" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, January 3, 2024

မောင်တောမြို့နယ်မြောက်ပိုင်း ကြောင်နဖေကျေးရွာတွင် ဆက်လက်တိုက်ပွဲဖြစ်

Narinjara
ရက်စွဲ: ၀၂ ဇန်နဝါရီ ၂၀၂၄ 

ရခိုင်အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်မြောက်ပိုင်း ကြောင်နဖေ (မြိုတိုင်းရင်းသား) ကျေးရွာရှိ နယ်ခြား စောင့်ရဲကင်းစခန်းအား ရက္ခိုင့်တပ်တော် (AA)က စတင်တိုက်ခိုက်ရာမှ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများ ကပြောသည်။

ယမန်နေ့ ဇန်နဝါရီလ ၁ ရက်နေ့ ည ၇ နာရီခန့်အချိန်တွင် ရက္ခိုင့်တပ်တော်မှ နယ်ခြားစောင့် ရဲစခန်းအား စတင် ထိုးစစ်ဆင်ပြီး ၁ နာရီဝန်းကျင်ခန့်အကြာ အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းဒေသခံတစ်ဦးကနိရဉ္စရာသတင်း ဌာနကို ပြောသည်။

" အေအေက အဲ့ဒီစခန်းကို အရင်တိုက်တာ။ လက်နက်ကြီး/ငယ်တွေနဲ့ အပြန်အလှန်ပစ်ခဲ့ကြတယ်။ ပစ်လိုက်ရပ် လိုက်နဲ့ တစ်နာရီဝန်းကျင်လောက်ကြာတယ်။ အဲ့ဒီနောက်ပိုင်းတော့ ငြိမ်သွားတယ် " ဟုပြောသည်။

ယနေ့ ဇန်နဝါရီ ၂ ရက်နေ့ နေ့လယ် ၂ နာရီကျော်အထိ တိုက်ပွဲဆက်ဖြစ်ပွားခြင်းမရှိဘဲ ငြိမ်သက်နေကြောင်း လည်း ၎င်းကပြောသည်။

နောက်ဒေသခံတစ်ဦးက " အရင်ကနေ အဲ့ဒီစခန်းကို အေအေက ဝိုင်းထားတာကြာပြီ။ မနေ့က အေအေက စပစ် တာ။ အဲ့တော့ စစ်ကောင်စီကလည်း ပြန်ခုခံတာပေါ့။ ပထမ ၁၅ မိနစ်လောက်က ဆက်တိုက်ပစ်ကြတယ်။ ပြီး ရင်တော့ ရပ်လိုက် ပစ်လိုက်နဲ့ပေါ့ " ဟုပြောသည်။

လွန်ခဲ့သည့် ဒီဇင်ဘာလ ၂၂ ရက်နေ့ နေ့လယ် ၁၁ နာရီကျော်ခန့်က ကြောင်နဖေရွာ နယ်ခြားစောင့် ရဲကင်းစခန်း နှင့် ရက္ခိုင့်တပ်တော် (AA) တို့ နာရီဝက်ခန့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

ယင်းအပြင် အဆိုပါရွာကို ပြီးခဲ့သည့် ဒီဇင်ဘာ ၂၂ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ခမောင်းဆိပ်ဗျူဟာကုန်းမှလက် နက်ကြီး ပစ်ခတ်မှုကြောင့်မီးလောင်ခဲ့ပြီး နေအိမ် ၃၀ ကျော်ခန့်မီးလောင်ပြာကျခဲ့သည်။

ထို့အပြင် ၎င်းရွာသားများမှာ အဓိကထားလုပ်ကိုင်စားသောက်နေသည့် လယ်ယာလုပ်ငန်းများဖြစ်ပြီး၊ လယ်ထွန် စက် တစ်စီး၊ စပါး တောင်း ၃ ထောင်ကျော်အပြင်၊ ဘဲ၊ ကြက်၊ ဝက်၊ ဆိတ် နှင့် အိမ်ဆိုင်ပစ္စည်းများအပါအဝင် ဆိုင်ကယ်များလည်း မီးထဲပါ ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ယင်းရွာတွင် အိမ်ခြေ ၅၀ ခန့်ရှိပြီး၊ လူဦးရေ ၂၆၀ ခန့်ရှိကာ လက်ရှိတွင် ဘေးလွှတ်ရာသို့ တိမ်းရှောင်နေခဲ့ရ ကြောင်းသိရသည်။ (NN-13)

ဓာတ်ပုံ- ပေးပို့

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */