ဧရာဝတီ
ဒီဇင်ဘာ ၄၊ ၂၀၂၄
ရခိုင်ပြည်နယ်မြောက်ပိုင်းက ဘူးသီးတောင်နဲ့ မောင်တောမြို့တွေကို အတားအဆီးတွေ ဘယ်လိုပဲရှိရှိ ရအောင်သိမ်းမှာဖြစ်တယ်လို့ အာရက္ခတပ်တော် (AA) ရဲ့ တပ်မှူးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် က ဧရာဝတီနဲ့ ဩဂုတ်လထဲမှာ ပြုလုပ်တဲ့ သီးသန့်အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။
ဘူးသီးတောင်မြို့နယ်ထဲက
စခန်းသိမ်းတိုက်ပွဲတွေမှာ AA က ရိုဟင်ဂျာ အရပ်သားတွေအပေါ် တိုက်
ခိုက်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ အပေါ်မှာလည်း
ဗိုလ်ချုပ်ထွန်းမြတ်နိုင်က တုန့်ပြန် ရှင်းလင်းထားပါတယ်။
လက်ရှိအချိန်မှာတော့ AA ဟာ မောင်တောမြို့နယ်ထဲမှာ ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်တွေ၊စစ်ကောင် စီ သင်တန်းပေးထားတဲ့ မွတ်ဆလင်ပျူစောထီးတပ်တွေနဲ့ အာရကန် ရိုဟင်ဂျာ ကယ်တင်ရေး တပ်မ တော် (ARSA)၊ အာရကန် ရိုဟင်ဂျာတပ်မတော် (ARA) နဲ့ ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) ပူးပေါင်းတပ်တွေကို ထိုးစစ်တိုက်ခိုက်နေတာဖြစ်ပါတယ်။
ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော် က ဩဂုတ်လထဲမှာ မေးမြန်းထားတဲ့ အင်တာဗျူးကို ကောက်နှုတ်ဖော်ပြလိုက်တာ ဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #ဗိုလ်ချုပ်ထွန်းမြတ်နိုင် #မောင်တော #AA စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://bit.ly/supporttheirrawaddy
Link : Here
တရုတ်ဂြိုလ်က ကျောက်ဖြူရောက်နေပြီ။ တေ့ကြသေးတာပေါကွ
ReplyDelete