" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, October 6, 2023

၂၀၂၃ နိုဘယ်ငြိမ်းချမ်းရေးဆု အီရန်အမျိုးသမီး အခွင့်အရေးလှုပ်ရှားသူရရှိ

VOA
ဗွီအိုအေ (မြန်မာပိုင်း)
၀၆ အောက်တိုဘာ၊ ၂၀၂၃ 

၂၀၂၃ ခုနှစ်အတွက် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ အီရန်အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ Narges Mohammadi 

အီရန်နိုင်ငံမှာ ထောင်ဒဏ် ၁၂ နှစ် အကျဉ်းချခံနေရတဲ့ ထင်ရှားတဲ့ အမျိုးသမီး အခွင့်အရေးလှုပ်ရှား သူ Narges Mohammadi ကို ၂၀၂၃ ခုနှစ်အတွက် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်အဖြစ် နော်ဝေနိုင်ငံ နိုဘယ်ကော်မတီက ရွေးချယ်လိုက်ပါတယ်။


Farsi ဘာသာနဲ့ အမျိုးသမီး၊ ဘဝနဲ့ လွတ်မြောက်မှုလို့ အစချီပြီး၊ အီရန်မှာ ဖိနှိပ်ခံနေရတဲ့ အမျိုးသမီး တွေအရေး၊ အားလုံးအတွက် လူ့အခွင့်အရေးနဲ့ လွတ်လပ်မှုကို တွန်းလှန်နိုင်ဖို့ အားထုတ်ကြိုးပမ်းသူ Narges Mohammadi ကို ၂၀၂၃ ခုနှစ်အတွက် နိုဘယ်ငြိမ်းချမ်းဆုပေးဖို့ ရွေးချယ်လိုက်တယ်လို့ နော်ဝေးနိုင်ငံ နိုဘယ်လ်ဆုရွေးချယ်ရေးကော်မတီဥက္ကဋ္ဌက ပြောကြားခဲ့တာဖြစ်ပါတယ်။ 

အီရန်အာဏာပိုင်တွေရဲ့ ၁၃ ကြိမ်တိုင်တိုင် ဖမ်းဆီးခံခဲ့ရဖူးပြီး၊ ၅ ကြိမ် ပြစ်ဒဏ်ပေးခံရဖူးတဲ့ Narges Mohammadi ဟာ စုစုပေါင်း ထောင်ဒဏ် ၃၁ နှစ်နဲ့ ကြိမ်ဒဏ် ၁၅၄ ချက်ရိုက်ခံခဲ့ရဖူးပါတယ်။ ခုချိန် ထိ လည်း ထောင်ကျနေတာကို ထောက်ပြပြီး အခွင့်အရေးအတွက် ရဲရဲရင့်ရင့် ဆက်ပြီးတိုက်ပွဲဝင်နေ သူဖြစ်တယ်လို့ နိုဘယ်ငြိမ်းချမ်းရေးဆုရွေးချယ်ရေး ကော်မတီက ပြောပါတယ်။

အီရန်နိုင်ငံမှာ အမျိုးသမီးအခွင့်အရေးအတွက် တောင်းဆိုမှုတွေတိုးလာနေသလို အီရန် အာဏာပိုင် တွေ ရဲ့ အကြမ်းဖက် ဖိနှိပ်မှုတွေကို နိုင်ငံတကာအသိုင်းအဝိုင်းက ဝေဖန်ရှုတ်ချနေချိန်မှာပဲ အခုလို အီရန်အမျိုးသမီးရေးလှုပ်ရှားသူတယောက်ကို ကမ္ဘာ့အထင်ကရ ငြိမ်းချမ်းရေးနိုဘယ်ဆု ပေးလိုက် တာဖြစ်ပါတယ်။

Narges Mohammadi ဟာ အမျိုးသမီးအခွင့်အရေးအပြင် အီရန်နိုင်ငံမှာ သေဒဏ်စီရင်မှုတွေ အဆုံး သတ်ရေးအတွက်လည်း တောင်းဆိုတိုက်ပွဲဝင်နေသူ ဖြစ်ပါတယ်။ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်သူလို့ နိုဘယ်ငြိမ်းချမ်းရေးဆုရွေးချယ်ရေး ကော်မတီကပြောဆိုပြီး သူ့ကို ချက်ခြင်း ပြန် လွှတ် ပေးဖို့လည်း အီရန် အာဏာပိုင်တွေကို တောင်းဆိုပါတယ်။ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */