" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, August 28, 2023

မေလ ၁၈ ရက် ၁၉၄၉ သတင်းစာပါ သတင်း (“စကော့မန်း” အထူးသတင်းထောက် Michael

မေလ ၁၈ ရက် ၁၉၄၉ သတင်းစာပါ သတင်း

“စကော့မန်း” အထူးသတင်းထောက်


သတင်းအနှစ်ချုပ်

ယခု ပါကစ္စတန်၏ တစ်စိတ်တစ်ပိုင်းဖြစ်သော အရှေ့ဘင်္ဂလားရှိ စစ်တကောင်းမှ မွတ်ဆလင်များ သည် ရခိုင်လူမျိုးများ၏ ဖိနှိပ်မှုကို ကြောက်ရွံ့ကြပါတယ်။

အင်အားတစ်သန်းထက်နည်းသော မျိုးနွယ်စုတစ်ခုဖြစ်သည့် ရခိုင်လူမျိုးများသည် ၎င်းတို့၏ ဆွေမျိုး ရင်းချာ ဗမာ များကို မုန်းတီးကြပြီး တိုးပွားလာသော စစ်တကောင်း လူဦးရေကြားမှာ ၎င်းတို့၏ “ရခိုင် လူမျိုး” identify တွေပျောက်ကွယ်သွားမှာကိုလဲကို စိုးရိမ်ကြပါတယ်။ တခြားသူတွေကိုလည်း မယုံပါ ဘူး။


ဤ “မွတ်စလင်စစ်ပွဲ”၏ အန္တရာယ်ရှိသော ရှုထောင့်မှာ နိုင်ငံတကာ ရှုထောင့် ဖြစ်ပါတယ် – မူဆလင် သောင်းကျန်းသူများသည် ပါကစ္စတန်အလံကို ကိုင်ဆောင်ထားပြီး အများစုမှာ ရခိုင်ပြည်ကို ပါကစ္စ တန် နှင့် ပေါင်းစည်းရေးအတွက် အော်ဟစ်ကြွေးကြော်ခဲ့ကြပါတယ်။


ရန်ကုန်ရှိ ကြားနေသံရုံးမှ တာဝန်ရှိသူတစ်ဦးကမူ ပါကစ္စတန်က အဲ့လိုသဘောထားရှိတာ လုံးဝမှန်ပါ တယ်ဟု မကြာသေးမီက ပြောခဲ့ပါတယ် —မြန်မာနိုင်ငံ ပြိုကွဲမည်ဆိုပါက ပါကစ္စတန်က မြန်မာ့မြေကို ဝင်ရောက်လာမည် မှာလဲ သံသယ ဖြစ်စရာမရှိပါဘူး။ စစ်တကောင်း မွတ်ဆလင်တို့သည် အာရခန် (ရခိုင်) မြောက်ပိုင်းတွင် မျိုးဆက်တစ်ခုအထိ အခြေချနေထိုင်လာခဲ့ကြသည်ဆိုသော်လဲ ထိုမှာရှိတဲ့ အစ္စလာမ်ဘာသာဝင် ၁၃၀,၀၀၀ အနက် ၈၀,၀၀၀ သည် ပါကစ္စတန်နိုင်ငံသားများ ဖြစ်ကြပါတယ်။

___________________________________________________

Myanmar Informer comment:

ဒီ ၁၉၄၉ က နိုင်ငံတကာ သတင်းမှာ “စစ်တကောင်းမှ မွတ်ဆလင်များ” လို့ပဲသုံးထားပါတယ်။ ဘယ် နေရာမှာမှ ရိုဂျာ လို့မပါရှိသလို သုံးလဲ မသုံးထားပါဘူး။ အရေးကြီးသောအချက်မှာ စစ်တကောင်း မွတ်ဆလင် ၆၀ ရာခိုင်နှုန်းကျော်က ပါကစ္စတန်နိုင်ငံသားများ ဖြစ်ပါတယ်။ (တစ်နည်းကတော့ ဘင်္ဂ လားဒေ့ရှ် နိုင်ငံသားတွေပါ။)

ဘာလို့ဆို

ဒီနေ့ ပါကစ္စတန်ဆိုတာ ၁၉၄၉ တုန်းက အိန္ဒိယကခွဲထွက်ပြီးခါစ အနောက်ပါကစ္စတန် အနေနဲ့ပဲရှိ သေး တယ်။

ဒီနေ့ ဘင်္ဂလားဒေ့ရှ် ကတော့ ၁၉၄၉ တုန်းက အရှေ့ ပါကစ္စတန်အနေနဲ့ပဲရှိပါသေးတယ်။

အရှေ့ပါကစ္စတန် နဲ့ အနောက်ပါကစ္စတန် ပေါင်းလို့ “ပါကစ္စတန်” တစ်နိုင်ငံထဲအနေနဲ့ရှိနေသေးတယ်။

နောက်မှ အူရဒူ (အနောက်ပါကစ္စတန်သုံး စကား) နဲ့ ဘင်ဂါလီ (အရှေ့ ပါကစ္စတန်သုံး စကား) စကား ပြော ဘာသာစကား ပြဿနာတွေကနေစပြီး ပြဿနာစတက်ရာကနေ နောက်ပိုင်း ဘင်္ဂလားဒေ့ရှ် လွတ်မြောက်ရေးစစ်ပွဲ နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုတာ ၁၉၇၁ မှ စပေါ်လာတာပါ။

အဲ့ဒီ့ ဘင်္ဂလားဒေ့ရှ် လွတ်မြောက်ရေးစစ်ပွဲအတွင်း ဘင်္ဂါလီ ဟိန္ဒူ တွေကို စစ်ပွဲအကြောင်းပြ ကျူပင် ခုတ် ကျူငုတ်မကျန်ရှင်းတာ အရှေ့ ပါကစ္စတန် ကနေ အိန္ဒိယကို ရထားစီးထွက်ပြေးတဲ့ အရပ်သား ကလေး လူကြီး အကုန်လိုက်သတ်လို့ ရထားတစ်စီးလုံး အကုန်နီးပါး သေပါတယ်။ ဒါကို ရုပ်ရှင်ပြန် ရိုက်ထားတာရှိပါတယ်။

~ Myanmar Informer


No comments:

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */