RFA
RFA Burmese
2025.03.28

ရိုဟင်ဂျာဒုက္ခသည်တွေကို ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် (WFP) ကတဆင့် အမေရိကန်ဒေါ်လာ ၇၃ သန်းကူညီပံ့ပိုးမယ်လို့ အမေရိကန်အစိုးရက မတ်လ ၂၇ ရက် ကြာသပတေးနေ့မှာ ပြောကြားပါတယ်။
နိုင်ငံတကာအကူအညီတွေ ဖြတ်တောက်မယ်ဆိုရင် ဒီပြသနာကို ပိုမိုဆိုးဝါးစေလိမ့်မယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေပေါ်ထွက်နေစဉ်အတွင်း အမေရိကန်ပြည်ထောင်စုက အခုလိုပြောကြားလိုက်တာပါ။
နိုင်ငံခြားရေးဌာနပြောခွင့်ရ Tammy Bruce က ဒုက္ခသည် ၁ သန်းကျော်ကို အခုလို စားနပ်ရိက္ခာတွေ လှူဒါန်းခြင်းအားဖြင့် အရေးပေါ်လိုအပ်ချက်တွေရရှိနိုင်မှာဖြစ်ကြောင်းနဲ့ တခြားနိုင်ငံတကာမိတ်ဆွေတွေလည်း ဝန်ထုပ်ဝန်ပိုးတွေကို မိမိတို့လိုပဲ ပါဝင်ကူညီဖို့ အရေးကြီးပါတယ်လို့ ပြောပါတယ်။
သမတ ထရမ့်အစိုးရက နိုင်ငံခြားအကူအညီတွေကို ဖြတ်တောက်နေစဉ်အတွင်း အခုလို ကူညီမယ့် သတင်းပေါ်ထွက်လာတာဖြစ်ပါတယ်။
နိုင်ငံတကာအကူညီတွေနည်းပါးသွားမယ်ဆိုရင် ဒုက္ခသည်တွေကို စားနပ်ရိက္ခာထောက်ပံ့မှု လျော့နည်းထိခိုက်နိုင်တယ်လို့ ကုလသမဂအဖွဲ့အစည်းတွေသတိပေးထားပါတယ်။
အမေရိကန်အစိုးရဟာ ရိုဟင်ဂျာတွေကို အများဆုံးကူညီနေတဲ့နိုင်ငံဖြစ်ပြီး ၂ဝ၁၇ ကနေ လက်ရှိအချိန်အထိ အမေရိကန်ဒေါ်လာ သန်း ၂၄ဝဝ နီးပါး ပေးအပ်ကူညီခဲ့ပြီးပြီလို့ သိရပါတယ်။
Link : Here
No comments:
Post a Comment