Monday, June 17, 2024

"ရိုဟင်ဂျာတွေ အခွင့်အရေး အမေရိကန် ဆက်လက်အားပေးမည်" - သမ္မတဘိုင်ဒင်

VOA
ဗွီအိုအေ (မြန်မာဌာန)

၁၇ ဇွန်၊ ၂၀၂၄

ယခင်မှတ်တမ်းရုပ်ပုံ | ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင်အတွင်းက Ukhiya ရိုဟင်ဂျာဒုက္ခသည်စခန်း (အောက်တိုဘာ ၁၀၊ ၂၀၂၁)

မြန်မာနိုင်ငံက ရိုဟင်ဂျာမူဆလင်တွေနဲ့ တရုတ်နိုင်ငံ ဝီဂါဒေသက မူဆလင်တွေလို ကမ္ဘာတဝှမ်း ဖိနှိပ်ခံနေရတဲ့ မူဆလင်အသိုင်းအဝန်းရဲ့ အခွင့်အရေးအတွက် အမေရိကန်ပြည်ထောင်စုက ဆက်လက် အား ပေးသွားမှာ ဖြစ်တဲ့အကြောင်း သမ္မတဂျိုးဘိုင်ဒန်က အစ္စလာမ်ဘာသာဝင်တွေရဲ့ Eid al-Adha အထိမ်းအမှတ် ကြေညာချက်မှာ ဖော်ပြပါတယ်။

အစ္စလာမ်ဘာသာဝင်တွေရဲ့ အထွတ်အမြတ်ထားရာ Eid al-Adha ပွဲတော် အခါသမယ ကျရောက်တဲ့အချိန်မှာ ကမ္ဘာတဝှမ်း မူဆလင်တွေအတွက် အခက်ခဲဆုံးအချိန် ရင်ဆိုင်နေရတာကိုလည်း သမ္မတ ဘိုင်ဒန် အသိအမှတ်ပြု ပြောဆိုပါတယ်။ အထူးသဖြင့် ဂါဇာကမ်းမြှောင်ပါ အပစ်မဲ့ ပြည်သူတွေ အများ အပြား သေကြေနေရတဲ့ ဆိုးဝါးကြောက်မက်ဖွယ် စစ်ပွဲ အဆုံးသတ်ရေး အမေရိကန်အစိုးရအနေနဲ့ အတတ်နိုင်ဆုံး ကြိုးပမ်းနေတဲ့အကြောင်း သမ္မတဘိုင်ဒန် ပြောဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ မူဆလင်သန်းနဲ့ချီ နေထိုင်တဲ့ တိုင်းပြည်ဖြစ်ပြီး မူဆလင်မုန်းတီးရေးဝါဒနဲ့ ခွဲခြားမှုတွေကို ဆန့်ကျင်သွားမယ်ဆိုတာကိုလည်း သမ္မတဘိုင်ဒန်က ကတိပေးပြောဆိုပါတယ်။

အခြားဖတ်ရှုစရာများ

အမေရိကန် မူဆလင်ပဲဖြစ်ဖြစ်၊ ပါလက်စတိုင်းအပါအဝင် အမေရိကန်တွေကိုပဲ ဖြစ်ဖြစ် ဘယ်သူ့ကို မဆို ပစ်မှတ်ထား တိုက်ခိုက်တာမျိုး လက်ခံမှာ မဟုတ်တဲ့အကြောင်းနဲ့ အမေရိကန်ပြည်ထောင်စုမှာ အမုန်းတရားကို လက်ခံမှာ မဟုတ်တဲ့အကြောင်း သမ္မတဘိုင်ဒန်က ပြောဆိုပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ လူတိုင်း တန်းတူညီမျှ လေးစားခံရပြီး မေတ္တာထား လက်ခံတဲ့နေရာ ဆိုတာကိုလည်း Eid al-Adha အထိမ်းအမှတ် သမ္မတဂျိုးဘိုင်ဒန်က သတင်းစကားပါးထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */