" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, September 4, 2023

အယုဒ္ဓယတွင် တရားမဝင် ရိုဟင်ဂျာ ၂၁ ဦး ဖမ်းဆီးခံရ

DVB
September 4, 2023


ထိုင်းနိုင်ငံအလယ်ပိုင်း၊ အယုဒ္ဓယခရိုင်၊ ဝမ်းနွဲ့မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ စနေ့နေ့ ( စက်တင်ဘာ ၂ ရက် ) ညက တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာပြည်က ရိုဟင်ဂျာ ၂၁ ဦးကို ဖမ်းဆီးရမိတယ်လို့ ထိုင်း သ တင်းတွေမှာ ဖော်ပြပါတယ်။

နယ်မြေထဲမှာ တရားမဝင်အလုပ်သမားတွေ တင်ဆောင်လာမယ့်အကြောင်း ကြိုတင်သတင်း ရထား တဲ့ အတွက် အဝေးပြေးလမ်းတာဝန်ကျရဲတပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေဟာ ဖဟွန်ယိုးထင်း လမ်းမကြီးပေါ် မှာ စောင့်ကြပ်စစ်ဆေးစဉ် ည ၈ နာရီလောက်မှာ အလေးချိန်တန်ပို တင်ဆောင်လာတဲ့ အညိုရောင် တိုယိုတာဖော်ကျူနာဟိုင်းလပ်စ်ကား ၁ စီးကို တွေ့ရတယ်လို့ ဆိုပါတယ်။

တာဝန်ရှိသူတွေဟာ အဆိုပါကားကိုစစ်ဆေးဖို့ ရပ်မိန့်ပေးလိုက်ပေမယ့် ရပ်မပေးတဲ့အပြင် မိုးရေထဲ မှာ အရှိန်မြှင့်ပြီးမောင်းပြေးသွားကြောင်း ၊ ဒါကြောင့် ရဲတွေက ကား ၂ စီးနဲ့ အနောက်ကနေ လိုက် သွား ပြီး ၅ ကီလိုမီတာအကွာအဝေးမှာ လိုက်မီလာကာ အဲဒီကားရဲ့ တဘက် တချက်မှာ ပိတ်ဆို့လိုက် တယ် လို့ ဆိုပါတယ်။

ကားမောင်းသမားက သူ့ကားကိုရပ်လိုက်ပြီး ထွက်ပြေးဖို့ကြိုးစားပေမယ့် တာဝန်ရှိသူတွေက ဖမ်းဆီး နိုင်ခဲ့ပြီး ကားထဲမှာလည်း အမျိုးသားအမျိုးသမီး စုစုပေါင်း ၂၁ ဦး ကြပ်ညှပ်ပြီးလိုက်ပါလာကြတယ်လို့ ဆိုပါတယ်။

သူတို့တွေမှာ ထိုင်းနိုင်ငံထဲ ဝင်ရောက်လာတဲ့ အထောက်အထားတစုံတရာမရှိကြောင်း၊ ယာဉ်မောင်း သမား နိုင်းဆုမ်ချိုင်းကတော့ အဲဒီလူတွေကို တာ့ခ်ခရိုင်ကနေ စမွတ်ပရကန်ကို ပို့ဆောင်ပေးဖို့ နိုင်းလီ ဆိုသူ ၁ ဦးက သူ့ကိုစေခိုင်းခဲ့တယ်၊ ကားခ ဘတ် ၁၅၀၀၀ ရပြီး မဲ့ထော့မြို့နယ်ရှိ တောစပ်တစ်ခုကနေ သွားကြိုလာတာလို့ ဆိုပါတယ်။ ဒီလိုတရားမဝင်သူတွေ သယ်ဆောင်ခဲ့တာ ၂ ကြိမ်ရှိပြီလို့လည်း ဝန်ခံ သွားပါတယ်။

ကားပေါ်ကလူတွေဟာ မြန်မာပြည်က ရိုဟင်ဂျာတွေဖြစ်ပြီး နယ်စပ်တောလမ်းကနေတဆင့်ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ထဲကိုဝင်လာကြောင်းအဖိုးအခတွေကိုတော့လိုရာခရီးရောက်မှပေးချေရမှာမို့ဘယ်လောက် ကုန်မယ်မှန်းမသိသေးဘူးလို့ ဆိုပါတယ်။

တာဝန်ရှိသူတွေက သူတို့ ၂၂ဦးလုံးကိုလဝကဥပဒေနဲ့အရေးယူဖို့ဝမ်နွဲ့နယ်မြေရဲစခန်းကိုပို့ဆောင်ထား တယ်လို့ ဆိုပါတယ်။

 Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */