ သည်တွေအတွက် စားနပ်ရိက္ခာခွဲတမ်းတွေ လျော့ပါးသွားနိုင်ကြောင်း သူက သတိပေးလိုက်ပါတယ်။
"ရိုဟင်ဂျာတွေအကြောင်း နိုင်ငံတကာအသိုင်းအဝိုင်းက မေ့သွားတယ်ဆိုတာကို ကျွန်တော်တို့ လက်မခံနိုင်ဘူး" လို့လည်း မစ္စတာ Guterres က ပြောကြားခဲ့ပါတယ်။
Link : Here
No comments:
Post a Comment