" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, November 26, 2023

သိန္နီ နမ့်စလပ်စစ်ကောင်စီတပ်ရင်း ၂ခု သိမ်းပိုက်မှု သံချပ် ကာ ၁စီး၊ ဟောင်ဝစ်ဇာ ၂လက်နှင့် လက်နက် ခဲယမ်းများစွာ ရဟု ညီနောင်သုံးဖွဲ့ ထုတ်ပြန်

လူထုနွေဦး
နိုဝင်ဘာ ၂၆/၂၀၂၃ 

(နမ့်စလပ်ရွာအခြေစိုက် စစ်ကောင်စီ၏ ခမရ(၅၆၇ ) နှင့် (၅၆၈) တပ်ရင်းဌာနချုပ်များသိမ်းပိုက်မှုအတွင်း သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းများ။ ဓာတ်ပုံ - The Kokang)

▪︎စစ်ကောင်စီတပ်မှ ၁၆ဦးသေ၊ ၃၁ဦး အရှင်မိပြီး၊MNDAA၊ AAနှင့် KNDF ပူးပေါင်း တပ်မှ လည်း ကျဆုံးမှုရှိ
  • ▪︎မြန်မာ-တရုတ်နယ်စပ်မှ ​​လေးခု​မြောက်ဂိတ်ကိုသိမ်းပိုက်
  • ▪︎​လောက်ကိုင်မြို့သိမ်းတိုက်ပွဲ မကြာမီ ဖော်ဆောင်မည်ဟု အသိပေး

ရှမ်းပြည်နယ် မြောက်ပိုင်း သိန္နီမြို့နယ် နမ့်စလပ်ရွာအခြေစိုက် စစ်ကောင်စီ၏ ခမရ(၅၆၇ )နှင့် (၅၆၈) တပ်ရင်း ဌာနချုပ် များကို ယမန်နေ့က သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ထံမှ သံချပ်ကာယာဉ် ၁စီး၊ ဟောင်ဝစ်ဇာအမြောက် ၂လက်နှင့် လက်နက်ခဲယမ်းများစွာ သိမ်းပိုက်နိုင်ခဲ့ကြောင်း ညီနောင်မဟာ မိတ် ၃ဖွဲ့က ယမန်နေ့(နိုဝင်ဘာ ၂၅) ညပိုင်း၌ သတင်းထုတ်ပြန်သည်။

အဆိုပါ စစ်ကောင်စီ တပ်စခန်းကို ကိုးကန့်တပ်မတော် (MNDAA) ၊ ရက္ခိုင့်တပ်တော် (AA) နှင့် ကရင် အမျိုးသားများကာကွယ်ရေးတပ် (KNDF) တို့ပူးပေါင်းပြီး နိုဝင်ဘာ ၁၉ရက်မှ စတင်ထိုးစစ်ဆင်ခဲ့ရာ ၆ရက် အကြာတွင် အပြီးသတ် ချေမှုန်းသိမ်းပိုက်နိုင်ခဲ့သည်ဟု ဖော်ပြသည်။

(နမ့်စလပ်ရွာအခြေစိုက် စစ်ကောင်စီ၏ ခမရ(၅၆၇ ) နှင့် (၅၆၈) တပ်ရင်းဌာနချုပ်များသိမ်းပိုက်မှုအတွင်း သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းများ။ ဓာတ်ပုံ – The Kokang)

ပူးပေါင်းတပ်မှ တပ်ဖွဲ့ဝင်များ၏ ပေးဆပ်မှုများစွာဖြင့် ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီးတိုက်ပွဲအတွင်း ရန်သူ့တပ်ဖွဲ့ဝင် (၁၆) ဦးအား သုတ်သင်နိုင်ခဲ့ပြီး စစ်သုံ့ပန်း (၃၁) ဦးအား ဖမ်းဆီးရခဲ့ဟု အသိပေးသည်။ဖမ်းဆီးရရှိထား​သော စစ်သားများကို စစ်သုံ့ပန်းဥပ​ဒေနှင့် အညီ ​စောင့်​ရှောက်ထား​ကြောင်းလည်း ဓါတ်ပုံနှင့်တကွ ထုတ်ပြန်သည်။

ထို့ပြင် သံချပ်ကာ (၁) စီး၊ ဟောင်ဝစ်ဇာ (၂) လက်နှင့် လက်နက်ခဲယမ်းအများအပြားကို ထပ်မံသိမ်း ဆည်းရရှိခဲ့ကြောင်း ဓါတ်ပုံနှင့်တစ်ကွထုတ်ပြန်သည်။

အဆိုပါ တပ်ရင်း ဌာနချုပ် ၂ခုကို သိမ်းပိုက်နိုင်ခဲ့၍ နမ့်စလပ်ဒေသ အတွင်းရှိ ရန်သူ့စခန်းအားလုံးကို ချေမှုန်းနိုင်ခဲ့ပြီး ဒေသတစ်ခုလုံးအား ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း အသိပေးသည်။

တအာင်းတပ်မတော်(TNLA)ကလည်း ယမန်နေ့တွင် လားရှိုး မြို့နယ်၊ ဟိုပင်ကျေးရွာအနီးတွင် စစ် ကောင်စီနှင့် တိုက်ပွဲဖြစ်ခဲ့သည်ဟု သည်။ ထို့ပြင် နမ့်ခမ်းမြို့နယ် စခန်းသစ်ကုန်း တွင်လည်း တိုက်ပွဲ ဆက်ဖြစ်ခဲ့ပြီး စစ်ကောင်စီက Y12 တိုက်ခိုက်ရေးယာဉ် (၂) ကြိမ် လာရောက်ကာ လေကြောင်း တိုက် ခိုက်မှု အကြိမ် (၇၀) ကျော် ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်သည်။ စစ်တပ်က ​လေယာဥ်ဖြင့်စခန်းသစ်ကုန်း ရှိ စစ်ကောင်စီတပ်များထံ လက်နက်ခဲယမ်းနှင့် ရိက္ခာများ လာချခဲ့သည် ဟု သိရသည်။

ရက္ခိုင်ဒေသ စစ်ရေးအခြေအနေကိုလည်း ဖော်ပြခဲ့ရာ AAသည် မောင်တော မြို့နယ်၊ ကိုင်းကြီး စခန်း အနီးရှိ စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့အား တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၈ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်းရှိခဲ့ဟု အသိပေးသည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */