RFA
RFA Burmese
2023.11.02
သူတို့ကို လူဝင်မှု ကြီးကြပ်ရေးဥပဒေနဲ့ အရေးယူလေ့ ရှိတယ်လို့လည်း ရခိုင်ပြည်နယ် စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။
“ဘယ်လိုနည်းနဲ့ပဲ ပြန်လာ ပြန်လာ ဖမ်းဆီးထောင်ချခံရတာတွေက ဆက်တိုက်ရှိနေ တယ်”
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၂ ရက်နေ့က ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေကနေ မောင်တောမြို့နယ် ငန်းချောင်းကျေးရွာကို ပြန်လာတဲ့ အသက် ၁၆ နှစ်အရွယ် မာမတ်အိဝဲစ်၊ အသက် ၁၄ နှစ်အရွယ် မဖူရု ကျင်နား၊ အသက် ၁၃ နှစ်အရွယ် မရူမာဖာ၊ အသက် ကိုးနှစ်အရွယ် မဆူဖီရာတို့ ကလေးသူငယ် လေး ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ သူတို့ကို ဥပဒေတွေနဲ့ အရေးယူနိုင်ဖို့ စစ်ဆေးနေကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့ပေမယ့် နောက်ဆက်တွဲ အခြေအနေကို ဒီနေ့အထိ ထုတ်ပြန်တာ မရှိသေးပါဘူး။
အလားတူ အောက်တိုဘာ လဆန်းပိုင်းကလည်း ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းကနေ မောင်တောမြို့ နယ် မြောက်ပိုင်း ငါးခူရကျေးရွာအနီး နှစ်နိုင်ငံနယ်စပ်ကနေ ပြန်လာတဲ့ ရိုဟင်ဂျာမိသားစု သုံးစု၊ လူ ၂၂ ဦးကို စစ်ကောင်စီရဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ အဲဒီအထဲက လူ ၁၅ ဦးကို မောင် တောမြို့နယ် တရားရုံးကနေ ထောင်လေးနှစ်စီ ချမှတ်ပြီး အသက်မပြည့်သူ ခုနစ်ဦးကိုတော့ အာဏာ ပိုင်တွေက ဆွေမျိုးတွေဆီကို ပို့ပေးလိုက်တယ်လို့ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တစ်ဦးဖြစ်သူ ဦး အေးဝင်းက RFA ကိုပြောပါတယ်။
“ငါးခူးရဘက်ကို ကူးလာကြတယ်။ ကူးလာတော့ အဲဒီအထဲမှာ ကျွန်တော့်အမျိုးတွေလည်း ပါတယ်။ သူတို့ကို တစ်ပတ်နောက်ကျမှ မောင်တော တရားရုံးကနေပြီးတော့ ထောင် လေးနှစ်စီချတယ်တဲ့။ ချပြီးတော့ သူတို့ကို ဘူးသီးတောင် ထောင်ကိုပို့လိုက်တယ်။ လွန်ခဲ့တဲ့ နှစ်ပတ်အရင်ကပေါ့။ သူတို့မိ သားစု သုံးစုပါတယ်။ မိသားစု တစ်စုမှာ လေးယောက်၊ နောက်တစ်စုမှာ ခြောက်ယောက်နောက်တစ် စုမှာ ငါးယောက်။ ကလေးတွေကိုကျတော့ ငယ်တဲ့ကလေးတွေ ပါတယ်လေ။ အမျိုးတွေဆီကိုပို့ပေး လိုက်တယ်တဲ့။ ၁၈ နှစ်ပြည့်တဲ့လူ အားလုံးကို လေးနှစ်စီ ထောင်ချတယ်”
ဖမ်းဆီးထောင်ချခံရတဲ့ ရိုဟင်ဂျာတွေဟာ မောင်တောမြို့မ ကညင်တန်းရပ်ကွက်နဲ့ မြို့သူကြီးရပ် ကွက် မှာ နေထိုင်ခဲ့ကြသူတွေပါ။ သူတို့ဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဩဂုတ်လက မောင်တောဒေသမှာ စစ်တပ် က နယ်မြေ ရှင်းလင်းတဲ့အတွက်ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေး ခိုလှုံခဲ့ကြရသူတွေ ဖြစ်ပါ တယ်။
ကိုယ့်နေရပ်ကို ပြန်လာသူတွေကို ဖမ်းဆီးထောင်ချတာက မတရားဘူးလို့လည်း ဦးအေးဝင်းက ဆက် ပြောပါတယ်။
“အဖမ်းခံရတာ အဲဒီမြို့သူကြီးက ကျွန်တော့် ဦးလေးအရင်းပေါ့။ အဲဒါကို ဒီနယ်စပ်ရဲတွေက သူတို့ က ဘာပြောလဲဆိုတော့ တရားဝင်သွားပြီးတော့ တရားမဝင် ပြန်လာတယ်။ အဲဒီလိုမျိုး နိုင်ငံ တော် အနေနဲ့ မလုပ်သင့်ဘူးနော်။ ဒီအတိုင်း ဖမ်းပြီးတော့ လေးနှစ် ထောင်ချတယ်ဆိုတာ လုံးဝ မတရား ဘူး”
နေရပ်ပြန်လိုကြတဲ့ ရိုဟင်ဂျာတွေဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပြန်ကြသူတွေရှိသလို မြန်မာစစ်ကောင် စီရဲ့ ဒေသအာဏာပိုင်တွေကို ဆက်သွယ်ပြီး ပြန်လာကြသူတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြော ပါ တယ်။ ဒါပေမဲ့ ဘယ်လိုနည်းနဲ့ပဲ ပြန်လာ ပြန်လာ ဖမ်းဆီး ထောင်ချခံရတာတွေက ဆက်တိုက် ရှိနေ တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ အမည်မဖော်လိုတဲ့ ရိုဟင်ဂျာဒုက္ခသည်တစ်ဦးက ပြောပါ တယ်။
“ကျွန်တော်တို့နဲ့ အတူတူနေတဲ့ ကောင်လေးတစ်ယောက်ကတော့ မောင်တောကပေါ့နော်။ သူ့မိဘ တွေ ကတော့ မြန်မာနိုင်ငံဘက်မှာပါ။ ဒါကြောင့်မို့ သူက သက်ဆိုင်ရာနဲ့ ညှိနှိုင်းပြီးတော့ ပြန်သွား လိုက်တာရှိတယ်။ ပြန်သွားပြီးတော့ သက်ဆိုင်ရာနဲ့ ညှိနှိုင်းတဲ့အချိန်မှာလည်း အပြည့်အဝတော့ အဆင်မပြေဘူး။ သူ့ကိုလည်း ဖမ်းဆီးပြီးတော့ ထောင်ချလိုက်တာ ရှိတယ်။ အဲဒီတော့ ၁၃ (၁)ပေါ့ နော်။ လဝက ပုဒ်မပေါ့ ၁၃ (၁) နဲ့ပဲ စွဲတာပါ။ နယ်စပ်ဖြတ်ကျော်မှုပေါ့ အဲဒီဟာနဲ့ပဲ စွဲတာပါ”
-
ဒီလူငယ်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘာဇာခရိုင် အူခီးယာမြို့နယ် ကူတုပါလောင် ဒုက္ခသည်စခန်း မှာ ခိုလှုံပြီး လွန်ခဲ့တဲ့ ခြောက်လလောက်က မိဘဆွေမျိုးတွေ ကျန်ရှိနေခဲ့တဲ့ မောင်တောမြို့နယ်ကို ပြန် လာရာမှာ ဖမ်းဆီး ထောင်ချခံခဲ့ရတာလို့ သူကပြောပါတယ်။
ဖမ်းဆီးထောင်ချခံရသူတွေကို ဘူးသီးတောင် အကျဉ်းထောင်ကို ပို့ဆောင်လေ့ရှိပြီး ပြစ်ဒဏ်စေ့လို့ ပြန် လွတ်လာသူတွေကိုတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြန်မပို့တော့ဘဲ မောင်တောဒေသမှာ နေထိုင်ခွင့် ပြု ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖမ်းဆီးခံရသူတွေထဲက အကျဉ်းထောင်ထဲမှာ ရှိနေသူတွေ နဲ့ ပြန်လွတ်လာသူစာရင်း အတိအကျကိုတော့ မသိရသေးပါဘူး။
နေရပ်ပြန်လာကြတဲ့ ရိုဟင်ဂျာတွေ ဖမ်းဆီး ထောင်ချခံနေကြတဲ့ ကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစား ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
ရိုဟင်ဂျာ လွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့ ပူးတွဲတည်ထောင်သူ ကိုနေဆန်းလွင်ကတော့ စစ်ကောင် စီရဲ့လုပ်ရပ်ဟာ ရိုဟင်ဂျာတွေကို ပြန်ခေါ်ချင်စိတ် မရှိဘူးဆိုတာ ပြသနေတာပဲလို့ ဝေဖန်ပါတယ်။
“စစ်ကောင်စီတက်လာတော့ ဒါပိုဆိုးတာပေါ့နော်။ ဒါပြန်ကိုမလာနဲ့ လာတာနဲ့ဖမ်းမယ်။ တစ်ဖက်မှာ တော့ ဒီအာဆီယံရဲ့ဖိအား၊ တရုတ်ရဲ့ဖိအားဒါတွေကို မလွန်ဆန်နိုင်လို့ ပြန်ခေါ်လာမယ်ဆိုပြီးတော့ ပုံစံအမျိုးမျိုး လုပ်တာရှိတယ်ဆိုတော့ တော်တော်လေးကို ရှုပ်ထွေးတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရှင်း ရှင်းလင်းလင်း သိတာကတော့ ဘာလဲဆိုရင် ဒီစစ်ကောင်စီမှာ ဒီလူတွေကို ပြန်ခေါ်လာချင်စိတ် လုံးဝ မရှိဘူး”

အဲဒီအထဲက လူပေါင်း ခုနစ်ထောင်ကို အခုနှစ် မိုးရာသီအကုန်မှာ ပြန်လည်လက်ခံဖို့ စီစဉ်နေတယ်လို့ စစ်ကောင်စီက ပြီးခဲ့တဲ့ စက်တင်ဘာ လဆန်းပိုင်းက ထုတ်ပြောဆိုထားပါတယ်။ အောက်တိုဘာလ ၃၁ ရက်ကလည်း မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်၊ တက္ကနပ်မြို့ (Teknaf) ကိုသွားရောက်ပြီး ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးကိစ္စ ဆွေးနွေးခဲ့တယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ နေရပ်ပြန်လာကြတဲ့ ဒုက္ခသည်တွေကတော့ ဆက်တိုက် ဖမ်းဆီးထောင်ချခံရတာတွေ ရှိနေဆဲပဲလို့လည်း ဒုက္ခသည်တွေက ပြောကြပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ ထွက်ပြေး ခိုလှုံနေကြရတဲ့ ရိုဟင်ဂျာ အများစုကတော့ နိုင်ငံသားဖြစ်ခွင့်နဲ့ မူလနေရာ မှာ ပြန်လည်နေထိုင်ခွင့်ရရေး အာမခံချက်တွေ မရှိတာကြောင့် နေရပ်ပြန်ဖို့ ငြင်းဆန်ထားကြပါတယ်။
Link : Here
No comments:
Post a Comment