" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, November 15, 2023

စစ်ကားနှစ်စီး မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် မောင်တောတွင် AA နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်နေ

Narinjara
ရက်စွဲ: ၁၅ နိုဝင်ဘာ ၂၀၂၃
ရခိုင်ပြည်နယ်၊ မောင်တောတွင် ရက္ခိုင့်တပ်တော်(AA)က စစ်ကောင်စီ ကားနှစ်စီးကို မိုင်းခွဲတိုက်ခိုက် ပြီး နောက် နှစ်ဘက် တိုက်ပွဲဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

မောင်တောမြိုနယ်မြောက်ပိုင်းကြိမ်ချောင်း(နကခ-၇)လက်အောက်ခံ၊ ငခူရနယ်မြေ (၅)မိုင်တွင် ယနေ့ နိုဝင်ဘာ ၁၅ ရက်‌၊ နံနက် ၁၁ နာရီ‌ခန့်တွင် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်း ထန်လျက်ရှိသည်ဟု အေအေနှင့်နီးစပ်သူတစ်ဦးက နိရဉ္စရာကိုပြောသည်။
"အခု ၅ မိုင်မှာ တိုက်ပွဲပြင်းထန်နေတယ်။ သူတို့ဘက်က ကားနှစ်စီးမိုင်းဆွဲ တိုက်ခိုက်ခံရလို့ အပြန်အ လှန် ဖြစ်ကြတာ" ဟုပြောသည်။

ယင်းအပြင် ယနေ့နံနက် ၅ နာရီခန့်က ဘူးသီးတော်-မောင်တော ကားလမ်းမပေါ်တွင် ရှိသည့်စစ် ကောင်စီ၏ (၆)မိုင်နယ်ခြားစောင့်ရဲစခန်းတွင်လည်း နှစ်ဦးနှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

" ၆ မိုင်စခန်းကို တက်သိမ်းတာ။ ရ မရ အတိကျမသိရသေး"ဟုပြောသည်။

တိုက်ပွဲစတင်ဖြစ်ရခြင်းမှာ မောင်တောမြို့အဝင် မြို့သူကြီးရပ်ကွက်မှ ရဲတပ်ရင်းမှ စစ်ကူသွားသည့် စစ်ကား ၃ စီးတွင် ၂ စီးကို AA က ယနေ့နံနက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးသွားခဲ့သည်ဟု သတင်းအရင်းအမြစ်များက ပြောသည်။

လက်ရှိတွင် ရသေ့တောင်မြို့နယ်၊ မယူကမ်း အငူမော်မှ မောင်တောအထိ စစ်ကောင်စီဘက်မှ ဗောထိကုန်း၊ ကိုင်းကြီး၊ ကင်းချောင်းနှင့် မောရဝတီစသည့် စစ်ဆေးရေးဂိတ် ၄ ဂိတ်ကျန်ရှိနေပြီး သဝင်ချောင်းစခန်း၊ ခွဆုံပြင်စခန်း၊ ရွှေရင်အေးစခန်း အပါအဝင် စခန်းအများအပြားကို ရုပ်သိမ်းကာ ဆုတ်ခွာသွားခဲ့ကြပြီဟု သိရသည်။ (NN-11)

Photo - မောင်တောမြို့နယ်မှ စစ်ကောင်စီနယ်ခြားစောင့်တပ်သား တစ်ဦးကို တွေ့ရစဉ် 
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */