" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, November 1, 2023

ဟားမတ်စ် ဓားစာခံများအရေး ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကာတာနှင့် ကာတာသို့ အရေးပေါ် သွားရောက်

Mizzima
The Straits Times
31 October 2023

အစ္စရေးနိုင်ငံအား တိုက်ခိုက်မှုများ၌ ဟားမတ်စ်တို့ ဓားစာခံအဖြစ် ဖမ်းဆီးထားသော ထိုင်းနိုင်ငံသား ၂၂ ဦး အရေး ဆွေးနွေးပြောဆိုရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီး ဘာဟတ်ဒါ နုကာရာသည် ကာ တာနှင့် အီဂျစ်နိုင်ငံသို့ဆီ အင်္ဂါနေ့၌ အားချင်း ခရီးစဉ် စတင်သွားရောက်သည်။


ဂါဇာကမ်းမြောင်မှနေ၍ အောက်တိုဘာ ၇ ရက်၌ ဟားမတ်စ်တို့၏ အစ္စရေးအား တိုက်ခိုက်မှုများတွင် အရပ်သား အများစုဖြစ်သော လူပေါင်း ၁,၄၀၀ ကျော် သေဆုံးကြောင်း အစ္စရေး အာဏာပိုင်များက ပြောသည်။

ယင်းကို တုံ့ပြန်ပြီး အစ္စရေးက ဂါဇာအား ဗုံးကြဲတိုက်ခိုက်မှုများ ဆင်နွှဲရာ ဟားမတ်စ်ထိန်းချုပ်သည့် ဂါဇာဘက်တွင် လူပေါင်း ၈,၃၀၀ ကျော် သေဆုံးပြီး ယင်းအနက် ၃,၀၀၀ ကျော်မှာ ကလေးများ ဖြစ် သည်ဟု ဂါဇာရှိ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဂါဇာတွင် ဟားမတ်စ်တို့ ဖမ်းဆီးထားသည့် ဓားစာခံ ၂၃၀ ကျော် ရှိကြောင်း အစ္စရေး၏ စာရင်းများအရ သိရပြီး ယင်းအနက် ၂၂ ဦးမှာ ထိုင်းနိုင်ငံသားများ ဖြစ်သည်ဟု ဘန်ကောက်တွင် နိုင်ငံခြားရေးဝန်ကြီး က ပြောထားဖူးသည်။

ထိုင်းနိုင်ငံသားများ နေရပ် ပြန်ရောက်ရေးအတွက် အစိုးရက ပြင်းပြင်းထန်ထန် လုပ်ဆောင်လျက် ရှိသည်ဟု ထိုင်းဝန်ကြီးချုပ် ဆရတ်သာ သာဗီဆင်းက တနင်္လာနေ့တွင် ပြောသည်။

ကာတာဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ မိုဟာမတ် ဘင် အဒူလလာဟမ် ဘင် ဂျာဆင် အယ်လ် သန်နီနှင့် အင်္ဂါနေ့၌ တွေ့ဆုံရန်နှင့် ဗုဒ္ဓဟူးနေ့တွင် အီဂျစ်နိုင်ငံခြားရေးဝန်ကြီး ဆာမာ ရှော့ ကရီနှင့် တွေ့ဆုံဆွေးနွေးရန် ဝန်ကြီး ပန်ပရီးကို ဝန်ကြီးချုပ်က စေလွှတ်လိုက်ခြင်း ဖြစ်သည်။

“အစ္စရေးနှင့် ဂါဇာက ဖြစ်ပွားဆဲ အကြမ်းဖက်မှုများကြား ဓားစာခံအဖြစ် ဖမ်းဆီးခံရသည့် ထိုင်းနိုင်ငံ သားများ၏ အခြေအနေကို ပန်ပရီးက ဆွေးနွေးမည်ဖြစ်ကြောင်း” ဝန်ကြီးဌာန ထုတ်ပြန်ချက်၌ ဖော်ပြ သည်။

တိုက်ပွဲများ ဖြစ်ပွားချိန်၌ အစ္စရေးတွင် ထိုင်းနိုင်ငံသား ၃၀,၀၀၀ နီးပါး လုပ်ကိုင်လျက် ရှိကြပြီး အများစု မှာ စိုက်ပျိုးရေးကဏ္ဍတွင် လုပ်ကိုင်ကြခြင်း ဖြစ်သည်။

“ကျွန်တော်တို့ဟာ စစ်ဒဏ်သင့်သူတွေနဲ့ ပိုတူနေပြီ”ဟု အိမ်နီးချင်း လာအိုသို့ တနင်္လာနေ့က မသွား ရောက်မီ ဝန်ကြီးချုပ် ဆရတ်သာက သတင်းထောက်များက ပြောခဲ့သည်။

“အစ္စရေးမှာ ထိုင်းနိုင်ငံသားတွေဟာ အခြား နိုင်ငံသားတွေထက် ပိုများတာကြောင့် ကျွန်တော်တို့က ပိုပြီး သက်ရောက်ခံရတယ်”ဟု ၎င်းက ပြောခဲ့သည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */