" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, November 11, 2023

စစ်အုပ်ချုပ်ရေး လူ့အခွင့်အရေးချိုးဖောက်မှု ဂါဒီးယန်း သတင်းစာဖော်ပြ

VOA
ဗွီအိုအေ (မြန်မာပိုင်း)
၁၁ နိုဝင်ဘာ၊ ၂၀၂

လူ့အခွင့်အရေး ချိုးဖောက်မှု အဆိုးရွားဆုံး ကျူးလွန်သူမှာ လက်ရှိ အာဏာသိမ်း စစ်ကောင်စီရဲ့ ဒုတိယဝန်ကြီးချုပ် တဦးလည်းဖြစ်၊ ကာကွယ်ရေး ဝန်ကြီးဟောင်းလည်း ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး မြထွန်းဦးလို့ သုတေသနပြော

၂၀၁၁ ခုနှစ်နောက်ပိုင်း မြန်မာစစ်တပ်ရဲ့ အကြီးတန်းတပ်မှူး အများစုဟာ သူတို့ ကွပ်ကဲတဲ့ လက်အောက်ခံ တပ် တွေ ကျူးလွန်တဲ့ မုဒိမ်းမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ သတ်ဖြတ်မှုတွေနဲ့ အဓမ္မ ဖမ်းဆီးမှုတွေ အပါအဝင် ရာဇ၀တ်မှု စွပ် စွဲချက်တွေအတွက် တာဝန်ရှိတယ်လို့ မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေ အကြောင်း သုတေသ လုပ်ထားတဲ့ အစီရင်ခံစာ တခုကို ကိုးကားပြီး ဗြိတိန် အခြေစိုက် ဂါဒီးယန်းသတင်းစာက နိုဝင်ဘာ ၉ ရက်က ရေးပါတယ်။
အမေရိကန်၊ နယူးယောက် အခြေစိုက် ကိုလံဘီယာ ဥပဒေ ကျောင်း လူ့အခွင့်အရေး အင်စတီကျူက ဦးစီးတဲ့ Security Force Monitor (SFM) သုတေသနမှာ မြန်မာစစ်တပ် အကြီးတန်း တပ်မှူး ၇၉ ဦး အနက် ၅၁ ဦး၊ ရာခိုင်နှုန်းအားဖြင့် ၆၄% ဟာ စစ်ရာဇ၀တ်မှုတွေအတွက် တာဝန်ရှိတယ်လို့ ဖော်ပြထားသည်။ လူ့အခွင့်အရေး ချိုးဖောက်မှု အဆိုးရွားဆုံး ကျူးလွန်သူမှာ လက်ရှိ အာဏာသိမ်း စစ်ကောင်စီရဲ့ ဒုတိယဝန်ကြီးချုပ် တဦးလည်း ဖြစ်၊ ကာကွယ်ရေး ဝန်ကြီးဟောင်းလည်း ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး မြထွန်းဦး ဖြစ်တယ်လို့ သုတေသနက ဆိုပါတယ်

ဒီသုတေသနထဲမှာ ပြီးခဲ့တဲ့ ၁၂ နှစ်တာ ကာလ အတွင်း မြန်မာ စစ်တပ်ရဲ့ စစ်ဌာနချုပ်တွေ  ဖွဲစည်းပုံနဲ့လက် အောက် ခံ အစုအဖွဲ့ ရာနဲ့ချီရဲ့ အမိန့် စီးဆင်းမှု၊ အုပ်ချုပ်မှု အသေးစိတ်ကို လေ့လာ ဖော်ပြထားပါတယ်။ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း ဆန့်ကျင်သူတွေကို ဖိနှိပ်တာနဲ့ ၂၀၁၇ တုန်းက ကုလသမဂ္ဂနဲ့ နိုင်ငံတကာ“လူမျိုးတုံး သုတ်သင်မှု” အဖြစ် စွပ်စွဲ ပြောဆိုတဲ အထိ ဖြစ်ခဲ့တဲ့ ရခိုင်မြောက်ပိုင်းက စစ်တပ်ရဲ့ နယ်မြေ ရှင်းလင်းရေး စစ် ဆင်ရေးအတွင်း ရိုဟင်ဂျာတွေ အပေါ် ကျူးလွန်ခဲ့တာတွေကို အသေးစိတ် မှတ်တမ်းတင်ခဲ့တာပါ။

၂၀၁၁ ခုနှစ် မတ်လ ၃၀ ကနေ ၂၀၂၃ ခုနှစ် မတ်လ ၃၀ ကြား လူ့အခွင့်အရေးချိုးဖောက်မှု တခုစီတိုင်းမှာ ကွပ်ကဲ မှု နေရာမှာ ဘယ်သူက တာဝန်ရှိကြောင်းကို သုတေသနမှာ ဖော်ထုတ်ထားပါတယ်။ လူ့အခွင့်အရေး ချိုးဖောက် မှုတွေ အတွက် ကျူးလွန်သူတွေ၊ တာဝန်ရှိသူတွေကို စုံစမ်းဖော်ထုတ်နိုင်ဖို့ ရည်ရွယ်ပြီး ဒီသုတေသနကို လုပ်တာ လို့ SFM သုတေသန အဖွဲ့က ပြောပါတယ်။ ကမ္ဘာပေါ်မှာ အလျှို့ဝှက်ဆုံးနဲ့ ပွင့်လင်းမြင်သာမှု မရှိဆုံး စစ်တပ် တွေ ထဲမှာ တခုပါတဲ့ မြန်မာ စစ်တပ် ကျူးလွန်ခဲ့တဲ့ စစ်ရာဇ၀တ်မှုတွေအတွက် နိုင်ငံတကာမှာ တာဝန်ခံမှုရ အောင် ပံ့ပိုးပေးဖို့ ကြိုးပမ်းတာလို့ ဆိုပါတယ်။ Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */