Wednesday, May 29, 2024

မြန်မာစစ်တပ်အတွက် ရိုဟင်ဂျာတွေ အဓမ္မ လူသစ်စုဆောင်းခံနေရ

RFA
RFA Burmese
2024.05.29

စစ်ယူနီဖောင်းဝတ်ဆင်ထားပြီး သေနတ်ကိုင်ဆောင်ထားသည့် ရိုဟင်ဂျာများအား ၂၀၂၄ ခုနှစ်၊ မတ်လ ၉ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist 

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေဟာ ရက္ခိုင့်တပ်တော် (AA) ကို တိုက်ဖို့အတွက်ဆိုပြီး ရိုဟင်ဂျာ လူငယ်နဲ့ လူကြီးပိုင်းတွေ ရာနဲ့ချီပြီး အဓမ္မ လူသစ်စုဆောင်းခံနေရတယ်လို့ AFP သတင်းဌာနက မေလ ၂၉ ရက် ဒီနေ့ သတင်းဖော်ပြပါတယ်။
ဒုက္ခသည်စခန်းတွေမှာ ဖွဲ့စည်းထားတဲ့ ရိုဟင်ဂျာလက်နက်ကိုင် အဖွဲ့သုံးဖွဲ့က အခုလို အဓမ္မ လူသစ်စုဆောင်းနေတာလို့ ကာယကံရှင် မိသားစုဝင်တွေကပြောကြောင်း AFP က ဖော်ပြပါတယ်။

အသက် ၂၀ အရွယ် သားဖြစ်သူဟာ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ အာဆာ (ARSA) ရဲ့ အဓမ္မ လူသစ်စုဆောင်းခံရကြောင်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဖခင်က AFP ကို ပြောပါတယ်။

ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) ရဲ့ တာဝန်ရှိသူတစ်ဦးကလည်း AA က ရိုဟင်ဂျာတွေကို နှိပ်စက်သတ်ဖြတ်နေတာကြောင့် လူသစ်စုဆောင်းပြီး ပုံမှန်စစ်သင်တန်းပေးနေတယ်လို့ AFP ကို ပြောပါတယ်။

RSO၊ ARSA နဲ့ ARA သုံးဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာတွေကို လူသစ်စုဆောင်းနေကြောင်း AA ပြောခွင့်ရသူ ခိုင်သုခကလည်း စွပ်စွဲထားတယ်လို့ ဆိုပါတယ်။

ဘူးသီးတောင်မြို့နယ်က ရိုဟင်ဂျာတစ်ဦးကတော့ သူနဲ့ သူ့ရဲ့မိသားစုဝင်တစ်ဦးဟာ မြန်မာစစ်တပ်မှာ တာဝန်ထမ်းဆောင်ဖို့ ARSA ရဲ့ ရိုက်နှက်ခေါ်ဆောင်ခံရကြောင်း AFP ကို ပြောပါတယ်။ အခုလို တိုက်ပွဲထဲအပို့ခံရတဲ့ ရိုဟင်ဂျာတွေဟာ မြန်မာစစ်တပ်နဲ့ အတူတိုက်ပွဲဝင်နေရတယ်လို့ ဆိုပါတယ်။

လူသစ်စုဆောင်းရာမှာ ရိုဟင်ဂျာတွေအနေနဲ့ ခြိမ်းခြောက်မှုအသစ်တွေကို ရင်ဆိုင်ဖို့ မြန်မာစစ်တပ်ထဲက ရန်သူဟောင်းတွေနဲ့ ပူးပေါင်းဖို့လိုအပ်တယ်လို့ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့တွေကပြောကြောင်း AFP က ဖော်ပြထားပါတယ်။

ဆက်နွယ်သောသတင်းများ

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */