Sunday, January 5, 2025

Narinjara
နောင်မင်းသူ- နိရဉ္စရာ၊
ဇန်နဝါရီ ၄ /၂၀၂၅




ရခိုင်ပြည် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်မြောက်ပိုင်း ဘင်္ဂလာ-မြန်မာနယ်ခြားမှတ်တိုင် အမှတ် (၄၅) နှင့် (၄၆) အကြား ဝေလာတောင်သွားလမ်းမှာ ပုန်းခိုနေတဲ့ အကြမ်းဖက်အာဆာ (ARSA) အဖွဲ့ကို အာရက္ခတပ်တော်(AA) တိုက်ခိုက် ရှင်းလင်းခဲ့တယ်လို့ သတင်းရရှိပါတယ်။ 

ထိုသို့ ရှင်းလင်းတိုင်ခိုက်စဉ်မှာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့တယ်လို့ မောင်တောမြို့နယ် မြောက်ပိုင်း ခမောင်းဆိပ်ဒေသခံတစ်ဦးက နိရဉ္စရာကို ပြောကြားပါတယ်။

"ကျွန်တော်တို့ သိရတာကတော ဇန်နဝါရီလ ၂ ရက်နေ့ ဘင်္ဂလာ-မြန်မာနယ်ခြားမှတ်တိုင်အမှတ် ၄၅ နဲ့ ၄၆ ဝေလာတောင်သွားလမ်းမှာ ပုန်းခိုနေတဲ့ အာဆာအဖွဲ့ကို အေအေကရှင်းလင်း တိုက်ခိုက်တယ်။ တိုက်ပွဲပြင်းထန်စွာဖြစ်ပွာခဲ့ကြတယ်လို့ သိရတယ်။ အကျအဆုံးကိုတော့မသိရပါဘူး။" 

မောင်တောမြို့ နခခ (၅) ကို အာရက္ခတပ်တော်က ဒီဇင်ဘာ ၈ ရက်နေ့က အပြီးသတ် သိမ်းပိုက်ပြီးနောက် ဒေသအတွင်း အကြမ်းဖက်မှုတွေကို ကျူးလွန်နေတဲ့ အာဆာအဖွဲ့ကို အာရက္ခတပ်တော် ကမ်း ခြေစောင့်တပ်ဖွဲ့ဝင်တွေက ပိုက်စစ်တိုက် လိုက်လံရှာဖွေ ရှင်းလင်းလျက် ရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ 



ဓာတ်ပုံ- ပုံဟောင်း/ Irrawaddy)

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */