Thursday, January 23, 2025

ရိုဟင်ဂျာအရေး ဂျာမနီအထောက်အကူရဖို့ ဘင်္ဂလားဒေ့ရှ် ကြိုးစား

RFA
RFA Burmese
2025.01.22 

 ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံလာကြသည့် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာဒုက္ခသည်များ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့က တွေ့ရစဉ်။ AFP Photo

ကုလသမဂ္ဂကြီးကြပ်တဲ့အောက်ကနေ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအတွက် လုံခြုံတဲ့ ဇုန်နယ်မြေတည်ထောင်ရေးမှာ ဂျာမနီနိုင်ငံက အထောက်အကူရရှိဖို့ ဘင်္ဂလားဒေ့ရှ်က ကြိုးစားတယ်လို့ တူရကီ အေအေသတင်းက ဇန်နဝါရီ ၂၂ ရက်မှာ ဖော်ပြပါတယ်။

ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ ခေါင်းဆောင် Muhammad Yunus မိုဟာမက်ယူနွတ်နဲ့ ဂျာမနီဝန်ကြီး ချုပ် Olaf Scholz အိုလော့ဖ်ရှုဇ်တို့ ဆွစ်ဇာလန်နိုင်ငံ Davos မြို့မှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေး ညီလာခံ ပြင်ပမှာ တွေ့ဆုံချိန်မှာ ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင်က ဂျာမနီရဲ့ ထောက်ခံအားပေးမှုရဖို့ ကြိုးစားတာပါ။

ဘင်္ဂလားဒေ့ရှ်ကို အထောက်အကူပေးမယ်လို့ ဂျာမန်ဝန်ကြီးချုပ်က ပြောကြားတယ်လို့လည်းသတင်း မှာ ဖော်ပြပါတယ်။

မြန်မာစစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA တို့ဖြစ်ပွားတဲ့ ပဋိပက္ခကြောင့် နယ်စပ်ချင်းစပ်နေတဲ့ဘင်္ဂ လားဒေ့ရှ်ကို ရိုဟင်ဂျာတွေ ပိုမိုရောက်ရှိလာပါတယ်။

ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်း Cox’s Bazar ခရိုင်မှာ ရိုဟင်ဂျာ ၁ ဒသမ ၂ သန်းရောက်ရှိနေပါတယ်။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */