RFA
RFA Burmese
2024.11.28
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အဖွဲ့ခေါင်းဆောင် နီကိုလပ်စ် ကုမ်ဂျန် (Nicholas Koumjian)။ Photo: UN
မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့အတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC)ရဲ့ စုံစမ်းစစ်ဆေးမှုတွေမှာ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM)က ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း IIMM က ထုတ်ပြန်ပါတယ်။
ရိုဟင်ဂျာတွေအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေချုပ် ကာရင်ခန်းက ICC တရားရုံးကို နိုဝင်ဘာ ၂၇ ရက်နေ့က လျှောက်ထားခဲ့တာပါ။
မြန်မာစစ်တပ်ရဲ့အမြင့်ဆုံးရာထူးရှိသူကို ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုခြင်းဟာ ဥပဒေအထက်မှာဘယ် သူမှရှိမနေဘူးဆိုတာ ပြစ်မှုကျူးလွန်သူတွေကို သတင်းစကားပါးလိုက်တာဖြစ်တယ်လို့ IIMM အကြီးအကဲ နီကိုလပ်စ် ကုမ်ဂျန်က ပြောပါတယ်။
စစ်ခေါင်းဆောင်ရဲ့ ရာဇဝတ်ကျူးလွန်မှုတွေကို အထောက်အထားတွေ နဲ့ စိစစ်သုံးသပ်ချက်တွေ၊ သက် သေတွေရဲ့ ထွက်ဆိုချက်တွေကို ICC တရားလိုရှေ့နေရုံးကို မျှဝေပေးခြင်းဖြင့် ICC နဲ့ IIMM က အနီး ကပ်ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
၂ဝ၁၆ နဲ့ ၂ဝ၁၇ ခုနှစ်တွေအတွင်း မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ရာထောင်ချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးခိုလှုံခဲ့ရတဲ့ အကြမ်းဖက်မှုတွေနဲ့ ဆက်စပ်ရာဇဝတ်မှုတွေကို ငါးနှစ်ကြာစုံစမ်းစစ်ဆေးပြီးနောက် စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ တရားရုံးကိုလျှောက်ထားခဲ့တာလို့ ICC တရားလိုရှေ့နေက ထုတ်ပြန်ပါတယ်။
ဆက်နွယ်သောသတင်းများ
- မြန်မာစစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ရေးကိစ္စ တိကျခိုင်မာဖို့ AI ပြောကြား
- မြန်မာစစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ရေး မျှမျှတတဆောင်ရွက်ဖို့ တရုတ်ပြော
- စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားချက် ရိုဟင်ဂျာအရေးလှုပ်ရှားနေတဲ့ အဖွဲ့တွေ ကြိုဆို
- စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေချုပ် တောင်းဆို
- မြန်မာနိုင်ငံမှာ စစ်ရာဇဝတ်မှုတွေ ပိုတိုးလာကြောင်း ကုလမှာ IIMM တင်ပြ
No comments:
Post a Comment