" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, December 29, 2023

ရိုဟင်ဂျာများ ထွက်သွားရန် အင်ဒိုနီးရှားကျောင်းသား ၂၀၀ ကျော် ဆန္ဒပြ

DVB
December 29, 2023

မြန်မာနိုင်ငံကနေ အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ အင်ဒိုနီးရှားမှာ သူ တို့ ကိုအလိုမရှိကြောင်း ဆန္ဒပြတာခံနေကြရတယ်လို့ အေပီသတင်းမှာ ဖော်ပြပါတယ်။

ဒီဇင်ဘာလ ၂၇ ရက် အင်ဒိုနီးရှား ကျောင်းသား ၂၀၀ ကျော်ဟာ ရိုဟင်ဂျာဒုက္ခသည်တွေကို အစိုးရက မောင်း ထုတ်ပေးဖို့ အာချေးပြည်နယ်ရဲ့ မြို့တော် ဘန်ဒါအာချေးရှိ လွှတ်တော်အဆောက်အဦရဲ့ ရှေ့မှာ ဆန္ဒပြခဲ့ကြပါ တယ်။


သူတို့ ဒေသအတွင်းမှာ ရိုဟင်ဂျာတွေရှိနေတာဟာ ဒေသခံလူ့အဖွဲ့အစည်းအတွက် လူမှုရေးမှာရော စီးပွားရေး မှာပါ ပြဿနာတွေ ဖြစ်လာစေနိုင်တယ်လို့ ဆန္ဒပြကျောင်းသားတွေက ပြောပါတယ်။

“ရိုဟင်ဂျာ၊ ထွက်သွား” လို့ ဟစ်အော် ဆန္ဒပြနေကြတဲ့ ကျောင်းသားတွေဟာ ရိုဟင်ဂျာတွေ ရောက်လာတာကို စီမံခန့်ခွဲနိုင်ခြင်းမရှိတဲ့ အင်ဒိုနီးရှား အစိုးရကိုရော ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီကိုပါ အပြစ်တင်ခဲ့ ကြပါတယ်။

ဆန္ဒပြသူတချို့က လမ်းမတွေပေါ်မှာ တာယာတွေမီးရှို့ခဲ့ကြတာကိုလည်း တွေ့မြင်ရပါတယ်။

ဆန္ဒပြပွဲ ဦးဆောင်စီစဉ်သူတွေထဲက တစ်ဦးက “အာချေးဒေသကနေ ရိုဟင်ဂျာဒုက္ခသည်တွေ အားလုံးကို ဖယ် ရှားပေးဖို့အတွက် လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ပေးဖို့ လွှတ်တော်အမတ်ကို တိုက်တွန်းပါတယ်” လို့ ပြောပါတယ်။

ဆန္ဒပြသူတွေက ရိုဟင်ဂျာ ၁၃၅ ယောက်ကို ယာယီနေရာချပေးထားတဲ့ မြို့တော်ခန်းမကို ချီတက် သွားကြပြီး သူတို့ရဲ့ အဝတ်အစားတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကို လွှင့်ပစ်ခဲ့ကြတာကြောင့် အာဏာပိုင်တွေက သူတို့ကို တခြားနေရာမှာ ပြောင်းရွှေ့နေရာချထားပေးခဲ့ရပါတယ်။

ရိုဟင်ဂျာတွေဟာ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် မြန်မာနိုင်ငံကနေ ထွက်ခွာခဲ့ကြပြီးဘင်္ဂ လားဒေ့ရှ် ဒုက္ခသည်စခန်းမှာ ခိုလှုံနေကြကာ ပိုမိုကောင်းမွန်တဲ့ လူနေမှုဘဝ ရရှိရေးအတွက် ပင်လယ်ပြင်ကိုစက် လှေတွေနဲ့ ထပ်မံ စွန့်စားထွက်ခွာခဲ့ကြပါတယ်။

အခုနှစ် နိုဝင်ဘာလနောက်ပိုင်းမှာ အဲဒီလို ထွက်ခွာခဲ့ကြတဲ့ ရိုဟင်ဂျာ အယောက် ၁၅၀၀ ကျော်ဟာ အင်ဒိုနီးရှား နိုင်ငံရဲ့ မြောက်ဘက်အကျဆုံး အာချေးဒေသကို ရောက်လာခဲ့ကြပြီး အာချေးဒေသမှာလည်း ဒေသခံတွေရဲ့ မလို လားမှုနဲ့ ရင်ဆိုင်နေရပါတယ်။

အခုလို ရိုဟင်ဂျာဒုက္ခသည်တွေ အမြောက်အမြား ရုတ်တရက် ရောက်လာရတာဟာလူကုန်ကူးမှုတွေနဲ့ပတ်သက် နေမယ်လို့ သံသယရှိကြောင်း အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက အခုလရဲ့ အစောပိုင်းမှာ ပြောခဲ့ပါတယ်။

ဒီဇင်ဘာ ၁၀ ရက်က ရိုဟင်ဂျာဒုက္ခသည်လှေတစ်စီး ထပ်မံရောက်လာခဲ့ပြီးနောက် ဒီဇင်ဘာ၂၇ ရက်မှာ လူကုန် ကုန်းမှုသံသယရှိတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ ရိုဟင်ဂျာ ၂ ဦးကို အင်ဒိုနီးရှားရဲက ထုတ်ပြန်ခဲ့ပါတယ်။

“ဒီကိစ္စက မလွယ်ပါဘူး၊ စိန်ခေါ်မှုတွေအများကြီးရှိနေတဲ့ ပြဿနာဖြစ်ပါတယ်”လို့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန် ကြီး ရတ္တနိုမာဆူဒီက သတင်းထောက်တွေကို ပြောပါတယ်။

“ကုလဒုက္ခသည်များဆိုင်ရာ အေဂျင်စီကလည်း ဒီပြဿနာနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှား အစိုးရကို ကူညီဖြေရှင်း ပေးဖို့ ထပ်မံ အာမခံထားပါတယ်” လို့ ဆိုပါတယ်။

၂၀၁၇ မှာ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်မှုကြောင့် ရိုဟင်ဂျာ ၇၄၀၀၀၀ လောက်ဟာ နေရပ်စွန့် ခွာ ထွက်ပြေးခဲ့ရပြီး ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေခဲ့ကြရပါတယ်။

မြန်မာစစ်တပ်အပေါ် စွပ်စွဲထားတဲ့ မုဒိမ်းမှု၊ လူသတ်မှုတွေအပြင် ရွာလုံးကျွတ် မီးရှို့မှုတွေအတွက် အထောက် အ ထားမှတ်တမ်းတွေ ခိုင်ခိုင်လုံလုံရှိနေပြီး နိုင်ငံတကာတရားရုံးတွေက လူမျိုးတုံးသတ်ဖြတ်မှု အပါအဝင်အလွန်ဆိုး ရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မြန်မာအာဏာပိုင်တွေက ကျူးလွန်ခဲ့ခြင်း ရှိ၊ မရှိကို စစ်ဆေးနေကြဆဲ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းထာ,းတဲ့ မြန်မာနိုင်ငံမှာ လုံခြုံရေးအာမခံချက် မရှိသေးတာကြောင့် ရိုဟင်ဂျာတွေကိုနေရပ်ပြန် ပို့ရေးဟာလည်း မအောင်မြင်နိုင်သေးပါဘူး။

Source -AP

Photo- Reuters

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */