" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, February 4, 2024

ရိုဟင်ဂျာမုန်းတီးရေး ဖော်ပြမှုတွေ ဟန့်တားဖို့ အိန္ဒိယတရားရုံးကို တောင်းဆို

VOA
ဗွီအိုအေ (မြန်မာပိုင်း)
၀၄ ဖေဖော်ဝါရီ၊ ၂၀၂၄ 

FILE - An anti-Rohingya poster in Jammu city, put up by Hindu right-wing groups. Several Hindu right-wing groups have been demanding the expulsion of all Rohingya refugees from the city is seen in this March 3, 2021 photo. (Mir Imran/VOA)

Facebook လူမှုကွန်ရက်မှာ ရိုဟင်ဂျာတွေအပေါ် မုန်းတီးရေး ဖော်ပြနေတာတွေကို ဟန့်တားဖို့ ရိုဟင်ဂျာ ဒုက္ခ သည် ၂ ယောက်က အိန္ဒိယနိုင်ငံက တရားရုံးမှာ တောင်းခံလိုက်ပါတယ်။ အိန္ဒိယနိုင်ငံက လူမှုကွန်ရက်တွေမှာ ရိုဟင်ဂျာတွေကို အကြမ်းဖက်ဝါဒီတွေ၊ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေ စတဲ့ မကောင်းတဲ့ အသုံးအနှုန်းတွေနဲ့ ဖော်ပြနေပြီး ဝိုင်းပယ်အောင် လုပ်နေတာတွေ ရှိနေတာကြောင့် ဟန့်တားပေးဖို့ တရားရုံးမှာ လျှောက်ထားခဲ့တာပါ။
ရိုဟင်ဂျာတွေအပေါ် မလိုမုန်းတီးတဲ့ ဖော်ပြချက်တွေ အိန္ဒိယနိုင်ငံက လူမှုကွန်ရက်စာမျက်နှာတွေမှာ ဖော်ပြတဲ့အခါ ပယ်ဖျက်နိုင်အောင် စောင့်ကြည့်ဖို့ ပါဝင်တဲ့ တောင်းဆိုချက်ကိုတော့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ အများပြည်သူ သိခွင့်ရခဲ့ကြပါတယ်။ ရိုဟင်ဂျာတွေအပေါ် တိုက်ရိုက်ရည်ညွှန်းတဲ့ မုန်းတီးမှုတွေ၊ နိုင်ငံရေးအရ သဘောထား ကွဲပြားစရာတွေ၊ သတင်းမှားတွေ၊ မမှန်သတင်းတွေ အကြိမ်ကြိမ် ဖော်ပြနေတာတွေကို Facebook ရဲ့ ဌာနတွင်း အစီရင်ခံစာတွေနဲ့ အများပြည်သူကို ထုတ်ပြန်တဲ့ အစီရင်ခံစာတွေမှာပါ တွေ့ရှိရကြောင်းလည်း တရားရုံးကို တင်ပြထားပါတယ်။

အိန္ဒိယနိုင်ငံမှာ ဝန်ကြီးချုပ် Narendra Modi ဦးဆောင်တဲ့ ဟိန္ဒူအမျိုးသားရေးဝါဒီ BJP ပါတီ ၂၀၁၄ ခုနှစ်မှာ အ နိုင်ရခဲ့ပြီးနောက်ပိုင်း မွတ်ဆလင် ရိုဟင်ဂျာတွေအပေါ် ဆန့်ကျင်မှုတွေလည်း တိုးလာခဲ့တာပါ။ လွန်ခဲ့တဲ့ ၆ နှစ်အတွင်း ရာဂဏန်းရှိတဲ့ ရိုဟင်ဂျာတွေ နိုင်ငံတွင်း တရားမဝင် ဝင်ရောက်မှုနဲ့ ဖမ်းဆီးခံခဲ့ရသလို တချို့ကို နေရပ်ပြန်ပို့တာတွေလည်း ရှိခဲ့ပါတယ်။ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလအထိ စာရင်းအရ အိန္ဒိယနိုင်ငံမှာ ရိုဟင်ဂျာ ၂၁,၀၀၀ ကျော် နေထိုင်နေပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */