" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, October 18, 2023

ကမ္ဘာ့အကြပ်အတည်းများကြား ရိုဟင်ဂျာအရေးမမေ့ဖို့ ကုလမဟာမင်းကြီး တိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာဌာန)

၁၈ အောက်တိုဘာ၊ ၂၀၂၃ 

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi

ကမ္ဘာ့ အကြပ်အတည်းအခြေအနေ အများကြီးထဲမှာ ရိုဟင်ဂျာလူမျိုးတွေရဲ့ အတိဒုက္ခကို မမေ့ကြဖို့ နိုင်ငံတကာအသိုက်အဝန်းကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးက အင်္ဂါနေ့က တိုက် တွန်းလိုက်ပါတယ်။


ရိုဟင်ဂျာဒုက္ခသည်တွေ ကူညီဖို့အတွက်ရော အိမ်ရှင်နိုင်ငံတွေအပေါ် ဝန်ထုပ်ဝန်ပိုး လျှော့ချဖို့ပါ ရန်ပုံ ငွေ ပိုပြီးလိုအပ်နေတယ်လို့ မဟာမင်းကြီး ဖိလစ်ပို ဂရန်ဒီ (Filippo Grandi) က ပြောပါတယ်။ မြန် မာနိုင်ငံတွင်းမှာ လက်နက်ကိုင် ပဋိပက္ခတွေဆက်ဖြစ်နေပြီး အာဖဂန်နစ္စတန်၊ ယူကရိန်းနဲ့ အရှေ့ အ လယ်ပိုင်းဒေသက အကြပ်အတည်းတွေကြောင့် လူသားချင်းစာနာထောက်ထားရေး အကူအညီ တွေ က ပိုလို့ ခက်ခဲလာနေတယ်လို့လည်း မစ္စတာ ဂရန်ဒီ က ဘန်ကောက်မြို့ မှာ ကျင်းပခဲ့တဲ့ အစည်းအဝေး မှာ ပြောပါတယ်။

ဒီ အစည်းအဝေးကို ဘင်္ဂလားဒေ့ရှ်၊ ဗြိတိန်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းနဲ့ အမေရိကန်ပြည် ထောင်စုတို့က ကိုယ်စားလှယ်တွေနဲ့ ရိုဟင်ဂျာဦးဆောင် အဖွဲ့အစည်းတွေ တက်ရောက်ခဲ့ကြပါတယ်။ မြန်မာကိုယ်စားလှယ်တော့ မပါဝင်ခဲ့ဘူးလို့ ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ Babar Baloch က ပြော ပါတယ်။ ကုလသမဂ္ဂကလိုအပ်တယ်လို့ ခန့်မှန်းထားတဲ့ ရန်ပုံငွေရဲ့ ၄၀ ရာနှုန်းပဲ ရရှိပါသေးတယ်လို့ လည်း အစည်းအဝေးမှာ တင်ပြသွားပါတယ်။

ဗြိတိန်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ပေါင် ၄.၅ သန်း အမေရိကန် ဒေါ်လာအားဖြင့် ၅.၅ သန်း ထည့်ဝင်ကြောင်း ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးဌာန က ကြေညာချက်ထုတ်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */