" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, August 23, 2023

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး စမ်းသပ်အစီအစဉ်ကို မဟန့် တား ကြဖို့ ဘင်္ဂလားဒေ့ရှ်သတိပေး

VOA
ဗွီအေအို (မြန်မာပိုင်း)
၂၃ ဩဂုတ်၊ ၂၀၂၃ 

မြန်မာနိုင်ငံတွင်း စစ်တပ်ရဲ့နယ်မြေရှင်းလင်းမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်များကို ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီးတွင်တွေ့ရစဉ် (စက်တင်ဘာ ၄၊ ၂၀၁၇)
 

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး စမ်သပ်အစီအစဉ်ကို ဟန့်တားနှောက်ယှက်တာတွေ မလုပ်သင့်ဘူးလို့ ဘင်္ဂလားဒေ့ရှ် အဆင့်မြင့်အရာရှိ တဦးက ပြောလိုက်ပါတယ်။ လတ်တလောစီစဉ်နေတဲ့ စမ်းသပ်အစီ အစဉ်ဟာ အမှန်တကယ် နေရပ်ပြန်ပို့ရာမှာ ကြုံတွေ့နိုင်တဲ့ ပြဿနာတွေကိုနားလည်အောင်ရည်ရွယ် တယ်လို့လည်း နိုင်ငံခြားရေးဌာန ပြည်နယ်ရေးရာဝန်ကြီး Shahriar Alam ကဒီနေ့ပဲသတင်းထောက် တွေကို ပြောလိုက်တာပါ။ ဒါကြောင့်လည်း အစီအစဉ်ကို ဘယ်သူကမှ မဟန့်တားသင့်ဘူးလို့လည်း ပြောပါတယ်။

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ စစ်တပ်ရဲ့ စစ်ဆင်ရေးတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေး ခဲ့ ကြရတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေကို ပြန်လက်ခံဖို့ ၂ နိုင်ငံကြား အရင်ကတည်းကသဘောတူထား ပေမဲ့ လက်တွေ့ အကောင်အထည် မဖော်နိုင်ပဲ ဖြစ်နေတာပါ။ ရိုဟင်ဂျာဒုက္ခသည်တွေကတော့ မြန်မာ နိုင်ငံက လက်ရှိအခြေအနေတွေကြောင့်ရော၊ အခြေခံအခွင့်အရေး ရရှိပိုင်ခွင့်နဲ့ လုံခြုံရေး အခြေအ နေအပေါ် စိုးရိမ်မှုတွေကြောင့်ပါ နေရပ်ပြန်ရေး အစီအစဉ်အပေါ် သံသယရှိနေကြပါတယ်။

ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေကလည်း ရိုဟင်ဂျာတွေရဲ့ ဆန္ဒမပါဘဲ နေရပ်ပြန်ပို့တာ တွေ မလုပ်ဖို့ သတိပေးနေကြတာပါ။ ဘင်္ဂလားဒေ့ရှ် သံအရာရှိကတော့ ရိုဟင်ဂျာတွေ ဂုဏ်သိက္ခာ ရှိ ရှိနဲ့ လုံခြုံမှုရှိအောင် နေရပ်ပြန်နိုင်ဖို့ ရည်ရွယ်ကြောင်း ပြောဆိုထားပါတယ်။

Link : Here


No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */