" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, November 27, 2023

ဘူးသီးတောင်တွင်စီးပွားရေးလုပ်ငန်းရှင်‌တစ်ဦးကိုစစ်ကောင်စီ ဖမ်းဆီး

Narinjara
ရက်စွဲ: ၂၇ နိုဝင်ဘာ ၂၀၂၃

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့တွင် ကိုယ်ပိုင်စီးပွားရေးလုပ်နေသည့် လုပ်ငန်းရှင်တစ်ဦးကို စစ်ကောင်စီက ဖမ်း ဆီးသွားခဲ့သည်ဟု သိရသည်။

ဖမ်းဆီးခံရသူမှာ ဘူးသီးတောင်မြို့၊ အမှတ်(၄)ရပ်ကွက်မှ အုတ်ဖိုလုပ်ငန်းပိုင်ရှင် အသက် ၄၅ နှစ်အရွယ်ဦးအောင် သန်းထွန်းဖြစ်သည်။
သူ့ကို ယမန်နေ့ နိုဝင်ဘာ ၂၆ ရက်၊ ညနေ ၆ နာရီကျော်ခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀ ကျော်ဖြင့် နေ အိမ်သို့လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဘူးသီးတောင်မြို့ခံတစ်ဦးက နိရဥ္စရာကိုပြောသည်။

“မနေ့ညက သူတို့အိမ်ကိုဝင်ပြီး ဖမ်းသွားတာ။ ကားကတော့ တစ်စီးပါ။ အိမ်ထဲကိုဝင်မွှေပြီး ဖမ်းသွားတာ။ သူ့မှာ မိန်းမနဲ့ကလေးနှစ်ယောက်ရှိတယ်”ဟုပြောသည်။

ဘူးသီးတောင်မြို့တွင် လွှတ်တော်ကိုယ်စားလှယ်ဟောင်းများအပါအဝင် မြို့ခံအများအပြားကို မြန်မာစစ်တပ်က ဖမ်းဆီးမည်ဟု သတင်းထွက်ပေါ်နေသဖြင့် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်းလည်း သိရသည်။

နိုဝင်ဘာ ၁၄ ရက်ကလည်း ဘူးသီးတောင်မြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးအပါအဝင် ရခိုင်နှင့်မွတ်ဆလင် အရပ်သားပြည်သူ ၇ ဦးကို စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

အလားတူ မောင်တောမြို့တွင်လည်း ပြည်သူအများအပြားကို ဖမ်းဆီးရန် လမ်းဘေးဓာတ်တိုင်များတွင် ရုပ်ပုံနှင့် အတူ စာကပ်မှုများကို လွန်ခဲ့သည့် ရက်အနည်းငယ်က စစ်ကောင်စီက ပြုလုပ်ခဲ့သေးသည်။

ရခိုင်တွင် စစ်ကောင်စီက အရပ်သားများကို ဖမ်းဆီးမှုများ ဆက်တိုက် လုပ်ဆောင်နေပြီး နိုဝင်ဘာ ၁၃ ရက်မှ နိုဝင်ဘာ ၂၅ ရက်အထိ ဖမ်းဆီးခံရသူ အရပ်သား ၁၀၀ ခန့်အထိရှိပြီဟု သိရသည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */