" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, February 1, 2024

ရိုဟင်ဂျာ ၁၃၀ ကျော် အင်ဒိုနီးရှားကို ရေကြောင်းက ထပ်မံရောက်ရှိ

VOA
ဗွီအိုအေ (မြန်မာဌာန)
၀၁ ဖေဖော်ဝါရီ၊ ၂၀၂၄ 

အင်ဒိုနီးရှားကိုရောက်လာတဲ့ ရိုဟင်ဂျာများ (ဖေဖော်ဝါရီ ၁၊ ၂၀၂၄)

အင်ဒိုနီးရှားနိုင်ငံကို ဒီကနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ရိုဟင်ဂျာ ၁၃၀ ကျော် ထပ်ရောက်လာတယ်လို့ ကုလသ မဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက ပြောပါတယ်။ ဒါဟာ လှေစီးပြေး ရိုဟင်ဂျာတွေကို အင်ဒိုနီးရှားနိုင်ငံအ တွင်း လက်ခံရေး၊ မခံရေးကိစ္စနဲ့ပတ်သက်လို့ အငြင်းပွားမှုတွေ ဖြစ်နေချိန်မှာ အခုလို ထပ်ရောက်လာတာပါ။
အင်ဒိုနီးရှားနိုင်ငံ တောင်ဘက် အစွန်းပိုင်း Aceh ဒေသကို ရောက်လာကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ဒေသခံတွေက ကမ်းအကပ်မခံဘဲ ပင်လယ်ပြင်ထဲ ပြန်မောင်းထုတ်တာတွေ လုပ်ဆောင်နေပေမယ့် မနှစ် အောက်တိုဘာ လကစလို့ ရိုဟင်ဂျာ ၂,၀၀၀ နီးပါး ရောက်လာခဲ့တယ်လို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR က ပြောပါတယ်။

Aceh ဒေသ အရှေ့ပိုင်းကို ဒီကနေ့ ကြာသပတေးနေ့မှာ ရိုဟင်ဂျာ ၁၃၀ ကျော် ရောက်လာကြတာလို့ UNHCR ရုံး တာဝန်ရှိသူတဦးဖြစ်တဲ့ Faisal Rahman က ပြောပါတယ်။ မနှစ် ဒီဇင်ဘာလတုန်းကလည်း Aceh ပြည်နယ်မြို့တော် Banda Aceh က ရိုဟင်ဂျာတွေ ခိုလှုံနေတဲ့နေရာကို တက္ကသိုလ်ကျောင်းသားတွေ ဝင်ရောက် စီးနင်းပြီး သူတို့ကို နေရပ်ပြန်ပို့ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ အဲဒီဖြစ်စဉ်ဟာ အွန်လိုင်းပေါ်မှာ သတင်းတု၊ သတင်းမှားတွေ ထုတ်ပြန်ပြီး စံနစ်တကျ ရည်ရွယ်ချက်နဲ့ ကြိုတင် ကြံစည် လုပ်ဆောင်မှု ဖြစ်တယ်လို့ UNHCR က ပြောပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */